ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၇/၁ စာ. ၃၂
  • တည်မြဲနေမည့် စွဲမှတ်ဖွယ်ရာများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တည်မြဲနေမည့် စွဲမှတ်ဖွယ်ရာများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၇/၁ စာ. ၃၂

တည်မြဲနေမည့် စွဲမှတ်ဖွယ်ရာများ

ယေဟောဝါသက်သေများသည် မိမိတို့နိုင်ငံအသီးသီးတွင် နှစ်စဉ်နှစ်တိုင်း ခရစ်ယာန်အစည်းအဝေးများနှင့် စည်းဝေးကြီးများ၌ စုဝေးကြသည်။ သူတို့ဤသို့ပြုခြင်းမှာ ဝိညာဉ်ရေးရာတည်ဆောက်မှုပေးသော သွန်သင်ချက်များရရှိရန်နှင့် ပေါင်းသင်းမှုပြုရန်ဖြစ်သည်။ သို့သော် သူတို့စုဝေးခြင်း၏အခြားအသွင်အပြင်များကလည်း ဧည့်သည်များအပေါ် တည်မြဲနေမည့် စွဲမှတ်ဖွယ်ရာများရှိစေနိုင်သည်။

ဥပမာ၊ ၁၉၉၉၊ ဇူလိုင်လတွင် မိုဇမ်ဘစ်ရှိ သက်သေခံထောင်ပေါင်းများစွာသည် “ဘုရားသခင့်ပရောဖက်ပြုချက်စကားတော်” ခရိုင်စည်းဝေးကြီး၌ အကျိုးရှိသောနေ့ရက် သုံးရက်တိုင်တိုင် စည်းဝေးခဲ့ကြသည်။ တက်ရောက်သူအများသည် စည်းဝေးကြီးကို ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်သည်။ စင်မြင့်ပေါ်မှကြားခဲ့ရသည့် စကားများကြောင့်သာမကဘဲ မိမိတို့ပတ်လည်တွင် မြင်တွေ့ခဲ့ရာများကြောင့် စွဲမှတ်သွားခဲ့ကြသည်။

မာပူတိုအစည်းအဝေးခန်းမ၌ ပြောခဲ့သောမှတ်ချက်တစ်ခုကား ဤသို့ဖြစ်သည်– “ကျွန်မဘဝတစ်လျှောက်လုံးမှာ ဒီလိုမျိုးနှစ်လိုဖွယ်ကောင်းတဲ့နေရာကို တစ်ခါမှမမြင်ဖူးဘူး! အိမ်သာတွေမှာ ဆပ်ပြာနဲ့မှန်တွေရှိပြီး အနံ့အသက်တောင်မရှိဘူး။ ကလေးတွေရန်ဖြစ်လို့ဆူညံတာတွေမရှိဘဲ ပတ်ဝန်းကျင်ဟာ ငြိမ်သက်အေးချမ်းနေတာပဲ။ တွန်းတာတိုက်တာလည်းမရှိဘူး! အားပေးတည်ဆောက်တဲ့ စကားတွေပြောဆိုနေကြတဲ့ ရွှင်လန်းဖျတ်လတ်တဲ့လူငယ်တွေကိုလည်း တွေ့ ခဲ့ရတယ်။ နောက်ပြီးတော့ လူတိုင်း သပ်သပ်ရပ်ရပ်ဝတ်စားထားတာကလည်း ကျွန်မကိုစွဲမှတ်သွားစေခဲ့တယ်။ နောက်တစ်ခါဆိုရင် ကလေးတွေကိုပါခေါ်လာခဲ့မယ်၊ ကျွန်မတို့ ဒီစည်းဝေးကြီးကိုတက်ရမယ်ဆိုတာကို ကျွန်မအမျိုးသားပါသဘောပေါက်အောင် ပြောပြရဦးမယ်။”

မှန်ပါသည်၊ ယေဟောဝါသက်သေများ၏ ရိုးသားမှု၊ တည်ကြည်မှုနှင့် ကာယရေးသန့်ရှင်းမှုများကို သတိမပြုမိဘဲမနေပါ။ သက်သေခံများသည် အခြားသူများနှင့် အဘယ်ကြောင့်ကွာခြားရသနည်း။ အကြောင်းမှာ သမ္မာကျမ်းစာမှ သူတို့သိရှိလာရာများကို လက်တွေ့ကျင့်သုံးရန် ကြိုးစားကြသောကြောင့်ဖြစ်သည်။ ယခုနှစ်အစည်းအဝေးကြီး သို့မဟုတ် ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမရှိ ပတ်စဉ်စည်းဝေးများတွင် သူတို့နှင့်အတူစုဝေး၍ အသင်ကိုယ်တိုင် လေ့လာကြည့်ပါလေ။

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

ဇမ်ဘီယာ

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

ကင်ညာ

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

မိုဇမ်ဘစ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ