ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၃/၁ စာ. ၂၄-၂၅
  • ရွှင်လန်းလော့၊ ကြိတ်ဆုံများတွင် ဆီပြည့်လျှံလျက်နေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရွှင်လန်းလော့၊ ကြိတ်ဆုံများတွင် ဆီပြည့်လျှံလျက်နေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • မြေထဲပင်လယ်ဒေသမှ ရွှေဝါရောင်ဆီ
    နိုးလော့!—၂၀၀၈
  • ဘုရားသခင်၏ အိမ်တော်၌ စိမ်းလန်းသောသံလွင်ပင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ခုတ်လှဲခံရတဲ့ သစ်ပင် အညှောက် ပြန်ပေါက် နိုင်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၃/၁ စာ. ၂၄-၂၅

ကတိထားရာပြည်မှ မြင်ကွင်းများ

ရွှင်လန်းလော့၊ ကြိတ်ဆုံများတွင် ဆီပြည့်လျှံလျက်နေ

‘ဇိအုန်မြို့သားတို့သည် ဝမ်းမြောက်၍ ယေဟောဝါ၌ ရွှင်လန်းကြရမည်’ အကြောင်း ပရောဖက်ယောလကြွေးကြော်ခဲ့သည်။ သူတို့၏ရွှင်လန်းမှုနှင့် စည်းစိမ်ချမ်းသာကို ပုံဖော်ပြရန် သံလွင်ဆီကိုသူအသုံးပြုခဲ့သည်။ “ကောက်နယ်တလင်းတို့သည် စပါးနှင့်ပြည့်၍ အသီးနယ်ရာကျင်းတို့၌လည်း စပျစ်ရည်နှင့်ဆီ လျှံကြလိမ့်မည်။”—ယောလ ၂:၂၃၊ ၂၄။

ကျမ်းစာခေတ်က ဣသရေလနိုင်ငံတွင်သင်အသက်ရှင်ခဲ့ပါက အထက်ပုံပါအတိုင်း သင့်အိမ်နားတွင် သို့မဟုတ် သင့်လယ်ကွင်းထဲတွင် သံလွင်ပင်ရှိပါက သင်ပျော်ရွှင်ပေလိမ့်မည်။aယင်းက သင့်ဘဝကို ပို၍အဆင်ပြေချောမွေ့စေမည်။ သံလွင်ပင်သည် အဘယ့်ကြောင့်ဤမျှအရေးပါရသနည်း။—တရားသူကြီး ၉:၈၊ ၉ နှိုင်းယှဉ်။

ပထမဦးဆုံး သင့်အပင်ကိုကောင်းစွာကြည့်လိုက်ပါ။ သံလွင်ပင်သည် ရာစုနှစ်ပေါင်းများစွာအသက်ရှင်နိုင်ပြီး အချို့တို့သည် နှစ်ပေါင်းတစ်ထောင်ကျော်ပင်ရှိကြရာ ပင်စည်တွင် အဖုအထစ်များနှင့် မွဲခြောက်ခြောက်အရောင်တို့ကို စစ်ဆေးတွေ့ရှိနိုင်သည်။ သင့်အပင်သည် ပေ ၂၀ အထိမြင့်တက်သွားနိုင်သည်။ သို့သော် အာရဇ်ပင် (စီဒါ) ကဲ့သို့ မိုးထိုးတက်မသွား၊ စွန်ပလွံပင်ကဲ့သို့လည်း ငွားငွားစွင့်စွင့်မဟုတ်ချေ။ ယင်း၏အမြဲစိမ်းလန်းပြီး ငွေရောင်ပြိုးပြက်သောအရွက်များသည် တစ်နှစ်တာပတ်လုံးအရိပ်ကိုပေးနိုင်သည်။ သို့တိုင် အခြေခံအားဖြင့် သင့်အပင်၏အမြင်နှင့်အရိပ်တို့အားဖြင့် ယင်း၏တန်ဖိုးကိုသင်မဆုံးဖြတ်နိုင်သေးပါ။

အစိမ်းရောင် သို့မဟုတ် အနက်ရောင်ထောင်ပေါင်းများစွာသီးတတ်သော သံလွင်သီးသည်သာ အခရာပင်။ ယင်းတို့က သံလွင်ပင်ကို ဣသရေလနိုင်ငံတွင် အသက်တာနှင့်လုပ်ကိုင်ဆောင်ရွက်မှုများအတွက် အဓိကရဖြစ်စေသောအရာများဖြစ်သည်။ မေလရောက်သောအခါ သံလွင်သီးများသီးရန်ပြင်ဆင်သောအားဖြင့် အပင်သည် အပွင့်များဝေဆာလျက်ရှိသည်။ (ယောဘ ၁၅:၃၃) အသီးများရင့်မှည့်လာသောအခါ စိမ်းဝါရောင်မှ ညိုပုပ်ပုပ်အရောင် သို့မဟုတ် အနက်ရောင်ပြောင်းသွားသည်။

အောက်တိုဘာ/နိုဝင်ဘာလများတွင် သံလွင်သီးဆွတ်သိမ်းရခြင်းသည် ပင်ပန်းသောအလုပ်ဖြစ်သည်။ အပင်ခြေရင်းတစ်ဝိုက်တွင် ဖြန့်ခင်းထားသောပိတ်များပေါ်သို့ သံလွင်သီးအမှည့်များကြွေကျရန် အပင်ကိုတုတ်ဖြင့်ရိုက်ရသည်။ (တရားဟောရာ ၂၄:၂၀) သံလွင်သီးကို ဘာမျှမလုပ်မီ အလျင်ဆေးရသည်။ ပင်ကိုယ်အခါးဓာတ်များပျောက်သွားရန် ဆားရည်ထဲတွင်နှစ်မြုပ်ထားရသည်။ ပြီးနောက်ဘာလုပ်သနည်း။

ယင်းက သင်စားသုံးမည် သို့မဟုတ် ကြွယ်ဝသောသင့်ဆွတ်သိမ်းခြင်းမှ အမြတ်အစွန်းရလိုသည် ဟူသည့်အပေါ်မူတည်သည်။ သံလွင်သီးကို လက်ရှိအတိုင်းစားနိုင်သည်။ သို့မဟုတ်ပါက မိသားစုလိုက်လပေါင်းများစွာစားသုံးနိုင်ရန် သနပ်လုပ်ထားနိုင်သည်။ သံလွင်သီးသည် အဓိကအစာအာဟာရများတွင် အပါအဝင်ဖြစ်နိုင်သည်။ စားသောက်ပွဲတစ်ခုတွင် ဘာလီနှင့်လုပ်သောကိတ်မုန့်နှင့်အတူ အနံ့အရာသာပြည့်စုံသောသံလွင်သီးလည်းပါသည်။

သံလွင်သီးကို လိုအပ်သောအတိုင်းအတာထိ များများစားစားထည့်လိုက်လျှင် အလွန့်အလွန်အသုံးဝင်ပြီး အလွန်တန်ဖိုးရှိသောရောင်းကုန်ဖြစ်လာသည်။ ယင်းမှာ သံလွင်ဆီဖြစ်သည်။ ဆီအတန်းအစားအမျိုးမျိုးကိုရနိုင်ပြီး ယင်းတို့ကို နည်းအမျိုးမျိုးအသုံးပြုနိုင်သည်။ ပထမတွင် သံလွင်သီးမှည့်များကို ဆုံတွင်ထည့်ပြီး ခပ်သာသာထုထောင်းမည် သို့မဟုတ် ဖိချေမည်။ ခြေဖြင့်ပင်နင်းမည်။ (မိက္ခာ ၆:၁၅) ထိုအခါ ထိပ်တန်းဆီသန့်ဟုခေါ်သော အကောင်းဆုံးသောဆီကိုရမည်။ တဲတော်တွင်ထွန်းသော မီးခွက်များတွင်သုံးရန် သင့်လျှော်သည်။ (ထွက်မြောက်ရာ ၂၅:၃၇။ ၂၇:၂၀၊ ၂၁) အထူးအခါသမယများတွင် ဤလက်ရွေးစင်ဆီဖြင့်ချက်ပြုတ်ရခြင်းကို သင်မည်မျှသဘောကျမည်ကိုစဉ်းစားကြည့်ပါဦး။

အညံ့စားသံလွင်သီး၏ အသီးဖတ်ကိုပင် ကြိတ်ဆုံတွင်ထည့်ညစ်ပါက အညံ့စားဆီများစွာထပ်မံရရှိနိုင်သည်။ အသီးဖတ်သည် ဆီ ၅၀ ရာခိုင်နှုန်းခန့်ရှိသည်။ ပုံစံအမျိုးမျိုးသောကြိတ်ဆုံကိုအသုံးပြုနိုင်သော်လည်း တစ်မျိုးကို ဤတွင်သရုပ်ပြထားသည်။ လုံးလုံး သို့မဟုတ် တချို့တစ်ဝက်ကြေနေသောသံလွင်သီးများကို စည်ဝိုင်းများတွင်ထည့်ကြသည်။ လူ သို့မဟုတ် မြည်းဖြင့်ဆွဲရသော ကြိတ်ဆုံကျောက်တစ်ခုက ယင်းတို့အပေါ်လိမ့်သွားပြီးဆီကိုညှစ်ပေးရာ ထွက်လာသောဆီများကို ကရားထဲတွင်ထည့်ထားကြသည်။—မဿဲ ၁၈:၆။

သံလွင်ဆီသည် ရွှေအရည်နှင့်ခပ်ဆင်ဆင်ဖြစ်သည်။ တန်ဖိုးအလွန်ကြီးပြီး အမျိုးမျိုးအသုံးဝင်သည်။ အပင်တစ်ပင်သည် လူငါးဦးခြောက်ဦးရှိသောမိသားစုတစ်ခုအတွက် တစ်နှစ်စာဆီဖူလုံစေနိုင်သည်။ ယင်းသည် သူတို့၏အဓိကအစားအစာတွင်ပါဝင်ပြီး အလွယ်တကူအစာကြေချက်နိုင်ကာ အလွန်အားရှိစေသည်။ (ယေရမိ ၄၁:၈။ ယေဇကျေလ ၁၆:၁၃ နှိုင်းယှဉ်။) ဆီအနည်းငယ်ကို လိမ်းကျံခြယ်သခြင်းအားဖြင့် အလှကုန်ပစ္စည်းအဖြစ်အသုံးပြုနိုင်သကဲ့သို့ ဧည့်သည်၏ခေါင်းပေါ်အနည်းငယ်လောင်းပေးခြင်းအားဖြင့် ဧည့်ဝတ်ကျေပွန်ကြောင်းလည်း တင်ပြနိုင်သည်။ (၂ ဓမ္မရာဇဝင် ၁၂:၂၀။ ဆာလံ ၄၅:၇။ လုကာ ၇:၄၆) အနာကိုခြောက်စေနိုင်သောဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။—ဟေရှာယ ၁:၆။ မာကု ၆:၁၃။ လုကာ ၁၀:၃၄။

သံလွင်ဆီသုံးပုံသုံးနည်းသည် ကုန်သည်ဟူ၍မရှိပါ။ သင့်အိမ်တွင် ဘုရားသခင်အားယဇ်ပူဇော်ခြင်း၏ တစ်စိတ်တစ်ဒေသဖြစ်သော မီးထွန်းခြင်းတွင်အသုံးပြုနိုင်သေးသည်။ သို့မဟုတ် အမြတ်အစွန်းရနိုင်သည့်ကုန်သွယ်မှုတွင်လည်း ရောင်းကုန်ပြုလုပ်နိုင်သည်။ မှန်ပါသည်။ ကျမ်းစာခေတ်က သံလွင်ပင်သည် တန်ဖိုးအရှိဆုံးအပင်ဖြစ်ခဲ့သည်။ ထို့ကြောင့် ယင်းကို စည်းစိမ်ချမ်းသာနှင့် ရွှင်လန်းမှုတို့ကိုပုံဆောင်ရန် ယောလ ဆီလျော်စွာအသုံးပြုနိုင်ခဲ့ခြင်းဖြစ်သည်။—တရားဟောရာ ၆:၁၁။ ဆာလံ ၅၂:၈။ ယေရမိ ၁၁:၁၆။ မဿဲ ၂၅:၃-၈။

[အောက်ခြေမှတ်ချက်များ]

a ပုံကြီးချဲ့ထားသည့် ဤမြင်ကွင်းကို 1993 Calendar of Jehovah’s Witnesses တွင် ရှု။

[Picture Credit Line on page 24]

Pictorial Archive (Near Eastern History) Est.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ