ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၁/၁ စာ. ၃၂
  • အထူး အခါသမယတစ်ခု ထိုတွင်သင်ရှိနေမည်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အထူး အခါသမယတစ်ခု ထိုတွင်သင်ရှိနေမည်လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၁/၁ စာ. ၃၂

အထူး အခါသမယတစ်ခု ထိုတွင်သင်ရှိနေမည်လော

လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ကျော်က အမှတ်ရထိုက်သောနေ့တစ်နေ့တွင် ယေဟောဝါဘုရားသခင်သည် အီဂျစ်ပြည်၌ ကျွန်ခံနေရသော ဣသရေလအိမ်ထောင်စုတိုင်းအား သိုးသငယ်တစ်ကောင် သို့မဟုတ် ဆိတ်တစ်ကောင်ကိုသတ်၍ ၎င်းတို့၏အသွေးကို မိမိတို့အိမ်၏တံခါးထုပ်နှင့် ပြတင်းပေါက်ထုပ်တန်းတို့တွင် ပက်ဖျန်းစေခဲ့သည်။ ထိုညတွင် ဘုရားသခင့်ကောင်းကင်တမန်သည် ဤနည်းဖြင့်အမှတ်အသားပြုထားသော အိမ်များကို ကျော်လွန်သွားခဲ့သော်လည်း အီဂျစ်လူမျိုးအားလုံး၏အိမ်မှ သားဦးများကို သတ်ဖြတ်ခဲ့သည်။ ထို့နောက်တွင် ဣသရေလလူမျိုးကိုလွှတ်ခဲ့ကြသည်။ ထိုဖြစ်ရပ်၏နှစ်ပတ်လည်ကျရောက်တိုင်း ဂျူးတို့သည် ပသခါပွဲကိုကျင်းပခဲ့ကြသည်။

ယေရှုခရစ်သည် မိမိ၏နောက်ဆုံးပသခါပွဲကို တမန်တော်များနှင့်အတူ ကျင်းပပြီးသည်နှင့်တစ်ပြိုင်နက် မိမိ၏ယဇ်သကာသေခြင်းကို သတိရအောက်မေ့စေမည့် ညစာစားပွဲတစ်ခုကို ကိုယ်တော်စတင်ခဲ့သည်။ ကိုယ်တော်သည် မိမိ၏တမန်တော်များကို တဆေးမဲ့မုန့်ကမ်း၍ ဤသို့မိန့်တော်မူခဲ့သည်– “ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့။” ထို့နောက် ကိုယ်တော်သည် သူတို့အား စပျစ်ရည်တစ်ခွက်ကိုပေး၍ ဤသို့မိန့်တော်မူ၏– “သင်တို့ရှိသမျှသည် သောက်ကြလော့။ ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွှတ်စေခြင်းငှာသွန်းသော ငါ၏အသွေးဖြစ်၏။” ယေရှု ဤသို့လည်းမိန့်တော်မူ၏– “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့။” (မဿဲ ၂၆:၂၆-၂၈; လုကာ ၂၂:၁၉၊ ၂၀) သို့နှင့် ယေရှုသည် နောက်တော်လိုက်များအား မိမိသေခြင်း၏ ဤအထိမ်းအမှတ်ပွဲကိုကျင်းပရန် မိန့်တော်မူခဲ့သည်။

ဤနှစ်တွင် ယေရှုသေခြင်း၏နှစ်ပတ်လည်နေ့မှာ ဧပြီ ၈၊ တနင်္ဂနွေနေ့ နေဝင်ပြီးချိန်တွင်ကျရောက်သည်။ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် ယေရှုတောင်းဆိုခဲ့သောနည်းဖြင့် ဤအထိမ်းအမှတ်ပွဲကိုကျင်းပရန် ထိုအထူးညတွင် စုဝေးကြပါလိမ့်မည်။ လေ့လာကြည့်ရှုသူအနေဖြင့် ကျွန်ုပ်တို့နှင့်အတူပါဝင်ရန် သင့်အား လှိုက်လှဲပျူငှာစွာဖိတ်ခေါ်ပါသည်။ အချိန်အတိအကျနှင့် စည်းဝေးသည့်နေရာအတွက် ဒေသခံယေဟောဝါသက်သေများအား ကျေးဇူးပြု၍စုံစမ်းပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ