ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၈/၁ စာ. ၃၂
  • လူမျိုးရေးနှင့်ဘာသာတရား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူမျိုးရေးနှင့်ဘာသာတရား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၈/၁ စာ. ၃၂

လူမျိုးရေးနှင့်ဘာသာတရား

“၁၉၇၈ ခုနှစ်တွင် ကျွန်တော် ယူ.အက်စ်. သို့ရောက်လာစဉ်က အမေရိကန်နိုင်ငံသည် ၎င်း၏လူမျိုးရေးပြဿနာများကို ကြာမြင့်စွာကတည်းကဖြေရှင်းခဲ့ပြီးဖြစ်၍ လူမဲများမှာ တန်းတူနိုင်ငံသားအခွင့်အရေးများရထားပြီဟု ကျွန်တော်ယူဆမိသည်” ဟုတောင်အမေရိကနိုင်ငံဖွား စာရေးဆရာမာ့ခ်မာသာဘာနီက တိုင်းမဂ္ဂဇင်းမှ လူတွေ့မေးမြန်းရာတွင် ဖော်ပြခဲ့သည်။ “အဘက်ဘက်တွင် ထိုသို့အမှန်ဖြစ်နေကြောင်း ကျွန်တော်တွေ့ရှိခဲ့သည်။ ယူ.အက်စ်. သည် တောင်အာဖရိကထက် အနှစ်တစ်ရာရှေ့ပြေးနေဟန်ရှိသည်။ သို့သော် လူတို့၏နှလုံးထဲတွင် ပြောင်းလဲမှုမရှိလှသေးကြောင်း သိရသောအခါ ကျွန်တော်ထိတ်လန့်အံ့သြသွားခဲ့ရသည်။” ယင်းကို သူအဘယ်သို့သိရှိခဲ့သနည်း။

“အမေရိကနိုင်ငံတွင် ခွဲခြားဆက်ဆံမှုအပြုဆုံးအချိန်တစ်ချိန်မှာ တနင်္ဂနွေနေ့ နံနက် ၁၁ နာရီဖြစ်သည်” ဟုမာသာဘာနီကဆိုခဲ့သည်။ ချာ့ချ်အတွင်း၌ပင် လူတို့သည် အခြားလူမျိုးတစ်မျိုးနှင့် အတူတကွဝတ်မပြုနိုင်ကြောင်း သူသတိပြုမိခဲ့သည်။ “ရက်သတ္တပတ်၏အခြားနေ့ရက်များတွင် မည်သို့သောအမြင်ရှိကြမည်နည်း” ဟုသူမေးခဲ့သည်။ ပြောင်းလဲပေးဖို့ အကူအဖြစ်ပညာရေးအထောက်အမကို တောင်းခံသည့်အနေနှင့် မာသာဘာနီက “လူသားအားလုံးသည် တန်းတူရည်တူဖြစ်ကြောင်းကို ပညာရေးကလက်ခံစေ၏” ဟုဆိုခဲ့သည်။

ပညာရေးကဖြေရှင်းပေးနိုင်ကြောင်းကို ယေဟောဝါသက်သေများ သဘောတူကြ၏၊ သို့သော် အထူးသဖြင့် ဘုရားသခင့်နှုတ်မြွက်စကားတော်ပေါ်အခြေပြုသည့် ပညာရေးကို သူတို့ထောက်ခံကြ၏။ မှန်ပါသည်၊ နေရာအနှံ့ လူမျိုးစုမုန်းတီးမှုရှိနေသော တိုင်းနိုင်ငံများ၌ပင် လူမျိုးရေးစိတ်စွန်းကွက်မှု ဆူးငြောင့်ခလုတ်များကို ဖယ်ရှားပစ်ရန် သမ္မာကျမ်းစာကကူညီပေးပါသည်။ သူတို့၏ ဘုရားသခင့်နိုင်ငံတော်ခန်းမများတွင် လူအမျိုးမျိုးအနွယ်နွယ်မှ လူများသည် ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာ၏ ပညတ်များနှင့်မူများကို သင်ယူကြရန် ပတ်စဉ်အတူတကွစုရုံးကြသည်။ ဤအစည်းအဝေးများတွင် အလှူငွေကောက်ခံခြင်းမရှိပါ။ တက်ရောက်ရန် သင့်အားကြိုဆိုပါသည်!

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ