ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၂၈ စာ. ၇၀-စာ. ၇၁ ပိုဒ်. ၁
  • ဗာလမ်ရဲ့မြည်း စကားပြော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဗာလမ်ရဲ့မြည်း စကားပြော
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မြည်းတစ်ကောင် စကားပြောတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • တောလည်ရာ မာတိကာ
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • တောလည်ရာကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • သင်မည်သို့ဖြေဆိုမည်နည်း
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၂၈ စာ. ၇၀-စာ. ၇၁ ပိုဒ်. ၁
ဗာလမ်ရဲ့မြည်းက ကောင်းကင်တမန်ကို တွေ့တဲ့အတွက် လမ်းပေါ် ဝပ်ချလိုက်

သင်ခန်းစာ ၂၈

ဗာလမ်ရဲ့မြည်း စကားပြော

အစ္စရေးတွေ တောကန္တာရထဲရောက်နေတာ အနှစ် ၄၀ ပြည့်တော့မယ်။ မြို့အတော်များများကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတယ်။ အခု ဂျော်ဒန်မြစ် အရှေ့ဘက်ခြမ်း၊ မောဘလွင်ပြင်မှာ စခန်းချနေကြပြီး ကတိပေးထားတဲ့ပြည်ထဲ ဝင်ခါနီးပြီ။ မောဘဘုရင် ဗာလက်က သူ့ရဲ့နယ်မြေကို သိမ်းယူကြတော့မှာပဲ ဆိုပြီး စိုးရိမ်လာတယ်။ ဒါနဲ့ အစ္စရေးတွေကို ကျိန်စာတိုက်ပေးဖို့ ဗာလမ်ကို မောဘပြည်လာဖို့ ဖိတ်ခေါ်လိုက်တယ်။

ယေဟောဝါက ဗာလမ်ကို ‘မင်း ကျိန်စာမတိုက်ရဘူး’ လို့ပြောတယ်။ ဒါနဲ့ ဗာလမ်က မလာဘူးလို့ ငြင်းလိုက်တယ်။ ဗာလက်မင်းက ဒုတိယအကြိမ် ဖိတ်ခေါ်ပြီး သူတောင်းသမျှပေးမယ်လို့ ကတိပေးတယ်။ ဗာလမ် ထပ်ငြင်းလိုက်တယ်။ ဘုရားသခင်က ‘လိုက်သွားပါ။ ဒါပေမဲ့ ငါပြောခိုင်းတာတွေကိုပဲ ပြောရမယ်’ လို့ပြောတယ်။

ဗာလမ်လည်း မြည်းစီးပြီး မောဘပြည်ကို ထွက်လာတယ်။ ယေဟောဝါက ကျိန်စာမတိုက်ဖို့ မှာထားပေမဲ့ သူကတော့ အစ္စရေးတွေကို ကျိန်စာတိုက်ဖို့ ကြံစည်ထားတယ်။ ယေဟောဝါရဲ့ ကောင်းကင်တမန်ဟာ ဗာလမ်ရှေ့ သုံးခါ ပေါ်လာတယ်။ ဗာလမ်က ကောင်းကင်တမန်ကို မမြင်ရပေမဲ့ သူ့မြည်းကတော့ မြင်တယ်။ ပထမအကြိမ်မှာ မြည်းက လမ်းဘေးဆင်းပြီး ရှောင်လိုက်တယ်။ ဒုတိယအကြိမ်မှာ မြည်းက ကျောက်တံတိုင်းဘက်ကို အတင်းတိုးကပ်သွားတော့ ဗာလမ်ရဲ့ခြေထောက် တံတိုင်းနဲ့ ညပ်သွားတယ်။ နောက်ဆုံးအကြိမ်မှာ မြည်းက လမ်းလယ်မှာ ဝပ်ချလိုက်တယ်။ မြည်းကို သုံးကြိမ်စလုံး ဗာလမ် တုတ်နဲ့ရိုက်တယ်။

တတိယအကြိမ်မှာ ယေဟောဝါက မြည်းကို စကားပြောအောင် လုပ်ခဲ့တယ်။ မြည်းက ဗာလမ်ကို ‘ငါဘာမှားလို့ ရိုက်နေတာလဲ’ ဆိုပြီး မေးတယ်။ ဗာလမ်က ‘မင်း ငါ့ကို အရူးလုပ်တာကိုး။ ဓားသာရှိရင် မင်းကို သတ်လိုက်ပြီ’ လို့ကြိမ်းတယ်။ မြည်းက ‘ငါ့ကို တစ်သက်လုံး စီးလာခဲ့တာပဲ။ ငါ အခုလို လုပ်ဖူးလို့လား’ လို့ပြန်မေးတယ်။

ယေဟောဝါက ကောင်းကင်တမန်ကို ဗာလမ် မြင်အောင် လုပ်ပေးလိုက်တယ်။ ‘အစ္စရေးတွေကို မကျိန်ရဘူးလို့ ယေဟောဝါ သတိပေးထားတယ်လေ’ လို့ ကောင်းကင်တမန် ပြောတယ်။ ဗာလမ်က ‘ကျွန်တော် မှားပါပြီ။ ကျွန်တော် အိမ်ပြန်ပါ့မယ်’ ဆိုပြီး ပြောတော့ ကောင်းကင်တမန်က ‘မောဘပြည်ကို သွားပါ။ ယေဟောဝါပြောခိုင်းတာကိုပဲ ပြောရမယ်’ လို့ မှာတယ်။

ဒီကနေ ဗာလမ် သင်ခန်းစာယူခဲ့သလား။ မယူခဲ့ဘူး။ နောက်ပိုင်းမှာ ဗာလမ်ဟာ အစ္စရေးတွေကို ကျိန်စာတိုက်ဖို့ သုံးကြိမ် ကြိုးစားခဲ့တယ်။ အကြိမ်တိုင်း ကောင်းချီးပေးတဲ့ စကားတွေပဲ ဖြစ်အောင် ယေဟောဝါ လုပ်ခဲ့တယ်။ အစ္စရေးတွေ မောဘပြည်ကို တိုက်ခိုက်ခဲ့တယ်။ နောက်ပိုင်းမှာ ဗာလမ်လည်း အသတ်ခံရတယ်။ ယေဟောဝါရဲ့စကားကို အစကတည်းက ဗာလမ် နားထောင်ခဲ့ရမှာ။

“လောဘကြီးခြင်း အမျိုးမျိုးကို သတိနဲ့ရှောင်ကြပါ။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ဟာ စည်းစိမ်ကြွယ်ဝနေရင်တောင် သူ့စည်းစိမ်က အသက်မပေးနိုင်ဘူး။”—လုကာ ၁၂:၁၅

မေးခွန်း– မောဘပြည်ကို ဗာလမ် ဘာဖြစ်လို့ သွားတာလဲ။ လမ်းမှာ ဘာဖြစ်ခဲ့သလဲ။

တောလည်ရာ ၂၂:၁–၂၄:၂၅။ ၃၁:၈။ နေဟမိ ၁၃:၂။ ၂ ပေတရု ၂:၁၅၊ ၁၆။ ယုဒ ၁၁

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ