ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၃/၁၅ စာ. ၃၂
  • သူ့နည်း သူ့ဟန်ဖြင့် အမြော်အမြင်ရှိကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူ့နည်း သူ့ဟန်ဖြင့် အမြော်အမြင်ရှိကြ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၃/၁၅ စာ. ၃၂

သူ့နည်း သူ့ဟန်ဖြင့် အမြော်အမြင်ရှိကြ

“လူကြီးများသည် အမြော်အမြင်ရှိကြ၏၊ သို့သော် ကလေးများလည်း သူ့ နည်းသူ့ဟန်ဖြင့် အမြော်အမြင်ရှိကြပါသည်” ဟုနိုင်ဂျီးရီးယန်းစကားပုံတစ်ခုက ဆိုသည်။ ယင်းအဆိုမှန်ကန်ကြောင်း နိုင်ဂျီးရီးယားမှ ခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်သူ အက်ဒ်ဝင် တွေ့ ရှိခဲ့သည်။

တစ်နေ့သ၌ အက်ဒ်ဝင်၏စားပွဲအောက်တွင် သတ္တုသေတ္တာတစ်လုံးကို သူတွေ့လိုက်သည်။

“ဒါဘယ်သူ့ဟာလဲ” ဟုဒက်ဒ်ဝင်က သူ့ကလေးသုံးယောက်ကိုမေးလိုက်၏။

ရှစ်နှစ်အရွယ် အမန္နဝဲလ်က “ကျွန်တော့်ဟာ” ဟုဖြေဆိုသည်။ ထိပ်တွင်အပေါက်ငယ်ပါသည့် ငါးလက်မအရွယ်စတုရန်းပုံရှိ သံချေးတက်နေသော ဤသံသေတ္တာသည် ယေဟောဝါသက်သေများ၏ ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေပုံးဖြစ်ကြောင်း ကပျာကယာဆက်၍ရှင်းပြ၏။ “ဘုရားသခင့်နိုင်ငံတော်ခန်းမကို နေ့တိုင်းမသွားရတဲ့အတွက် မုန့်ဖိုးကိုမသုံးတဲ့အခါ အဲ့ဒီပိုက်ဆံအချိန်မရွေးထည့်လို့ရအောင် သေတ္တာတစ်ခုလုပ်ထားတာပါ” ဟုသူကရှင်းပြ၏။

အမန္နဝဲလ်၏ဖခင်သည် နှစ်ပတ်လည်ခရိုင်စည်းဝေးကြီးတက်ရောက်ရန် ပိုက်ဆံစုဖို့ သေတ္တာတစ်လုံးရှိသည်။ သို့ရာတွင် မိသားစုအရေးပေါ်ကိစ္စကြောင့် ထိုငွေကိုအသုံးပြုလိုက်ရ၏။ အမန္နဝဲလ်သည် သူ၏အလှူငွေကို မသုံးမိစေရန် သူ၏သံစုဘူးကို ဂဟေဆက်သူထံယူသွား၍ အလုံပိတ်စေခဲ့သည်။ ထိုသံဘူးကို အဘယ်ရည်ရွယ်ချက်အတွက် အသုံးပြုမည့်အကြောင်း ဂဟေဆက်သူသိရသောအခါ သံတိုသံစများဖြင့် အမန္နဝဲလ်အတွက် သေတ္တာတစ်လုံးပြုလုပ်ပေးခဲ့သည်။ အမန္နဝဲလ်၏ညီ ငါးနှစ်သားမိုက်ကယ်ကလည်း သေတ္တာတစ်လုံးပြုလုပ်ပေးဖို့ တောင်းဆိုခဲ့၏။

ကလေးများပြုလုပ်ထားရာကို အံ့သြစွာဖြင့် သေတ္တာများကို အဘယ်ကြောင့်ပြုလုပ်ခဲ့ရကြောင်း အက်ဒ်ဝင်မေးကြည့်ရာ မိုက်ကယ်က “ကျွန်တော်အလှူငွေထည့်ချင်လို့” ဟုပြန်ဖြေသည်။

မိဘများကိုအသိမပေးဘဲ အမန္နဝဲလ်၊ မိုက်ကယ်နှင့် သူတို့အစ်မဖြစ်သူ ကိုးနှစ်သမီး ယုချေတို့သည် သူတို့၏မုန့်ဖိုးတချို့တစ်ဝက်ကို သေတ္တာများတွင် ထည့်စုနေကြပါသည်။ ထိုစိတ်ကူး အဘယ်မှပေါ်လာသနည်း။ ကလေးများသည် ပိုက်ဆံဆုပ်ကိုင်တတ်ကတည်းက ဘုရားသခင့်နိုင်ငံတော်ခန်းမရှိ အလှူငွေသေတ္တာများတွင် အလှူငွေထည့်ရန် မိဘများက သွန်သင်ပေးခဲ့သည်။ သူတို့အားသင်ထားသည်ကို ကောင်းကောင်းမှတ်ထားတတ်ကြောင်း ထင်ရှား၏။

သေတ္တာများ ပြည့်သွားသည့်အခါ ၎င်းတို့ကို ခွဲဖြတ်၍ဖွင့်ကြည့်ကြရာ စုစုပေါင်းစုမိငွေမှာ အမေရိကန်ဒေါ်လာ ၃.၁၃ ဖြစ်သည်၊ ထိုနိုင်ငံတွင် ပျမ်းမျှနှစ်စဉ်ဝင်ငွေသည် ဒေါ်လာ ၃၀၀ ခန့်သာဖြစ်သောကြောင့် စုငွေသည် မဖြစ်စလောက် မဟုတ်ချေ။ ထိုကဲ့သို့ စေတနာအလျောက်ထည့်ဝင်သည့် အလှူငွေများသည် ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၂၃၅ နိုင်ငံရှိ ယေဟောဝါသက်သေများ၏ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအတွက် အထောက်အကူပြုသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ