ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၈/၁၅ စာ. ၃၂
  • သင်္ဘောသားထံမှ သင်ခန်းစာတစ်ရပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်္ဘောသားထံမှ သင်ခန်းစာတစ်ရပ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၈/၁၅ စာ. ၃၂

သင်္ဘောသားထံမှ သင်ခန်းစာတစ်ရပ်

ပင်လယ်ပြင်၌ တစ်ကိုယ်တော်ရွက်လွှင့်ခြင်းက ပင်ပန်းနွမ်းနယ်စေနိုင်၏။ ပင်ပန်းမှု၏ အကျိုးဆက်အတော်များများက အဆိုပါသင်္ဘောသားကို အန္တရာယ်နှုတ်ခမ်းဝတစ်ခုသို့ အလွယ်တကူတွန်းပို့ပေးနိုင်ရာ အမှားများနှင့် မှားယွင်းသောဆုံးဖြတ်ချက်များပြုလုပ်စေပေမည်။ ထိုအကြောင်းကြောင့် သူသည် ကျောက်ဆူး၏အရာရောက်မှုကို တန်ဖိုးထား၏။ ယင်းက မောပန်းနွမ်းလျနေသော သင်္ဘောသားတစ်ဦးကို အန္တရာယ်ကြီးစွာဖြင့် မျောပါမသွားစေဘဲ အနားယူကာ ပြန်လည်အားဖြည့်ခွင့်ရရှိစေသည်။ တစ်ချိန်တည်းတွင် ကျောက်ဆူးသည် လှေဦးပိုင်းကို လေတိုက်ရာနှင့် လှိုင်းလာရာသို့ဦးတည်စေပြီး အဆိုပါလှေကို အတည်ငြိမ်ဆုံးအခြေအနေတွင် ရှိစေသည်။

သင်္ဘောသားများသည် ပင်လယ်ပြင်တွင် အန္တရာယ်အမျိုးမျိုး ကြုံတွေ့ ကြရသကဲ့သို့ ခရစ်ယာန်များသည် ဤလောကမှ ဖိအားပေးမှုများကို အဆက်မပြတ်ရင်ဆိုင်နေကြရကာ အနားယူရန်လိုကြောင်း ခံစားစေ၏။ အမှန်မှာ တစ်ခါက ယေရှုသည် မိမိ၏တပည့်တော်များကို ဤသို့အကြံပြုတော်မူခဲ့သည်– “တော၌ ဆိတ်ကွယ်ရာအရပ်သို့ လာကြ။ ခဏအားဖြည့်၍ ငြိမ်သက်စွာနေကြ။” (မာကု ၆:၃၁) ယနေ့ အချို့သူတို့သည် အပတ်အနည်းငယ် ခရီးထွက်ရန်၊ သို့မဟုတ် သူတို့၏မိသားစုနှင့် အပန်းဖြေရန် ရက်သတ္တပတ်အဆုံးနေ့များ၌ အဝေးသို့သွားတတ်ကြသည်။ ဤအချိန်အခါများသည် စိတ်သစ်လူသစ်ဖြစ်စေ၍ ပြန်လည်လန်းဆန်းစေနိုင်၏။ သို့သော် ထိုသို့သောအချိန်အခါများတွင် ဝိညာဉ်ရေးအရ လုံခြုံမှုရှိကြောင်း မည်သို့သေချာနိုင်မည်နည်း။ ကျွန်ုပ်တို့အား မျောပါမသွားစေဘဲ တည်တည်ငြိမ်ငြိမ်ရှိစေရန် အဘယ်အရာက ကျွန်ုပ်တို့၏ဝိညာဉ်ရေးကျောက်ဆူးဖြစ်နိုင်မည်နည်း။

ယေဟောဝါသည် ကျွန်ုပ်တို့ရရှိနိုင်သောအရာတစ်ခုကို ရက်ရက်ရောရော ပြင်ဆင်ပေးထား၏။ ယင်းကား ကိုယ်တော်၏သန့်ရှင်းသောနှုတ်မြွက်စကားတော် သမ္မာကျမ်းစာပင်ဖြစ်သည်။ ၎င်းကို နေ့စဉ်ဖတ်ရှုခြင်းအားဖြင့် ယေဟောဝါနှင့် ကျွန်ုပ်တို့နီးကပ်စွာရှိနိုင်ပြီး ကိုယ်တော်ထံမှ ဘယ်သောအခါမျှ ရွေ့သွားလိမ့်မည်မဟုတ်ချေ။ ၎င်း၏ဆုံးမစကားသည် ကျွန်ုပ်တို့ကို ခိုင်ခံ့မြဲမြံစေပြီး စာတန်နှင့် သူ၏လောကရှိ စုံစမ်းနှောင့်ယှက်မှုများကို ခံရပ်စေနိုင်သည်။ သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရှုခြင်းအစီအစဉ်ရှိခြင်း၊ ကျွန်ုပ်တို့၏ပုံမှန်ဖတ်နေကြအစီအစဉ်အတိုင်းမဟုတ်သည့်တိုင် ဝိညာဉ်ရေးဆိုင်ရာကျောက်ဆူးချထားသည့်အလား ဖြစ်စေနိုင်သည်။—ယောရှု ၁:၇၊ ၈; ကောလောသဲ ၂:၇။

ဆာလံဆရာက “ယေဟောဝါ၏တရားတော်ကိုမွေ့လျော်၍ တရားတော်ကို နေ့ညမပြတ် ဖတ်ရှုဆင်ခြင်အောက်မေ့သောသူသည် ပျော်ရွှင်၏” ဟုသတိပေးသည်။ (ဆာလံ ၁:၁၊ ၂၊ ကဘ) ဘုရားသခင့်နှုတ်မြွက်စကားတော်ကို နေ့စဉ်ဖတ်ရှုခြင်းက ကျွန်ုပ်တို့၏ခရစ်ယာန်လမ်းစဉ်ပေါ် ဆက်လျှောက်လှမ်းစေဖို့ အမှန်ပင် အားသစ်လောင်းခံရကာ ပြန်လည်လန်းဆန်းစေသည့် “ပျော်ရွှင်” စရာရလဒ်ကို ရရှိစေလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ