ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၆၁ စာ. ၁၄၆-စာ. ၁၄၇ ပိုဒ်. ၃
  • သူတို့ ဦးမချကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့ ဦးမချကြ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူတို့ ဦးကိုမချခဲ့တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • သူတို့၏ယုံကြည်ခြင်းသည် အပြင်းအထန် စမ်းသပ်ခြင်းကို ခံနိုင်၏
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ကလေးတို့ရဲ့ ဘုရားသခင် ဘယ်သူလဲ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ‘အကျွန်ုပ်တို့၏ ဘုရားသခင်သည် အကျွန်ုပ်တို့ကို ကယ်လွှတ်နိုင်တော်မူ၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၆၁ စာ. ၁၄၆-စာ. ၁၄၇ ပိုဒ်. ၃
ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့က ရွှေရုပ်တုကို ဦးမချကြ

သင်ခန်းစာ ၆၁

သူတို့ ဦးမချကြ

ရုပ်တုအကြောင်း နေဗုခဒ်နေဇာမင်းကြီး အိပ်မက်မက်ပြီးနောက်ပိုင်းမှာ ရွှေရုပ်တုကြီးတစ်ခု သူလုပ်တယ်။ အဲဒီရုပ်တုကို ဒုရလွင်ပြင်မှာ သူတည်ထားတယ်။ ပြီးတော့ ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့ အပါအဝင် တစ်နိုင်ငံလုံးက အရေးပါတဲ့ မင်းအရာရှိတွေကို အဲဒီရုပ်တုရှေ့ လာစုဝေးခိုင်းတယ်။ ပြီးတော့ ‘တံပိုး၊ ဗျပ်စောင်း၊ အိတ်ပလွေတွေ တီးမှုတ်သံကို မင်းတို့ကြားတဲ့အခါ ရုပ်တုကို ဦးချရမယ်။ ဦးမချတဲ့သူမှန်သမျှ တောက်လောင်နေတဲ့ မီးဖိုကြီးထဲ ပစ်ချခံရမယ်’ လို့ ဘုရင်မိန့်ဆိုတယ်။ ဟီဘရူးသုံးဦးဟာ ရုပ်တုကို ဦးချမလား။ ယေဟောဝါကိုပဲ ဝတ်ပြုကိုးကွယ်မလား။

ဒီနောက် တူရိယာတွေကို တီးမှုတ်ဖို့ ဘုရင် အမိန့်ပေးလိုက်တယ်။ ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါကလွဲလို့ လူအားလုံး ရုပ်တုကို ဦးချကြတယ်။ သူတို့ကို လူတချို့ သတိထားမိလို့ ဘုရင်ကို ဒီလိုပြောတယ်– ‘မင်းကြီးရဲ့ရုပ်တုကို ဟိုဟီဘရူးသုံးယောက် ဦးမချဘူး။’ ဒါနဲ့ သူတို့ကို လူလွှတ်ခေါ်ခိုင်းပြီး ဒီလိုပြောတယ်– ‘ရုပ်တုကို ဦးချဖို့ မင်းတို့ကို အခွင့်အရေး ထပ်ပေးမယ်။ ဦးမချရင် မီးဖိုထဲ ပစ်ချမယ်။ ငါ့လက်ထဲကနေ မင်းတို့ကို ဘယ်ဘုရားမှ ကယ်နိုင်မှာ မဟုတ်ဘူး။’ သူတို့က ‘နောက်ထပ် အခွင့်အရေး ပေးစရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ ဘုရားက ကျွန်တော်တို့ကို ကယ်တင်နိုင်ပါတယ်။ အိုအရှင်မင်းကြီး၊ ကျွန်တော်တို့ကို ဘုရားမကယ်ရင်တောင် ရုပ်တုကို ဦးမချနိုင်ပါဘူး’ လို့ ပြန်ဖြေတယ်။

နေဗုခဒ်နေဇာ အကြီးအကျယ် ဒေါသထွက်သွားတယ်။ ဒါနဲ့ သူ့လူတွေကို ဒီလိုပြောတယ်– ‘မီးဖိုကို ခါတိုင်းထက် ခုနစ်ဆပူအောင် မီးထိုးလိုက်။’ ပြီးတော့ စစ်သားတွေကို ဒီလို အမိန့်ပေးတယ်– ‘အဲဒီလူတွေကို ကြိုးနဲ့တုပ်ပြီး မီးဖိုထဲ ပစ်ချလိုက်။’ မီးဖိုက ပူလွန်းလို့ စစ်သားတွေ မီးဖိုနားရောက်တဲ့အခါ မီးဟပ်ပြီး ချက်ချင်းသေကုန်တယ်။ ဟီဘရူးသုံးယောက် မီးဖိုထဲ ကျသွားတယ်။ မီးဖိုထဲကို နေဗုခဒ်နေဇာ ကြည့်လိုက်တဲ့အခါ လူလေးယောက် လမ်းလျှောက်နေတာ တွေ့လိုက်တယ်။ သူ အတော်လေး ထိတ်လန့်သွားပြီး အရာရှိတွေကို ဒီလိုပြောတယ်– ‘မီးဖိုထဲကို ပစ်ချတာ လူသုံးယောက် မဟုတ်လား။ ဘယ့်နှယ့် လူလေးယောက် တွေ့နေရတာလဲ။ သူတို့ထဲက တစ်ယောက်ဟာ ကောင်းကင်တမန်နဲ့ တူတယ်။’

နေဗုခဒ်နေဇာက မီးဖိုနားသွားပြီး ဒီလို အော်ခေါ်လိုက်တယ်– ‘အမြင့်ဆုံးဘုရားရဲ့ ကျေးကျွန်တို့၊ မီးဖိုထဲက ထွက်လာကြပါ။’ လူအားလုံး အံ့သြတကြီးနဲ့ ကြည့်နေတုန်း ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့ဟာ ထိခိုက်ဒဏ်ရာ ဘာမှမရှိဘဲ မီးထဲကနေ ထွက်လာတယ်။ သူတို့ရဲ့ အသား၊ ဆံပင်၊ အဝတ်အစားတွေက မီးမလောင်တဲ့အပြင် မီးနံ့တောင် မရဘူး။

ဒီနောက် နေဗုခဒ်နေဇာ ဒီလိုပြောတယ်– ‘ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့ရဲ့ ဘုရားဟာ သိပ်ကြီးမြတ်တယ်။ ကောင်းကင်တမန်ကို စေလွှတ်ပြီး သူတို့ကို ကယ်တင်တယ်။ သူတို့ဘုရားနဲ့ တူတဲ့ဘုရား လုံးဝမရှိဘူး။’

ဟီဘရူးသုံးယောက်လို ယေဟောဝါကို သစ္စာရှိမယ်လို့ ဆုံးဖြတ်ထားသလား။

ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့က ထိခိုက်ဒဏ်ရာ ဘာမှမရှိဘဲ မီးဖိုထဲကနေ ထွက်လာတာကို တွေ့လို့ ဘုရင်နေဗုခဒ်နေဇာ ထိတ်လန့်သွား

“ယေဟောဝါဘုရားကို ကိုးကွယ်ရမယ်။ ကိုယ်တော်တစ်ပါးတည်းကိုပဲ ဝတ်ပြုရမယ်။” —မဿဲ ၄:၁၀

မေးခွန်း– ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့ဟာ ဘာလုပ်ဖို့ ငြင်းဆိုသလဲ။ ယေဟောဝါက သူတို့ကို ဘယ်လို ကယ်တင်သလဲ။

ဒံယေလ ၃:၁-၃၀

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ