ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၈/၁၅ စာ. ၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယောဘ ခံနိုင်ရည်ရှိခဲ့ —ကျွန်ုပ်တို့လည်း ခံနိုင်ရည်ရှိနိုင်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ယောဘသည် ယေဟောဝါ၏ နာမတော်ကို ဂုဏ်တင်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • တည့်မတ်ပေးခြင်းကိုခံယူသော စံထားအပ်သူတစ်ဦး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယောဘကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၈/၁၅ စာ. ၃၁

စာရှုသူများထံမှမေးခွန်းလွှာ

ယောဘသည် အချိန်မည်မျှတိုင် ဆင်းရဲခြင်းခံခဲ့ရသနည်း။

ယောဘ၏စမ်းသပ်မှုများသည် နှစ်ရှည်လများကြာခဲ့သည်ဟု လူအချို့က ထင်မှတ်ကြသော်လည်း ဤမျှကြာရှည်စွာဆင်းရဲခြင်းခံရသည်ဟု ယောဘကျမ်းက မဖော်ပြထားချေ။

ယောဘ၏စမ်းသပ်မှု ပထမအဆင့်ဖြစ်သည့် မိသားစုဝင်များနှင့် ပစ္စည်းဥစ္စာဆုံးရှုံးခဲ့ခြင်းသည် အချိန်တိုအတွင်း ဖြစ်ပျက်ခဲ့ဟန်ရှိသည်။ “တစ်နေ့သ၌ ယောဘ၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင် စား၍ စပျစ်ရည်ကိုသောက်လျက်နေကြစဉ်” ဟုကျွန်ုပ်တို့ဖတ်ရသည်။ ယောဘသည် သူ၏နွားများ၊ မြည်းများ၊ သိုးများ၊ ကုလားအုတ်များနှင့် ထိုတိရစ္ဆာန်များကို ထိန်းကျောင်းသောကျွန်များ ဆုံးရှုံးရသည့်သတင်းကို ဆက်တိုက်ကြားခဲ့ရသည်။ ၎င်းနောက်ပင် “အစ်ကိုအကြီးအိမ်တွင် စား၍ စပျစ်ရည်ကိုသောက်လျက်နေကြ” သောမိမိ၏သားသမီးများ သေဆုံးသွားကြောင်း ယောဘကြားသိခဲ့ဟန်တူသည်။ ယင်းတို့အားလုံးသည် တစ်နေ့ချင်းတွင် ဖြစ်ခဲ့ပုံရသည်။—ယောဘ ၁:၁၃-၁၉။

ယောဘ၏စမ်းသပ်မှုနောက်တစ်ဆင့်သည် အချိန်ပိုကြာမြင့်ခဲ့ရမည်။ စာတန်သည် ယေဟောဝါထံချဉ်းကပ်၍ ယောဘသည် သူ၏ကိုယ်ခန္ဓာတွင် ဆင်းရဲခံရလျှင် ကျရှုံးလိမ့်မည်ဟုဆို၏။ ထိုအခါ ယောဘသည် “ခြေဖဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ” ပေါက်လေ၏။ သူ့တစ်ကိုယ်လုံး ဤအနာစိမ်းပျံ့နှံ့သွားရန် အချိန်အတော်ကြာပေမည်။ ထို့ပြင် ယောဘထံရောက်ရှိလာကြသော ဟန်ဆောင်နှစ်သိမ့်သူများထံ “ဤအမှုကြီးအလုံးစုံ” သတင်းရောက်ရှိရန် အချိန်ကြာမြင့်နိုင်ဖွယ်ရှိသည်။—ယောဘ ၂:၃-၁၁။

ဧလိဖတ်သည် ဧဒုံပြည်၊ တေမန်မြို့မှဖြစ်ပြီး ဇောဖာသည် အနောက်မြောက်ပိုင်းအာရေဗျမှ ဒေသတစ်ခုကဖြစ်သောကြောင့် သူတို့၏နေရင်းဒေသသည် မြောက်ပိုင်းအာရေဗျတွင်ရှိနိုင်ဖွယ်သော ဥဇမြို့ရှိယောဘနေအိမ်နှင့် မဝေးလှချေ။ သို့သော် ဗိလဒဒ်သည် ရှုအာအမျိုးသားတစ်ဦးဖြစ်ပြီး သူ၏လူမျိုးသည် ဥဖရတ်မြစ်တစ်လျှောက်တွင် နေထိုင်ခဲ့ကြောင်းသိရသည်။ ထိုအချိန်က ဗိလဒဒ်သည် သူ၏နေရင်းဒေသတွင်ရှိမည်ဆိုပါက ယောဘအကြောင်း ကြားပြီးဥဇမြို့သို့ ခရီးနှင်ရန် ရက်ရှည်လများကြာမည်ဖြစ်သည်။ အမှန်ဆိုရလျှင် ယောဘ ဆင်းရဲခြင်းစခံရချိန်တွင် ထိုသုံးဦးတို့မှာ ယောဘ၏ပတ်ဝန်းကျင်အရပ်တွင် ရှိနိုင်ဖွယ်ရှိသည်။ မည်သို့ပင်ဖြစ်ပါစေ၊ ယောဘ၏အဖော်သုံးဦးရောက်လာသောအခါ စကားမပြောဘဲ “ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူမြေပေါ်မှာထိုင်” ခဲ့ကြသည်။—ယောဘ ၂:၁၂၊ ၁၃။

ထို့နောက် ယောဘ၏စမ်းသပ်မှု နောက်ဆုံးအဆင့်သို့ရောက်လာရာ ယောဘကျမ်း၏အခန်းကြီးများစွာတွင် ယင်းကိုအသေးစိတ်ဖော်ပြထားသည်။ နှစ်သိမ့်ပေးသူများပါဟုဆိုသူတို့သည် တစ်ယောက်တစ်လှည့်စီ စကားအချေအတင်ပြောကြပြီး ယောဘကလည်း မကြာခဏပြန်ပြောခဲ့သည်။ အဆုံးသတ်တွင် လူငယ်ဧလိဟုသည် ပြစ်တင်ဆုံးမခဲ့ပြီး ယေဟောဝါက ယောဘကို ကောင်းကင်မှဆုံးမပဲ့ပြင်တော်မူ၏။—ယောဘ ၃၂:၁-၆; ၃၈:၁; ၄၀:၁-၆; ၄၂:၁။

ထို့ကြောင့် ယောဘ၏ဆင်းရဲခြင်းနှင့် ၎င်း၏ဖြေရှင်းချက်သည် လအနည်းငယ်ကြာ၍ တစ်နှစ်အောက်ဖြစ်နိုင်ဖွယ်ရှိသည်။ ခက်ခဲသောစမ်းသပ်မှုများသည် အလွန်ကြာရှည်ပုံပေါက်ကြောင်း ကိုယ်တိုင်ခံစားခဲ့ရပေမည်။ သို့တိုင် ယောဘအဖြစ်တွင်ကဲ့သို့ အဆုံးတိုင်မည်ကို ကျွန်ုပ်တို့မမေ့သင့်ချေ။ ကျွန်ုပ်တို့ရင်ဆိုင်နေရသော စမ်းသပ်မှုများသည် မည်မျှပင်ကြာရှည်ပါစေ “ယခုခဏခံရ၍ ပေါ့ပါးသောဆင်းရဲခြင်း . . . သည်အတိုင်းထက်အလွန်ကြီးမြတ်လေးလံသော . . . ထာဝရဘုန်းအသရေကို ငါတို့အဖို့ဖြစ်စေတတ်၏” ဟူသော မှုတ်သွင်းခံစကားများတွင်ဖော်ပြထားသည့် ဘုရားသခင်၏ထောက်မမှုကို စိတ်စွဲမှတ်ထားကြစို့။ (၂ ကောရိန္သု ၄:၁၈) “ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ခေါ်တော်မူသော၊ ခပ်သိမ်းသောကျေးဇူးကိုပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသောသင်တို့ကို စုံလင်တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်” ဟုတမန်တော်ပေတရုရေးသားခဲ့သည်။—၁ ပေတရု ၅:၁၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ