ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၅၈ စာ. ၁၄၀-စာ. ၁၄၁ ပိုဒ်. ၃
  • ဂျေရုဆလင်မြို့ ပျက်စီးသွား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂျေရုဆလင်မြို့ ပျက်စီးသွား
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၈က မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်—သစ်ကတိုးပင်ကြီး
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
  • “အဆုံးပိုင်းကာလ” မှာ အမှုဆောင်ခြင်း
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ယေဟောဝါက လူတိုင်းကို သူတို့ရဲ့ လုပ်ရပ်နဲ့အညီ အကျိုးအပြစ်ရစေ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • ၂ခ ယေဇကျေလ—ဘဝအသက်တာနဲ့ အချိန်ကာလ
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၅၈ စာ. ၁၄၀-စာ. ၁၄၁ ပိုဒ်. ၃
ဂျေရုဆလင်မြို့နဲ့ ဗိမာန်တော် မီးလောင်နေ

သင်ခန်းစာ ၅၈

ဂျေရုဆလင်မြို့ ပျက်စီးသွား

ယုဒလူတွေဟာ ယေဟောဝါကို ခဏခဏစွန့်ပြီး တခြားဘုရားတွေကို ကိုးကွယ်တယ်။ ဒါတောင်မှ ယေဟောဝါက သူတို့ကို နှစ်အတော်ကြာ ဆက်ကူညီပေးတယ်။ သူတို့ကို သတိပေးဖို့ ပရောဖက်တွေ လွှတ်ပေးပေမဲ့ နားမထောင်ကြဘူး။ ပရောဖက်တွေကို လှောင်ပြောင်သရော်ကြတယ်။ သူတို့ ရုပ်တုတွေကိုးကွယ်နေတာကို ယေဟောဝါ ဘယ်လို အရေးယူသလဲ။

ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာဟာ တစ်နိုင်ငံပြီး တစ်နိုင်ငံကို သိမ်းပိုက်နေတယ်။ ဂျေရုဆလင်မြို့ကို ပထမဆုံးအကြိမ် အနိုင်ရတဲ့အခါ ဘုရင်ယေခေါနိ၊ မင်းညီမင်းသား၊ စစ်သား၊ လက်မှုပညာသည်တွေကို ဖမ်းပြီး ဗာဗုလုန်ကို ခေါ်သွားတယ်။ ယေဟောဝါရဲ့ ဗိမာန်တော်ထဲက ဘဏ္ဍာတွေကိုလည်း ယူသွားတယ်။ ဒီနောက် နေဗုခဒ်နေဇာဟာ ဇေဒကိကို မင်းမြှောက်လိုက်တယ်။

အစမှာတော့ ဇေဒကိဟာ နေဗုခဒ်နေဇာစကား နားထောင်တယ်။ ဒါပေမဲ့ အနီးအနားက နိုင်ငံတွေနဲ့ ပရောဖက်အတုအယောင်တွေဟာ ဗာဗုလုန်ဘုရင်ကို ပုန်ကန်ဖို့ လာပြောကြတယ်။ ယေရမိကတော့ ဒီလိုသတိပေးတယ်– ‘မင်းကြီး ပုန်ကန်မယ်ဆိုရင် ယုဒပြည်မှာ ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေး ရှိလိမ့်မယ်။’

ဇေဒကိဟာ ရှစ်နှစ်အုပ်ချုပ်ပြီးနောက် အီဂျစ်မင်းရဲ့ အကူအညီနဲ့ ဗာဗုလုန်ကို ပုန်ကန်တယ်။ အဲဒီအခါ နေဗုခဒ်နေဇာက သူ့စစ်သားတွေကို လွှတ်ပြီး ဂျေရုဆလင်မြို့ကို တိုက်ပါလေရော။ သူတို့က မြို့ကို ဝိုင်းထားတယ်။ ဒီအခါ ယေရမိက ‘မင်းကြီးသာ ဗာဗုလုန်ဘုရင်ကို အညံ့ခံရင် အသက်ချမ်းသာရမယ်။ ဒီမြို့လည်း ပျက်စီးမှာမဟုတ်ဘူး။ အညံ့မခံရင်တော့ ဗာဗုလုန်လူတွေက မြို့ကို မီးရှို့လိမ့်မယ်။ မင်းကြီးကို ဖမ်းသွားလိမ့်မယ် ဆိုပြီး ယေဟောဝါ ပြောတယ်။’ ဇေဒကိက ‘ငါအညံ့မခံဘူး’ လို့ ပြန်ပြောတယ်။

တစ်နှစ်ခွဲကြာတော့ ဗာဗုလုန်စစ်တပ်က ဂျေရုဆလင်မြို့ရိုးကို ချိုးဖောက်ဖျက်ဆီးပြီး မြို့ကို မီးရှို့လိုက်တယ်။ ဗိမာန်တော်ကိုလည်း မီးရှို့ပြီး လူတွေကို သတ်ပစ်တယ်။ လူအတော်များများကို ဖမ်းခေါ်သွားတယ်။

ဇေဒကိက ဂျေရုဆလင်မြို့ကနေ ထွက်ပြေးပေမဲ့ ဗာဗုလုန်လူတွေ လိုက်ဖမ်းတော့ ယေရိခေါမြို့နားမှာ မိသွားပြီး နေဗုခဒ်နေဇာဆီ ခေါ်လာတယ်။ နေဗုခဒ်နေဇာမင်းက ဇေဒကိရဲ့ သားတွေကို သူ့အရှေ့မှာပဲ သတ်ပစ်တယ်။ သူ့မျက်စိကိုဖောက်ပြီး ထောင်ချထားတယ်။ ထောင်ထဲမှာပဲ သူသေသွားတယ်။ ဒါပေမဲ့ ယေဟောဝါက ယုဒလူတွေကို ‘အနှစ် ၇၀ ကုန်တဲ့အခါ ဂျေရုဆလင်မြို့ကို ပြန်လာရမယ်’ ဆိုပြီး ကတိပေးတယ်။

အဖမ်းခံရပြီး ဗာဗုလုန်ကို ဖမ်းဆီးခေါ်သွားခံရတဲ့ လူငယ်တွေ ဘာဖြစ်မလဲ။ ယေဟောဝါကို သူတို့ သစ္စာရှိကြပါ့မလား။

“အနန္တတန်ခိုးရှင် ယေဟောဝါဘုရား၊ ကိုယ်တော်ရဲ့ စီရင်ဆုံးဖြတ်ချက်တွေဟာ မှန်ကန်ဖြောင့်မတ်ပါတယ်။”—ဗျာဒိတ် ၁၆:၇

မေးခွန်း– နေဗုခဒ်နေဇာဆိုတာ ဘယ်သူလဲ။ ဂျေရုဆလင်မြို့ကို သူ ဘာလုပ်လိုက်သလဲ။ ဇေဒကိဆိုတာ ဘယ်သူလဲ။

၂ ဘုရင်များ ၂၄:၁၊ ၂၊ ၈-၂၀။ ၂၅:၁-၂၄။ ၂ ရာဇဝင်ချုပ် ၃၆:၆-၂၁။ ယေရမိ ၂၇:၁၂-၁၄။ ၂၉:၁၀၊ ၁၁။ ၃၈:၁၄-၂၃။ ၃၉:၁-၉။ ယေဇကျေလ ၂၁:၂၇

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ