ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၁၀/၁ စာ. ၃
  • ကမ္ဘာ—စမ်းသပ်ရာ မြေပြင်မျှသာလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ—စမ်းသပ်ရာ မြေပြင်မျှသာလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ထာဝရ ပျော်ရွှင်မှု—ကောင်းကင်ဘုံတွင်လော၊ မြေကြီးပေါ်တွင်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ပရဒိသုသို့ အိမ်ပြန်ခရီး
    နိုးလော့!—၁၉၉၈
  • ကောင်းကင်
    နိုးလော့!—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၁၀/၁ စာ. ၃

ကမ္ဘာ—စမ်းသပ်ရာ မြေပြင်မျှသာလော

မည်မျှစိတ်ချမ်းသာစရာပါတကား! သူအောင်မြင်သွားပြီ။ ပင်ပန်းခက်ခဲသော နှစ်ပတ်ကြာစာမေးပွဲကို ဖြေဆိုခဲ့သည့်ကျောင်းသူတစ်ဦးသည် နောက်ဆုံးတွင် ကျေနပ်ဖွယ်သတင်းတစ်ခုရရှိခဲ့သည်။ ယခု သူလိုချင်တောင့်တခဲ့သည့်အလုပ်ကို ရှေ့ဆက်လုပ်ကိုင်နိုင်ပြီဖြစ်သည်။

များစွာသောသူတို့သည် မြေကြီးပေါ်အသက်ရှင်ရခြင်းကို ဤနည်းအတိုင်းရှုမြင်ကြသည်။ သူတို့က ကမ္ဘာကို လူတိုင်းတွေ့ကြုံရမည့် ပဏာမစမ်းသပ်ရာနေရာအဖြစ် ယူမှတ်ကြသည်။ “အောင်မြင်” သူများသည် နောင်ဘဝ၏အသွင်တစ်မျိုးမျိုးတွင် သာ၍ကောင်းသောအရာကို ရှေ့ဆက်လုပ်နိုင်ကြသည်။ လူများစွာအတွက် အသက်ရှင်ရုံမျှသက်သက်သာဖြစ်သော လက်ရှိဘဝသည် လူသားများမျှော်လင့်နိုင်သည့် အကောင်းဆုံးအရာဖြစ်ခဲ့လျှင် ယင်းသည်အမှန်ပင် ဝမ်းနည်းဖွယ်ရာဖြစ်ပေမည်။ ကျမ်းစာပါ ယောဘဆိုသူသည် သူ့အသက်တာနှစ်အများစုမှာ ကျန်းမာပြီး ချမ်းသာကြွယ်ဝသော်ငြားလည်း ဤသို့ဆိုခဲ့သည်– “လူသည် မိန်းမဖွားသောသူဖြစ်သဖြင့် အသက်တို၍ ဒုက္ခနှင့်ပြည့်စုံပါ၏။”—ယောဘ ၁၄:၁။

လူများစွာတို့၏ထင်မြင်ယူဆချက်ကို ထင်ဟပ်ပြကာ ကက်သလစ်စွယ်စုံကျမ်းသစ်က ဤသို့ဆိုသည်– “ကောင်းကင်ဘုန်းဝင်စားခြင်းသည် ဘုရားသခင်ရည်ရွယ်ထားသူ၏ ကြမ္မာဖြစ်သည်။ . . . လူတစ်ဦးပျော်ရွှင်ရသည့်အချက်မှာ သူပိုင်ဆိုင်သည့်ကောင်းကင်သုခချမ်းသာပင်ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။” မကြာမီက အမေရိကန်ပြည်ထောင်စုတွင် ချာ့ချ်အော့ဖ် ခရိုက်စ်အသင်းက စစ်တမ်းတစ်ခုပြုရာ သဘောထားမေးမြန်းခံသူများမှ ၈၇ ရာခိုင်နှုန်းသည် သေဆုံးပြီးနောက် ကောင်းကင်သို့သွားမည်ဟုယုံကြည်ကြကြောင်း ဖော်ပြသည်။ခရစ်ယာန်မဟုတ်သူများစွာသည်လည်း သေဆုံးပြီးနောက် ကမ္ဘာမှ သာ၍ကောင်းသောနေရာသို့ ထွက်ခွာသွားရန် မျှော်လင့်ကြသည်။ ဥပမာ မွတ်စလင်တို့သည် ကောင်းကင်ဆိုင်ရာပရဒိသုသို့သွားရန် မျှော်လင့်ကြသည်။ တရုတ်ပြည်နှင့် ဂျပန်ပြည်ရှိ . . . သန့်ရှင်းစင်ကြယ်သောပြည်ဂိုဏ်းများ၏ နောက်လိုက်များက . . . အမိတာဘာကို မဆုံးတမ်းရေရွတ်ခြင်းဖြင့် သန့်ရှင်းစင်ကြယ်သောပြည် သို့မဟုတ် အနောက်အရပ်ရှိ သုခဝတီပြည်တွင် ပြန်လည်မွေးဖွားခံရမည်ဖြစ်ပြီး ထိုတွင် ချမ်းသာသုခနှင့်ပြည့်စုံစွာနေထိုင်ရမည်ဟု ယုံကြည်ကြသည်။

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ကမ္ဘာပေါ်တွင် ဘာသာအပြန်ရဆုံးနှင့် အဖြန့်ဝေရဆုံး ဘာသာရေးစာအုပ်ဖြစ်သော သမ္မာကျမ်းစာက ကမ္ဘာသည် တစ်ခုခုမှလွတ်မြောက်ရန် လှမ်းကူးကျောက်တုံးကဲ့သို့သော ကြားခံနေရာတစ်ခုဟု မဖော်ပြထားခြင်းဖြစ်သည်။ ဥပမာ၊ ၎င်းက ဤသို့ဆိုသည်– “ဖြောင့်မတ်သောသူတို့သည် မြေကြီးကိုအပိုင်ရ၍ အမြဲနေထိုင်ရကြလိမ့်မည်။” (ဆာလံ ၃၇:၂၉၊ ကဘ) ကျမ်းစာတွင် ယေရှု၏ကျော်ကြားသည့် ဤမိန့်ကြားချက်ကိုလည်း တွေ့ရသည်– “နူးညံ့သိမ်မွေ့သောသူသည် ပျော်ရွှင်၏၊ အကြောင်းမူကား ထိုသူတို့သည် မြေကြီးကို အမွေခံရကြလိမ့်မည်။”—မဿဲ ၅:၅၊ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း။

ကျွန်ုပ်တို့ ကမ္ဘာပေါ်နေထိုင်ရခြင်းသည် ခဏမျှသာဖြစ်သည်ဟူသည့် ယေဘုယျအားဖြင့်လက်ခံထားသောယူဆချက်က သေခြင်းသည် နောင်ဘဝချမ်းသာသုခ၏အဝင် တံခါးဝဖြစ်သည်ဟု ဆိုလိုရာရောက်သည်။ သို့ဖြစ်လျှင် သေခြင်းသည် အမှန်ပင်မင်္ဂလာတစ်ပါးဖြစ်သည်။ သို့သော် အများသောသူတို့သည် သေခြင်းကို ထိုအတိုင်း ရှုမြင်ပါသလော၊ သို့မဟုတ် ဤအသက်ကို ပိုရှည်အောင် ကြိုးစားကြသလော။ လူတို့သည် အတော်အတန် ကျန်းမာရေးကောင်းပြီး ဘေးအန္တရာယ်ကင်းနေချိန်တွင် မသေချင်ကြကြောင်း အတွေ့အကြုံများကဖော်ပြသည်။

သို့သော်လည်း မြေကြီးပေါ်ရှိအသက်တာသည် ဆိုးသွမ်းမှု၊ ဆင်းရဲမှုများနှင့် ပြည့်နေသောကြောင့် ကောင်းကင်သည် စစ်မှန်သောငြိမ်သက်မှုနှင့် ပျော်ရွှင်မှုရနိုင်သည့် တစ်ခုတည်းသောနေရာအဖြစ် များစွာသောသူတို့ရှုမြင်ကြဆဲဖြစ်သည်။ ကောင်းကင်သည် ဆိုးသွမ်းမှုနှင့် စိတ်ဝမ်းကွဲပြားမှုများမှ လုံးဝကင်းရှင်းသည့် ချမ်းသာသုခပြည့်စုံသည့်နေရာတစ်ခုသာလော။ နောင်ဘဝသည် ကောင်းကင်နယ်ပယ်တစ်ခုခု၌သာလော။ ကျမ်းစာ၏အဖြေများကို သင်အံ့အားသင့်သွားပေမည်။ ကျေးဇူးပြု၍ဆက်ဖတ်ကြည့်ပါလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ