ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၂/၁ စာ. ၃၀
  • ဆေးရွက်ကြီးနှင့် ဓမ္မဆရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆေးရွက်ကြီးနှင့် ဓမ္မဆရာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့ ဆေးလိပ်သောက်တာ၊ မသောက်တာက ဘုရားသခင်အတွက် အရေးကြီးသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆေးလိပ်သောက်တာ အပြစ်လား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၂/၁ စာ. ၃၀

ဆေးရွက်ကြီးနှင့် ဓမ္မဆရာ

လွန်ခဲ့သော နှစ်ပေါင်း ၁၁၅ နှစ်က ဆေးဘက်ဆိုင်ရာဆရာဝန်ဂျောန် ကောဝန်သည် The Use of Tobacco vs. Purity, Chastity and Sound Health အမည်ရှိ စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပါသည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ဆေးရွက်ကြီး၏ဥပါဒ်ပေးမှုနှင့်ပတ်သက်၍ သိရှိလာခဲ့သမျှအရ ယင်းကို ဓမ္မဆရာများ သုံးစွဲခြင်းအကြောင်း ပြောဆိုချက်တို့သည့် အမြော်အမြင်ရှိကာ ယနေ့ ဘုရားသခင့်အမှုတော်ထမ်းလိုသူတို့နှင့်လည်း သက်ဆိုင်နေပါသည်။ ဆေးရွက်ကြီးသုံးစွဲခြင်းအတွက် စာရိတ္တကို မည်သို့ဂယက်ရိုက်ကြောင်း တင်ပြသည့် အခန်း ၄ တွင် ဒေါက်တာကောဝန် ဤသို့ဆိုသည်။

“ရှင်းလင်းပြတ်သားစွာ ဖော်ပြထားနှင့်ပြီဖြစ်သည်အတိုင်း ဆေးရွက်ကြီးအသုံးပြုခြင်းသည် ကိုယ်ကာယကို ထိခိုက်မည်ဆိုလျှင် စာရိတ္တအတွက်လည်း ကောင်းလိမ့်မည်မဟုတ်သည်ကား အမှန်ပင်။ အကြောင်းမှာ ‘ခန္ဓာကိုယ်ကိုပျက်ပြားစေသည့်၊ သို့မဟုတ် ထိခိုက်စေသည့် မည်သည့်အရာမဆိုသည် နာဗ်ကြောများကိုပျက်ပြားစေ၍ ယင်းမှတစ်ဆင့် ဦးနှောက်၊ သို့ဖြစ်၍ စိတ်ထားကိုပါ ပျက်ပြားစေ၏။’ ခန္ဓာကိုယ်ကို အသုံးပြုပုံ၊ အလွဲသုံးစားပုံအားဖြင့် လူ့စိတ်ထားဖြစ်သည့် သူ၏အကြံအစည်၊ သူ၏တင်ပြပြောဆိုပုံ၊ သူ့လုပ်ရပ်များသည် ဩဇာညောင်းခံရပါသည်။ ဆေးရွက်ကြီးအမည်ကိုယ်နှိုက်နှင့် ယင်း၏ဆက်နွယ်မှုများသည် ညစ်ညမ်းပြီး ယင်း၏ဥပါဒ်ပေးမှုကို လျစ်လျူရှုပါက သန့်ရှင်းစင်ကြယ်၊ မျှတ၍ ကျင့်ဝတ်ဆိုင်ရာခံစားချက်များနှင့် အကျင့်အကြံတို့သည် စိတ်သဘောတွင် မည်သို့ပေါက်ဖွားဖွံ့ဖြိုးလာနိုင်မည်နည်း။ ထို့ပြင် ခရစ်တော်သည် ကမ္ဘာပေါ်တွင် သန့်ရှင်းစင်ကြယ်ခြင်း၊ ချစ်ခြင်းမေတ္တာအကြောင်း သွန်သင်ဟောပြောကာ ပုံသက်သေကောင်းပြနေစဉ် တစ်ချိန်တည်း ဆေးလိပ်သောက်မည်၊ ရှူမည်၊ ဝါးမည်ဟု မှတ်ယူနိုင်ပါမည်လော။ ဤသို့တွေးတောရုံတွေးတောခြင်းဖြင့်ပင် ပြစ်မှားပြီဟု မထင်ရသလော။ သို့ဖြစ်၍ပင် ဓမ္မအမှုဆောင်များဖြစ်ကြသည့် တပည့်နောက်လိုက်များ၊ တရားဟောဆရာများ၊ ကိုယ်တော်၏ပညတ်တရားနှင့် မူဝါဒများကို ဟောပြောသွန်သင်သူများသည် သူတို့ခန္ဓာကိုယ်များ၊ သူတို့ဝိညာဉ်စိုးလ်တို့ကို ဤညစ်ညမ်းသော အဆိပ်ဖြစ်စေသည့်ဆေးလိပ်ကို သုံးစွဲ၍ ညစ်ပတ်ပျက်ယွင်းစေသည်။ ဤကဲ့သို့သောသူများ၊ သို့မဟုတ် သူတို့၏တပည့်နောက်လိုက်များသည် ခရစ်တော်ကဲ့သို့ စာရိတ္တမြင့်မားသော ဘဝအသက်တာများ ရှိနိုင်ကြပါမည်လော။ အကျွန်ုပ်မထင်ပါ။

“စားကြူးသူ၊ အရက်သောက်ကြူးသူ၊ ဆေးရွက်ကြီးသုံးစွဲသူကို စိတ်နှလုံးသန့်ရှင်းဖြူစင်သူတစ်ဦးဟု ယူမှတ်နိုင်ပါမည်လော။ ဤသို့မှတ်ယူခြင်းသည် ယုတ္တိမရှိ၊ အော့နှလုံးနာစရာဖြစ်သည်။ ကိုယ်ခန္ဓာ၏ အာသီသများ၊ အာရုံခံစားချက်များသည် ယုတ်ညံ့ဆိုးရွားသည့်အလျောက် အတွင်းလူ၊ စာရိတ္တသဘောပါအပါအဝင် ညစ်ညမ်းကြမ်းတမ်းလိမ့်မည်။ ဖြူစင်သောသဘောထားသည် ညစ်ညူးပေရေသောအိမ်တွင် မနေနိုင်ပါ။ ရုပ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးဆိုင်ရာ အရာများစပ်ကြား အလိုအလျောက် ဆက်စပ်မှုရှိသည့်အတွက် တစ်ခု၏အရည်အသွေးသည် အခြားတစ်ခု၏ဂုဏ်အင်္ဂါကို ထင်ရှားစေသည်။ ဘာသာရေး၏ ပါမောက္ခလည်းဖြစ်၊ ဆေးရွက်ကြီး၏ ကျေးကျွန်လည်းဖြစ် . . . ဆေးရွက်ကြီးသုံးစွဲခြင်းသည် ဆိုးရွားသောအကျင့်၊ ကိုယ်ကျင့်တရားမရှိကြောင်း စိတ်ရင်းမှန်ဖြင့် ပွင့်လင်းစွာဝန်ခံမည်ဖြစ်သော်လည်း သူ၏ကိုယ်တွင်းရှိ ကိုယ်အင်္ဂါတရားတစ်ပါးသည် သဘာဝကိုဆန့်ကျင်ကာ အတောမသတ်နိုင် အာသာငမ်းငမ်းဖြင့် ဆက်ကျင့်ကြံရန် လှုံ့ဆော်ပေးနေကြောင်း၊ သဘာဝကိုဆန့်ကျင်သည့် ဤတရားသည်လည်း သူ၏ပင်ကိုယ်ဆင်ခြင်တွေးတောပုံနှင့် သူ၏သြတ္တပ္ပစိတ်တို့ထက် ပြင်းပြနေပေမည်။ ကျွန်ုပ်တို့ကိုတည်ဆောက်ပုံတွင် အပါအဝင်ဖြစ်သော ပညတ်များအနက် ပညတ်တော်တစ်ခုကို ဆေးရွက်ကြီးသုံးစွဲခြင်းသည် ထင်ရှားသောချိုးဖောက်မှုတစ်ခု မဟုတ်သလော။ ဘုရားသခင်၏ မည်သည့်ပညတ်ချက်ကိုမဆို ချိုးဖောက်ခြင်းသည် အပြစ်ကျူးလွန်ခြင်း မဟုတ်ပါသလော။ ဘုရားသခင့်ပညတ်တစ်ခုကို ကျူးလွန်နေမြဲကျူးလွန်နေသူသည် အခြားပညတ်ချက်များကိုလည်း ချိုးဖောက်ဖို့ရန် အလိုအလျောက်လွယ်ကူသွားပေလိမ့်မည် မဟုတ်လော။ နောက်ဆုံးအနေနှင့် ကိုယ်ကျင့်တရားမရှိ အမြဲအပြစ်ကျူးလွန်နေသူသည် သီလမြှင့်တင်ပေးသော ဆရာသမားတစ်ဦးအဖြစ် မည်သို့အခေါ်ခံနိုင်ပါမည်နည်း။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ