ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၁၂/၁ စာ. ၃၀-၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ထာဝရဘုရားသခင်ကို သူ တောင်းပန်ခဲ့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သန့်ရှင်းသောဝိညာဉ်တော်ကိုသင် ပြစ်မှားမိပြီလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ယေဟောဝါရဲ့ တလိုတလား ခွင့်လွှတ်မှုကနေ သင်အကျိုးခံစားရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • “ယေဟောဝါဘယ်မှာလဲ” ဆိုပြီး သင် နေ့တိုင်းမေးသလား
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၁၂/၁ စာ. ၃၀-၃၁

စာရှုသူများထံမှမေးခွန်းလွှာ

ခရစ်ယာန်အသင်းတော်မှ နှင်ထုတ်ထားသူတစ်ဦးသည် နောင်တမယူသည့် အပြစ်ပြုသူဖြစ်သောကြောင့် သူ့အတွက် ခရစ်ယာန်များ ဆုတောင်းပေး၍မရဟု ယေရမိ ၇:၁၆ တွင်မှတ်တမ်းတင်ထားသော ဘုရားသခင်၏ညွှန်ကြားချက်က ဆိုလိုပါသလော။

တည်ကြည်မှုမရှိသောယုဒလူမျိုးအပေါ် ယေဟောဝါ၏တရားစီရင်ချက်ကို ကြေညာပြီးနောက် ကိုယ်တော်က ယေရမိအား “သင်သည်လည်း ဤလူမျိုးအဖို့ [ဆုမတောင်း]နှင့်။ သူတို့အဖို့အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ငါ့ကိုမသွေးဆောင်နှင့်။ သင်၏စကားကို ငါမနားထောင်” ဟုမိန့်ဆိုခဲ့သည်။—ယေရမိ ၇:၁၆။

ယေဟောဝါသည် ယေရမိအား ဣသရေလလူမျိုးအတွက် ဆုတောင်းပေးခြင်းကို အဘယ်ကြောင့်တားမြစ်ခဲ့သနည်း။ ကိုယ်တော်၏ပညတ်တော်ကို သူတို့၏ဗြောင်ကျကျကျူးလွန်ခဲ့သောကြောင့်ဖြစ်သည်မှာ ရှင်းနေပါသည်။ သူတို့သည် ပေါ်ပေါ်ထင်ထင်အရှက်ကင်းမဲ့စွာ “သူ့ဥစ္စာကိုခိုးလျက်၊ လူအသက်ကိုသတ်လျက်၊ သူ့မယားကိုပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲကျိန်ဆိုလျက်၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကိုမီးရှို့လျက်၊ . . . အခြားတစ်ပါးသောဘုရားတို့နောက်သို့ လိုက်လျက်” ရှိကြသည်။ သို့ဖြစ်၍ တည်ကြည်မှုမရှိသောဂျူးများကို ယေဟောဝါက “သင်တို့ညီအစ်ကို ဧဖရိမ်အမျိုးသားရှိသမျှတို့ကို ငါနှင်ထုတ်သကဲ့သို့ သင်တို့ကို ငါ့ထံမှငါနှင်ထုတ်မည်” ဟုမိန့်ဆိုခဲ့၏။ ယေဟောဝါ၏တရားစီရင်ချက်ကို ဖျက်သိမ်းပေးရန် ယေရမိ သို့မဟုတ် အခြားမည်သူမဆို ဆုတောင်းခြင်းသည် အမှန်ပင်မသင့်တော်ချေ။—ယေရမိ ၇:၉၊ ၁၅။

ယင်းနှင့်အညီ ဘုရားသခင်ထံ လျောက်ပတ်စွာဆုတောင်းခြင်းအကြောင်း တမန်တော်ယောဟန် ရေးသားခဲ့သည်။ ဦးစွာ၊ ခရစ်ယာန်များကို သူဤသို့စိတ်ချစေခဲ့၏– “ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင် ဘုရားသခင်သည် နားထောင်တော်မူ၏။” (၁ ယောဟန် ၅:၁၄) ထို့နောက် အခြားသူများအတွက် ဆုတောင်းပေးခြင်းနှင့်စပ်လျဉ်း၍ ယောဟန်က ဤသို့ဆက်ပြောသည်– “ညီအစ်ကိုချင်းသည် သေပြစ်မသင့်သော[မကောင်းမှု]ပြုမိသည်ကို တစ်စုံတစ်ယောက်သောသူသည်မြင်လျှင် ထိုသူသည် ဆုတောင်းရမည်။ သေပြစ်ကိုမပြုသောသူတို့အဖို့အလိုငှာ ဘုရားသခင်သည် ထိုသူအား အသက်ကိုပေးတော်မူမည်။ သေပြစ်သင့်သော[မကောင်းမှု]ရှိ၏။ ထို[မကောင်းမှု]အပြစ်ကိုလွှတ်စေခြင်းငှာ ဆုတောင်းရမည်ဟု ငါမဆို။” (၁ ယောဟန် ၅:၁၆) “ပြေလွှတ်ခွင့်မရှိ” သော၊ ဝိညာဉ်တော်ကိုပြစ်မှားသော အပြစ်အကြောင်းကိုလည်း ယေရှုမိန့်ဆိုခဲ့၏။—မဿဲ ၁၂:၃၁၊ ၃၂၊ ကဘ။

ယင်းကြောင့် အပြစ်ပြုပြီး နောင်တမရသည့်အတွက် ခရစ်ယာန်အသင်းတော်မှ နှင်ထုတ်ခံရသူအားလုံးသည် သေပြစ်သင့်သည့်အပြစ်များကို ကျူးလွန်ခဲ့ကြရာ သူတို့အတွက် ဆုတောင်းမပေးသင့်ဟု ဆိုလိုပါသလော။ ထိုသို့မဆိုလိုနိုင်ချေ၊ အကြောင်းမူကား အဖြစ်အပျက်အချို့တွင် ကျူးလွန်သောအပြစ်များသည် “သေပြစ်သင့်” သည့်အပြစ်များမဟုတ်သောကြောင့်ဖြစ်သည်။ အမှန်သော် သေပြစ်သင့်သည့်အပြစ်များဟုတ်၊ မဟုတ်ပြောဆိုရန် ခက်၏။ စံနမူနာတစ်ခုမှာ ယုဒရှင်ဘုရင်မနာရှေဖြစ်သည်။ သူသည် [ဗာဗုလုန်]ဘုရားများအတွက် ယဇ်ပလ္လင်များတည်ဆောက်၍ သူ၏သားများကို ယဇ်ပူဇော်ပြီး နတ်ဆိုးပညာလိုက်စားကာ ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်တွင် ရုပ်ပုံတည်စေခဲ့သည်။ အမှန်မှာ မနာရှေနှင့် ထိုသူတို့သည် “ဣသရေလအမျိုးသားတို့ရှေ့မှာ ထာဝရဘုရားဖျက်ဆီးတော်မူသော လူမျိုးတို့ပြုသည်ထက် သာ၍[မကောင်းမှု]ကိုပြု” သည်ဟု သမ္မာကျမ်းစာကဆို၏။ ဤအချက်အားလုံးကြောင့် ယေဟောဝါသည် မနာရှေကို သုံ့ပန်းအဖြစ် ခြေချင်းခတ်၍ ဗာဗုလုန်သို့ပို့ဆောင်ခြင်းအားဖြင့် အပြစ်ပေးခဲ့သည်။—၄ ဓမ္မရာဇဝင် ၂၁:၁-၉; ၂ ရာဇဝင်ချုပ် ၃၃:၁-၁၁။

မနာရှေ၏အပြစ်များသည် အမှန်ပင်သိသာထင်ရှားသော်လည်း သေပြစ်သင့်သလော။ မဟုတ်ချေ၊ အကြောင်းမှာ သူနှင့်ပတ်သက်၍ မှတ်တမ်းက ဤသို့ဆက်ပြောသည်– “ထိုသို့ မနာရှေသည် ဆင်းရဲ . . . ကိုခံရသောအခါ မိမိဘုရားသခင် ထာဝရဘုရားကိုတောင်းပန်၍ ဘိုးဘေးတို့၏ဘုရားသခင်ရှေ့မှာ ကိုယ်ကိုအလွန်နှိမ့်ချလျက် ဆုတောင်း . . . သောစကားကို ဘုရားသခင်နားထောင်နာယူ၍ မနာရှေအုပ်စိုးရင်းပြည် ယေရုရှလင်မြို့သို့ တစ်ဖန်ပို့ဆောင်တော်မူ၏။ ထိုအခါ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို မနာရှေသိရ၏။”—၂ ရာဇဝင်ချုပ် ၃၃:၁၂၊ ၁၃။

သို့ဖြစ်၍ လူတစ်ဦးသည် အသင်းတော်မှ နှင်ထုတ်ခံရသောကြောင့် သေပြစ်သင့်သည့်အပြစ်ကို သူပြုပြီဟု အလျင်စလိုကောက်ချက်မချသင့်ချေ။ ထိုသူ၏နှလုံးအခြေအနေအစစ်အမှန် ထင်ရှားလာရန် အချိန်အတန်ကြာပေမည်။ အမှန်အားဖြင့် နှင်ထုတ်ရခြင်း၏ရည်ရွယ်ချက်တစ်ခုမှာ အပြစ်ပြုသူသည် အသိစိတ်ပြန်ဝင်လာပြီး နောင်တယူ၍ စိတ်ပြောင်းလဲလာရန် မျှော်လင့်ခြင်းဖြစ်သည်။

ထိုသူသည် အသင်းတော်တွင်မရှိတော့သောကြောင့် သူ၏စိတ်နှလုံးပြောင်းလဲမှုကို အိမ်ထောင်ဖက် သို့မဟုတ် မိသားစုများစသော သူနှင့်အနီးကပ်ရှိသူများက ဦးစွာသတိပြုမိကြပေမည်။ ဤသို့သောပြောင်းလဲမှုများကို တွေ့ ရှိသူများက အပြစ်ပြုသူသည် သေပြစ်သင့်သည့်အပြစ်ကို မကျူးလွန်ပါဟု ကောက်ချက်ချကြပေမည်။ သူသည် ဘုရားသခင်၏မှုတ်သွင်းခံစကားတော်မှ ခွန်အားရစေရန်နှင့် ယေဟောဝါသည် အလိုတော်နှင့်အညီ အပြစ်ပြုသူကို အရေးယူဆောင်ရွက်ရန် ဆုတောင်းပေးဖို့ သူတို့လှုံ့ဆော်ခံရကြပေမည်။—ဆာလံ ၄၄:၂၁; ဒေ. ၁၂:၁၄။

အပြစ်ပြုသူသည် နောင်တရပြီဟု လက်ခံယုံကြည်ရန် လုံလောက်သောအထောက်အထားကို အချို့က တွေ့ကောင်းတွေ့သည့်အခြေအနေတွင်ရှိမည်ဖြစ်သော်လည်း အသင်းတော်အနေနှင့် ထိုသို့ဖြစ်ချင်မှဖြစ်မည်။ တစ်ဦးတစ်ယောက်က အပြစ်ပြုသူအတွက် ပရိသတ်ရှေ့ ဆုတောင်းပေးခြင်းကို သူတို့ကြားခဲ့ရလျှင် စိတ်အနှောင့်အယှက်ဖြစ်ပြီး ထိမိလဲစရာပင်ဖြစ်နိုင်ပေသည်။ ဤအကြောင်းကြောင့် အပြစ်ပြုသူအတွက် ဆုတောင်းပေးရန် လှုံ့ဆော်ခံရသူများသည် ကိုယ်ပိုင်ဆုတောင်းချက်၌သာ ဆုတောင်းသင့်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ မည်သည့်ထပ်ဆင့်ဖြစ်ပေါ်လာမှုကိုမဆို အသင်းတော်မှ တာဝန်ရှိအကြီးအကဲများ၏လက်ထဲတွင် အပ်နှင်းထားသင့်သည်။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

မနာရှေသည် ယေဟောဝါရှေ့တွင် မိမိကိုယ်ကိုနှိမ့်ချသောအခါ သူ၏သိသာထင်ရှားသောအပြစ်များ ခွင့်လွှတ်ခံခဲ့ရ

[Picture Credit Line on page 30]

Reproduced from Illustrierte Pracht-Bibel/​Heilige Schrift des Alten und Neuen Testaments, nach der deutschen Uebersetzung D. Martin Luther’s

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ