ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၆/၁ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ‘သခင်၊ ဆုတောင်းခြင်းငှာ အကျွန်ုပ်တို့အား နည်းပေးတော်မူပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ဘုရားသခင့်နိုင်ငံတော်အဘက်ဘက်တွင် သာလွန်ကောင်းမွန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၆/၁ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

တစ်ခါတစ်ရံ ညီအစ်ကိုများသည် ဘုရားသခင်၏နိုင်ငံတော် မြေကြီးသို့လာပါစေဟု ပြောဆို သို့မဟုတ် ဆုတောင်းကြသည်ကို ကြားရပါသည်။ ၎င်းသည် မှန်ကန်သောအသုံးအနှုန်းဖြစ်ပါသလော။

အမှန်အတိုင်းဆိုရလျှင် ၎င်းသည် ကျမ်းစာအသုံးအနှုန်းမဟုတ်ချေ။ ဘုရားသခင်၏နိုင်ငံတော်သည် ကောင်းကင်နှင့်စပ်ဆိုင်သည်။ ထို့ကြောင့် တမန်တော်ပေါလုက “သခင်ဘုရားသည် မကောင်းသောအမှုရှိသမျှတို့မှ ငါ့ကိုကယ်နုတ်၍ မိမိကောင်းကင်နိုင်ငံတော်သို့တိုင်အောင် မစပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း။ အာမင်” ဟု ရေးသားနိုင်ခဲ့ခြင်းဖြစ်သည်။—၂ တိမောသေ ၄:၁၈; မဿဲ ၁၃:၄၄; ၁ ကောရိန္သု ၁၅:၅၀။

ဘုရားသခင်၏နိုင်ငံတော်သည် ၁၉၁၄ ခုနှစ်၌ ကောင်းကင်တွင်တည်ထောင်ခဲ့ပြီး ၎င်းသည် ပြန်လည်တည်ထောင်ထားသော မြေကြီးပရဒိသု သို့မဟုတ် တခြားတစ်နေရာရာသို့ ဘယ်တော့မျှပြောင်းရွှေ့လိမ့်မည်မဟုတ်ပါ။ ယေရှုခရစ်သည် ထိုနိုင်ငံတော်၏ဘုရင်ဖြစ်သည်။ ဘုရင်အနေနှင့် ယေရှုသည် ကောင်းကင်တမန်များအပေါ်၌ အခွင့်အာဏာရှိလေသည်။ ထို့ကြောင့်ပင် အုပ်ချုပ်မှုအတွက် ကိုယ်တော်၏တော်မှန်သောနေရာသည် ကောင်းကင်၌ ဘုရားသခင်၏လက်ယာဘက်တွင်ဖြစ်သည်။ ဘိသိက်ခံခရစ်ယာန်များသည် ကောင်းကင်တွင် ဘုရင်နှင့် ယဇ်ပုရောဟိတ်များအဖြစ် ကိုယ်တော်နှင့်အတူ တွဲဖက်ပါဝင်ကြမည်။—ဧဖက် ၁:၁၉-၂၁; ဗျာဒိတ် ၅:၉၊ ၁၀; ၂၀:၆။

သို့ ဖြစ်လျှင် “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့မြေကြီးပေါ်မှာ ပြည့်စုံပါစေသော” ဟုဆိုသော သခင့်ပတ္ထနာတော်၏တစ်စိတ်တစ်ဒေသ၌တွေ့ရှိရသည့် အသနားခံချက်ကို ဘုရားသခင်ထံ ဘယ်တော့မျှမတောင်းလျှောက်သင့်တော့ဟုဆိုလိုပါသလော။ (မဿဲ ၆:၁၀) ထိုသို့မဟုတ်ဘဲ ထိုဆုတောင်းချက်သည် သင့်မြတ်လျော်ကန်ပြီး အဓိပ္ပာယ်များဖြင့် ပြည့်နှက်လျက်ရှိဆဲပင်ဖြစ်သည်။

ဘုရားသခင်၏နိုင်ငံတော်သည် နောက်ဆုံးတွင် ဤမြေကြီးနှင့်ပတ်သက်၍ ပြတ်ပြတ်သားသားလုပ်ဆောင်လိမ့်မည်ဖြစ်သည်။ ၎င်းမှာ သခင့်ပတ္ထနာတော်ပါ စကားရပ်နှင့်ဆင်တူသော အသုံးအနှုန်းကိုသုံး၍ ဆုတောင်းသောအခါ၌ ကျွန်ုပ်တို့၏စိတ်ထဲတွင်ရှိသောအရာပင်ဖြစ်ပေသည်။ ဥပမာအနေနှင့် ဒံယေလ ၂:၄၄ က ဘုရားသခင်၏နိုင်ငံတော်သည် ‘လာ’ ၍ တိုင်းနိုင်ငံအားလုံးကိုဖျက်ဆီးပြီး ဤကမ္ဘာကြီးကို လွှမ်းမိုးအုပ်ချုပ်လိမ့်မည်ဟု ကြို၍ဖော်ပြထားသည်။ ဗျာဒိတ် ၂၁:၂ က ကောင်းကင်ဘုံမှ ဆင်းသက်လာသော ယေရုရှလင်မြို့သစ်အကြောင်း ပြောထားသည်။ ယေရုရှလင်မြို့သစ်ကို ခရစ်တော်၏သတို့သမီးဖြစ်သော ဘိသိက်ခံခရစ်ယာန် ၁၄၄,၀၀၀ တို့ဖြင့် ဖွဲ့စည်းထားသည်။ သူတို့သည် ဘုရားသခင်၏နိုင်ငံတော်တွင် ယေရှုနှင့် အမွေခံဖက်များလည်းဖြစ်ကြသည်။ ထို့ကြောင့် ဗျာဒိတ် ၂၁:၂ က သစ္စာရှိလူသားများအတွက် ကြီးမားလှစွာသောကောင်းချီးများဖြစ်ထွန်းစေမည့် မြေကြီးအပေါ် သူတို့၏အာရုံလှည့်ခြင်းအကြောင်းကို ဖော်ပြထားခြင်းဖြစ်သည်။—ဗျာဒိတ် ၂၁:၃၊ ၄။

၎င်းနှင့် အခြားအံ့ဖွယ်ပရောဖက်ပြုချက်များ ပြည့်စုံသည့်အချိန်အထိ “နိုင်ငံတော်တည်ထောင်ပါစေ” ဟူသည့် ယေရှု၏စကားရပ်များနှင့်အညီ ယေဟောဝါဘုရားသခင်ထံ ဆုတောင်းခြင်းသည် ဆက်လက်သင့်လျော်နေဆဲပင်ဖြစ်ပေမည်။ သို့သော် ဘုရားသခင်၏နိုင်ငံတော်သည် ကမ္ဘာမြေပေါ်သို့ စာသားအတိုင်း ရောက်ရှိလာလိမ့်မည်မဟုတ်ကြောင်းကို သိရှိထားသင့်သည်။ ဘုရားသခင်၏နိုင်ငံတော်အစိုးရသည် မြေကြီးတွင်မဟုတ်ဘဲ ကောင်းကင်တွင် အခြေစိုက်တည်မည်ဖြစ်သည်။

[Picture Credit Line on page 31]

Earth: Based on NASA photo

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ