ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၇/၁ စာ. ၂၄-၂၅
  • အသက်တမျှအဓိပ္ပာယ်ရှိသော ရေတွင်းရှိရာ—ဗေရရှေဘ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသက်တမျှအဓိပ္ပာယ်ရှိသော ရေတွင်းရှိရာ—ဗေရရှေဘ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်တဲ့ဝတ်ပြုရေးအတွက် ကြိုးစားအားထုတ်မှုလို
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
  • ထာဝရအသက်ရှင်ခြင်း အလို့ငှာ ထွက်သောစမ်းရေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သိနာအရပ်၌ ဣသရေလလူမျိုးကို ကိုယ်တော်ထောက်ပံ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ကမ္ဘာလောကသည် ရေပြတ်လပ်လျက်ရှိသလော
    နိုးလော့!—၂၀၀၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၇/၁ စာ. ၂၄-၂၅

ကတိထားရာပြည်မှ မြင်ကွင်းများ

အသက်တမျှအဓိပ္ပာယ်ရှိသော ရေတွင်းရှိရာ—ဗေရရှေဘ

“ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင်”။ ယင်းသည် သမ္မာကျမ်းစာ ဖတ်ရှုသူများအတွက် အကျွမ်းဝင်သော စကားစုဖြစ်သည်။ ယင်းသည် ဣသရေလအားလုံး၊ မြောက်ပိုင်းနယ်စပ်ဒန်မှ တောင်ပိုင်းဗေရရှေဘတိုင်အောင်ကို ဖော်ညွှန်းသည်။ ရှောလမုန်အုပ်ချုပ်ရေး၏ ငြိမ်းအေးမှုကို ဤသို့ပုံတင်ပြခဲ့သည် - “လက်ထက်တော်ကာလပတ်လုံး ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် အသီးအသီး မိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်းပင်အောက်မှာ ငြိမ်ဝပ်စွာနေရကြ၏။”—၃ ရာ ၄:၂၅။ သူကြီး ၂၀:၁။

သို့သော် ဒန်နှင့်ဗေရရှေဘ၏ ကွာဟမှုသည် ယင်းတို့၏ အကွာအဝေးထက်မက ပိုသက်ဆိုင်သည်။ ဥပမာ၊ ဒန်သည် မိုးရေဖောသီစွာ ရရှိသည်။ ယာဘက်ပုံတွင် မြင်တွေ့ရသည့်အတိုင်း ယော်ဒန်မြစ်၏ မြစ်ဖျားခံရာတစ်ခုဖြစ်ရန် ရေစီးဆင်းစုဝေးသည့်နေရာဖြစ်သည်။ ဗေရရှေဘနှင့် ကွာခြားလှပါသည်တကား။ ယင်းသည် ပင်လယ်ကမ်းခြေနှင့် ပင်လယ်သေ၏ တောင်ဘက်စွန်းတွင်တည်ရှိသော ခြောက်သွေ့သည့်ဒေသတွင်တည်ရှိသည်။

ဗေရရှေဘတွင်၊ နှစ်စဉ်မိုးရွာသွန်းမှုသည် ခြောက်မှရှစ်လက်မအထိသာရှိသည်။ ယင်းကိုသိရှိလျက် အထက်ပါ တဲလ် သို့မဟုတ် ဗေရရှေဘ၏ကုန်းကို ကြည့်ပါလေ။a သင်မြင်တွေ့ရသော အစိမ်းသည် ဗေရရှေဘတစ်ဝိုက်ရှိ လယ်ကွင်းများ ခေတ္တစိမ်းလန်းသော ဆောင်းရာသီ၏အကန့်အသတ်ရှိသောမိုး ရွာသွန်းပြီးနောက် ဓာတ်ပုံရိုက်ထားခြင်းကို ဖော်ပြသည်။

ဒေသသည် ခြောက်သွေ့သောကြောင့် ဗေရရှေဘအကြောင်း သမ္မာကျမ်းစာမှတ်တမ်းက ရေတွင်းများနှင့် ရေပိုင်ဆိုင်မှုကို အလေးပေးဖော်ပြသည်။ ထိုမြို့သည် တောင်ဘက်စွန်းပိုင်း ကန္တာရတောကို ဖြတ်သန်းရာလမ်းများ (ဝါ) ကန္တာရလမ်းအနီးတွင် တည်ရှိသည်။ သင်စဉ်းစားကြည့်နိုင်သည့်အတိုင်း ဤနေရာတွင် ဖြတ်သန်းရပ်နားသူများသည် မိမိတို့နှင့်မိမိတို့၏ တိရစ္ဆာန်များအတွက် ရေလိုအပ်မည်။ ယင်းရေသည် ဒန်မှာကဲ့သို့ မြေကြီးမှစိမ့်ထွက်လာမည်မဟုတ်ဘဲ ရေတွင်းများမှရရှိမည်။ အမှန်တွင်၊ ဟေဗြဲစကားလုံး ဘီ’ယာʹ သည်မြေအောက်ရေကို ထုတ်ယူရာတွင်း သို့မဟုတ် တူးထားသောအပေါက်ကို ရည်ညွှန်းသည်။ ဗေရရှေဘသည် “ကျိန်ဆိုရာရေတွင်း” သို့မဟုတ် “ခုနစ်၏ရေတွင်း” ဟုအဓိပ္ပာယ်ရသည်။

အာဗြဟံနှင့်သူ၏မိသားစုသည် ဗေရရှေဘနှင့်ဝန်းကျင်တွင် ကြာမြင့်စွာနေထိုင်ခဲ့ပြီး ရေတွင်းများ၏ အရေးကြီးပုံကို သူတို့သိရှိခဲ့သည်။ စာရာ၏ကျွန်မ ဟာဂရသည် ကန္တာရတောသို့ပြေးခဲ့စဉ် သူမသည်ရေကို ရေတွင်းများ သို့မဟုတ် နောက်စာမျက်နှာတွင် ဆိုင်းနိုင်းကျွန်းဆွယ်မှ ရေခပ်နေသော ဘက်ဒိုယံအမျိုးသမီးကဲ့သို့ ယင်းတို့ကိုအသုံးပြုသော ဘက်ဒိုယံများထံမှ ရယူရန် ကြံရွယ်ပေမည်။ အာဗြဟံသည် ဟာဂရကို သူ၏နိုင်ထက်စီးနင်းပြုသော သားနှင့်အတူ နှင်ထုတ်ခဲ့ရစဉ်က ကြင်နာစွာဖြင့် ရေများပေးခဲ့သည်။ ထိုရေကုန်သွားပြီးနောက် ဘာဖြစ်ခဲ့သနည်း။ “ထိုအခါ ဘုရားသခင်သည် ဟာဂရ၏ မျက်စိကို ဖွင့်တော်မူသဖြင့် သူသည်ရေတွင်းကို မြင်လေသော် သွား၍ဘူးကိုရေဖြည့်ပြီးလျှင် လုလင်အားရေကိုတိုက်လေ၏။”—ကမ္ဘာဦး ၂၁:၁၉။

အာဗြဟံသည် ဟာဂရ၏ ရေဘူးကိုဖြည့်ရန် ဘယ်ကရေရသနည်း။ သူ မန်ကျည်းပင်စိုက်ခဲ့သည့်နေရာအနီး သူတူးခဲ့သော ရေတွင်းကဖြစ်နိုင်သည်။ (ကမ္ဘာဦး ၂၁:၂၅-၃၃) အာဗြဟံသည် မန်ကျည်းပင်စိုက်ရန် ရွေးချယ်ခြင်း၏ သင့်လျော်ပုံကို ယခုသိပ္ပံပညာရှင်များ မြင်ကြသည်၊ အကြောင်းမှာ ဤသစ်ပင်သည် ရေငွေ့ကုန်ခမ်းမှုနည်းသော အရွက်ငယ်များရှိခြင်းကြောင့် ဤဒေသတွင် ခြောက်သွေ့သော်လည်း ကြီးထွားနိုင်သည်။—အောက်ဘက်ပုံကိုရှု။

အာဗြဟံ ရေတွင်းတူးခြင်းကို သူနှင့်ပါလက်စတိုင်းဘုရင်တစ်ပါး ငြင်းခုံမှုနှင့်ဆက်နွယ်၍ ဖော်ပြထားခဲ့သည်။ ယေဘုယျ ရေရှားခြင်းနှင့် ရေတွင်းနက်တူးရာတွင် လိုအပ်သောလုပ်အားကြောင့် ရေတွင်းသည်တန်ဖိုးရှိ ပစ္စည်းတစ်ခုဖြစ်သည်။ အမှန်တွင်၊ ထိုစဉ်က ရေတွင်းတစ်တွင်းကို ခွင့်ပြုချက်မရရှိဘဲ အသုံးပြုခြင်းသည် ပိုင်နက်ကျူးကျော်ခြင်းဖြစ်သည်။—တောလည်ရာ ၂၀:၁၇၊ ၁၉ နှိုင်းယှဉ်။

ဗေရရှေဘကုန်းကို သင်လည်ပတ်ပါက အရှေ့တောင်ဘက် ဆင်ခြေလျောရှိ နက်ရှိုင်းသောရေတွင်းကို စေ့စေ့ကြည့်ပါလေ။ မာကျောသော ကျောက်တုံးများကို မည်သည့်အချိန်က ဦးဆုံးဖောက်ထွင်းပြီး ယင်း၏အထက်ပိုင်း (အောက်ပုံကိုရှု) ကိုကျောက်ခဲများဖြင့်ခိုင်ခံ့အောင် ပြုလုပ်ထားခြင်းကို မည်သူမျှမသိချေ။ မျက်မှောက်ခေတ် ရှေးဟောင်းသုတေသန ပညာရှင်များသည် အောက်ဘက်ပေ ၁၀၀ ခန့်အထိရှင်းလင်းခဲ့ရာ အောက်ခြေသို့ မရောက်သေးချေ။ သူတို့မှတစ်ဦးက ဤသို့သုံးသပ်သည် - “ဤရေတွင်းသည် အာဗြဟံနှင့် အဘိမလက်တို့ ပဋိညာဉ်ပြုသည့် ‘ကျိန်ဆိုရာရေတွင်း’ . . . ဟုယူမှတ်ရန် အကြောင်းများနေသည်။”—Biblical Archaeology Review.

ဗေရရှေဘသည် နောက်ပိုင်းသမ္မာကျမ်းစာခေတ်တွင် ကျယ်ပြန့်လာပြီး ကြီးမားသောဂိတ်တံခါးဖြင့် ခိုင်ခံ့သောမြို့ကြီးဖြစ်လာခဲ့သည်။ သို့သော်ယင်း၏တည်ရှိမှုနှင့် အောင်မြင်မှု၏သော့ချက်သည် ယင်း၏နက်ရှိုင်းသော ရေတွင်းများမှ အရေးပါသောရေပင်တည်း။

[အောက်ခြေမှတ်ချက်များ]

a ပုံကြီးချဲ့ထားသည့် တဲလ် ဗေရရှေဘရုပ်ပုံကို 1993 Calendar of Jehovah’s Witnesses တွင် ကြည့်ရှုနိုင်ပါသည်။

[Picture Credit Line on page 24]

Pictorial Archive (Near Eastern History) Est.

[Picture Credit Line on page 25]

Pictorial Archive (Near Eastern History) Est.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ