ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၇/၁ စာ. ၃၂
  • အဘယ်ကြောင့် ခွင့်လွှတ်ရမည်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဘယ်ကြောင့် ခွင့်လွှတ်ရမည်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၇/၁ စာ. ၃၂

အဘယ်ကြောင့် ခွင့်လွှတ်ရမည်နည်း

ကနေဒါနိုင်ငံမှ တိုရန်တိုစတားက “ခွင့်လွှတ်မှုသည် စိတ်ပိုင်းဆိုင်ရာ—နှင့် ဖြစ်နိုင်ဖွယ်ရှိသည်မှာ ကာယရေး—ကျန်းမာမှုကို ဧကန်အမှန်ဖြစ်ပေါ်စေနိုင်ကြောင်းဖော်ပြသည့် သုတေသနပြုမှုကို သိပ္ပံပညာရှင်များ စတင်ခဲ့ကြပြီ” ဟုဖော်ပြထား၏။ သို့တိုင်၊ အမေရိကန်ပြည်ထောင်စု စတန်ဖော့ဒ်တက္ကသိုလ်မှ စတန်ဖော့ဒ်ခွင့်လွှတ်ခြင်းစီမံကိန်းဆိုင်ရာသုတေသန ဦးစီး ပါမောက္ခ ကာလ် သော်ရဆင်က “ခွင့်လွှတ်ခြင်းကို နားလည်၍ ၎င်းသည် မည်သို့လုပ်ဆောင်ကြောင်းကို သိရှိသူ မရှိသလောက်ပင်” ဟုဖော်ပြထားသည်။

စစ်မှန်သောခွင့်လွှတ်ခြင်းသည် ခရစ်ယာန်ဘာသာ၏အရေးပါသောကဏ္ဍတစ်ရပ်ဖြစ်သည်ဟု သတ်မှတ်ထားသည်။ တိုရန်တိုစတားမှအစီရင်ခံစာက ယင်းကို “သင်သည် အမှားပြုခံခဲ့ရကြောင်း အသိအမှတ်ပြုလျက် ဖြစ်ပေါ်လာသော အငြိုးအားလုံးကို မေ့ပျောက်လိုက်ကာ နောက်ဆုံးတွင် ပြစ်မှားသူအား သနားကြင်နာခြင်းနှင့် မေတ္တာဖြင့်တုံ့ပြန်ခြင်းဖြစ်သည်” ဟုအဓိပ္ပာယ်ဖွင့်ခဲ့၏။ ယင်းသည် အပြစ်ကိုလျော်ပစ်ခြင်း၊ ဆင်ခြေပေးခြင်း၊ မမှတ်မိခြင်း သို့မဟုတ် ပြစ်မှားခံရမှုကိုငြင်းပယ်ခြင်းတို့နှင့် ကွာခြားကြောင်း သို့မဟုတ် မတရားပြုမူခံရသည့်အခြေအနေသို့ မိမိကိုယ်ကို ပြန်ရောက်စေခြင်းကိုလည်း မဆိုလိုကြောင်းသိရပေမည်။ အဆိုပါအစီရင်ခံစာက စစ်မှန်သောခွင့်လွှတ်ခြင်းရှိနိုင်ရန် “အမျက်ပြေစေပြီး အပျက်သဘောပါသောခံစားချက်များကို စွန့်လွှတ်ခြင်း” ဖြစ်သည်ဟုဖော်ပြ၏။

သုတေသီများက ခွင့်လွှတ်ခြင်း၏ ကာယရေးအကျိုးကျေးဇူးများကို ခွဲခြမ်းစိတ်ဖြာ ဆက်လေ့လာဖို့လိုသေးကြောင်း ပြောဆိုသည်။ သို့သော် “ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျဆင်းမှုတို့ လျော့နည်းခြင်း” အပါအဝင် စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများရှိကြောင်းကို သူတို့အစီရင်ခံကြသည်။

ခွင့်လွှတ်ခြင်း၏အကောင်းဆုံးသောအကြောင်းရင်းကို ဧဖက် ၄:၃၂ ၌ ဤသို့ဖော်ပြထားသည်– “အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်ကိုလွှတ်ခြင်းရှိကြလော့။” အခြားအရာများနည်းတူ ခွင့်လွှတ်ခြင်းနှင့် ပတ်သက်လာသောအခါ ဘုရားသခင်ကိုအတုယူသူများဖြစ်လာကြရန် ကျွန်ုပ်တို့ကိုတိုက်တွန်းထားသည်။—ဧဖက် ၅:၁။

ကရုဏာပြစရာအကြောင်းရှိလျက်နှင့် အခြားသူတို့ကို ခွင့်မလွှတ်ဘဲနေလျှင် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် ဘုရားသခင်၏ဆက်ဆံရေးကို လွန်စွာအကျိုးယုတ်စေနိုင်သည်။ ယေဟောဝါသည် ကျွန်ုပ်တို့ တစ်ဦးကိုတစ်ဦးခွင့်လွှတ်ရန် မျှော်လင့်တော်မူ၏။ ထို့နောက်မှသာ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ခွင့်လွှတ်ပါမည့်အကြောင်း ဆုတောင်းနိုင်ကြမည်ဖြစ်သည်။—မဿဲ ၆:၁၄; မာကု ၁၁:၂၅; ၁ ယောဟန် ၄:၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ