ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၈/၁၅ စာ. ၃-၄
  • သင်သည် အဘယ်နာမည်မျိုး ရရှိအောင် လုပ်ဆောင်နေသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သည် အဘယ်နာမည်မျိုး ရရှိအောင် လုပ်ဆောင်နေသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • အချို့သူတို့ အောက်မေ့ခံရပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ပျော်ရွှင်ကျေနပ်မှုရစေတဲ့ ရွေးချယ်မှုများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • အဓိပ္ပာယ်ပြည့်ဝသောအသက်တာကို သင်ရရှိနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ‘ဖြောင့်မတ်သူအတွက် ကောင်းချီးများ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၈/၁၅ စာ. ၃-၄

သင်သည် အဘယ်နာမည်မျိုး ရရှိအောင် လုပ်ဆောင်နေသနည်း

ဒေသန္တရသတင်းစာတစ်ခုတွင် နာရေးကြော်ငြာကဏ္ဍကို သင်ဖတ်ဖူးသလော၊ ကွယ်လွန်သူတစ်ဦး၏ ဘဝအတ္ထုပ္ပတ္တိနှင့် ဆောင်ရွက်ချက်များအကြောင်း ရှည်လျားစွာဖော်ပြထားခြင်းကို ဖတ်ဖူးသလော။ ‘ငါနဲ့ပတ်သက်လို့ လူတွေဘယ်လိုပြောကြမလဲ’ ဟုသင့်ကိုယ်သင် မေးခွန်းထုတ်ဖူးသလော။ မိမိတို့သေဆုံးပြီးနောက် မည်သို့အမှတ်ရကြမည့်အကြောင်း မည်သူတို့စဉ်းစားဖူးသနည်း။ ထို့ကြောင့် ရိုးသားပွင့်လင်းသော ဤမေးခွန်းများကို သုံးသပ်ကြည့်ပါ– မနေ့က သင်သေဆုံးခဲ့လျှင် ယနေ့ သင့်အကြောင်း လူတို့မည်သို့ပြောဆိုနေကြမည်နည်း။ သင်သည် အဘယ်နာမည်မျိုးထွက်နေသနည်း။ သင်၏ အသိများနှင့် ဘုရားသခင်က သင့်ကို မည်သို့မည်ပုံ သတိရစေလိုသနည်း။

ဒေ.ကျမ်းကို ရေးသားသောပညာရှိက ဤသို့ဆို၏– “ကောင်းသောအသရေသည် နံ့သာဆီထက်သာ၍ကောင်း၏။ သေရသောနေ့သည်လည်း ဖွားမြင်သောနေ့ထက် သာ၍ကောင်း၏။” (ဒေ. ၇:၁) လူတစ်ဦးသေဆုံးသောနေ့သည် ဖွားမြင်သောနေ့ထက် အဘယ်နည်းဖြင့် သာ၍ကောင်းမည်နည်း။ အကြောင်းမှာ လူတစ်ဦးမွေးဖွားချိန်တွင် ထူထောင်ထားသည့် အသရေမရှိသေးသောကြောင့်ဖြစ်သည်။ သူ့ဘဝမှတ်တမ်းမှာ ဗလာနတ္တိသာဖြစ်နေသေး၏။ သူ၏ဘဝလမ်းစဉ်က သူ့ကို နာမည်ကောင်း၊ သို့မဟုတ် နာမည်ဆိုးရစေမည်။ နှစ်များတစ်လျှောက် နာမည်ကောင်း ရထားသူများအတွက် သေသောနေ့သည် မွေးသောနေ့ထက် အမှန်သာ၍ကောင်းပေ၏။

သို့ဖြစ်၍ ကျွန်ုပ်တို့ရွေးချယ်စရာရှိ၏။ အမှန်ဆိုလျှင် နေ့စဉ်နေ့တိုင်းပင် ကျွန်ုပ်တို့၌ ရွေးချယ်စရာများရှိ၏၊ ၎င်းတို့က ကျွန်ုပ်တို့၏အသရေကို၊ အထူးသဖြင့် ကျွန်ုပ်တို့အား ဘုရားသခင်သည် အဘယ်ပုံအဘယ်နည်းဖြင့် သတိရမည်ကို ကျွန်ုပ်တို့သေဆုံးသောနေ့တွင် ဆုံးဖြတ်ပေးလိမ့်မည်။ ထို့ကြောင့် အဆိုပါဟေဗြဲပညာရှိက “တရားသောသူကိုအောက်မေ့ခြင်းဟူသည် ကောင်းချီးကိုဖြစ်စေ၏။ မတရားသောသူ၏နာမကိုယ်နှိုက်မူကား ပုပ်ပျက်လိမ့်မည်” ဟုရေးသားခဲ့သည်။ (သု. ၁၀:၇၊ ကဘ) ကျွန်ုပ်တို့ကို ကောင်းချီးပေးဖို့ ဘုရားသခင် အောက်မေ့သတိရခြင်းသည် အမှန်ဂုဏ်ယူစရာပင်!

ကျွန်ုပ်တို့သာ ပညာရှိမည်ဆိုလျှင် ကျွန်ုပ်တို့၏ပန်းတိုင်မှာ ဘုရားသခင့်စံနှုန်းများနှင့်အညီ အသက်ရှင်ခြင်းအားဖြင့် ကိုယ်တော်နှစ်သက်ရာကိုပြုရန်ဖြစ်မည်။ ယင်းက ခရစ်တော်ဖော်ပြခဲ့သော ဤအခြေခံမူများကို လိုက်လျှောက်ခြင်းဖြစ်သည်– “‘သင်၏ဘုရားသခင် ထာဝရဘုရား[သခင်]ကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်လော့၊’ ဟူသောပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးမြတ်သောပညတ်လည်းဖြစ်၏။ ထိုမှတစ်ပါး ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့’ ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။ ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်း။”—မဿဲ ၂၂:၃၇-၄၀။

အချို့သူတို့ကို ပရဟိတဒါနရှင်များ၊ လူ့အကျိုးဆောင်များ၊ ပြည်သူများရပိုင်ခွင့်ကို ထောက်ခံအားပေးသူများ သို့မဟုတ် စီးပွားရေး၊ သိပ္ပံပညာ၊ ဆေးပညာ သို့မဟုတ် အခြားလုပ်ဆောင်မှုများ၌ သူတို့၏ ပြီးမြောက်အောင်မြင်မှုများအတွက် အောက်မေ့ခံရကြသည်။ သို့သော် သင့်ကို မည်သို့သတိရစေလိုသနည်း။

တန်ခိုးရှင်တစ်ပါးက ကျွန်ုပ်တို့ကို အခြားသူများရှုမြင်သကဲ့သို့ ကိုယ့်ကိုယ်ကို ရှုမြင်နိုင်သောအစွမ်းပေးလျှင်ကောင်းမည်ဟု စကော့တလန်ကဗျာဆရာ ရောဘတ် ဘန်းစ် (၁၇၅၉-၉၆) ကသူ၏ဆန္ဒကို ထုတ်ဖော်ပြောခဲ့ဖူးသည်။ သင့်ကိုယ်သင် အရှိအတိုင်း ရှုမြင်ပြီး သင်သည် လူလူချင်းအပါအဝင် ဘုရားသခင်နှင့်ပါ နာမည်ကောင်းရထားသည်ဟု ဆိုနိုင်မည်လော။ အားကစားလောက၌၊ သို့မဟုတ် စီးပွားရေးလောက၌ ကျွန်ုပ်တို့၏ အဘယ်ရေတိုအောင်မြင်မှုများထက်မဆို ရေရှည်တွင် အခြားသူများနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးသည် အမှန်ပင်သာ၍အရေးပါ၏။ ထို့ကြောင့် မေးစရာမှာ သူတစ်ပါးနှင့် ကျွန်ုပ်တို့ဆက်ဆံပုံ—ကျွန်ုပ်တို့၏အပြောအဆို၊ ကျွန်ုပ်တို့၏အမူအကျင့်၊ ကျွန်ုပ်တို့၏ကိုယ်ဟန်အမူအရာ အစရှိသည်တို့သည် သူတို့အပေါ် မည်သို့အကျိုးသက်ရောက်သနည်းဖြစ်သည်။ ကျွန်ုပ်တို့ကို ချဉ်းကပ်ရလွယ်ကူသူ၊ သို့မဟုတ် အဖက်မလုပ်တတ်သူအဖြစ် ရှုမြင်ကြသလော။ ကြင်နာတတ်သူအဖြစ်လော၊ ခက်ထန်ကြမ်းတမ်းသူအဖြစ်လော။ ပြောင်းသာလွဲသာရှိသူအဖြစ်လော၊ စည်းကမ်းတင်းကျပ်သူအဖြစ်လော။ ခင်မင်ရင်းနှီး၍ ထောက်ထားစာနာတတ်သူအဖြစ်လော၊ အေးတိအေးစက်နိုင်ပြီး ရင်းနှီးဖော်ရွေမှုမရှိသူအဖြစ်လော။ အပျက်သဘောဖြင့် ဝေဖန်တတ်သူအဖြစ်လော၊ အပြုသဘောရှိရှိ အကြံပေးတတ်သူအဖြစ် ရှုမြင်ကြသလော။ ကျွန်ုပ်တို့သင်ခန်းစာယူနိုင်သော အတိတ်နှင့် မျက်မှောက်ခေတ် ပုံနမူနာအချို့ကို ဆန်းစစ်ကြည့်ကြပါစို့။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

တန်ခိုးရှင်တစ်ပါးက ကျွန်ုပ်တို့ကို အခြားသူများရှုမြင်သကဲ့သို့ ကိုယ့်ကိုယ်ကို ရှုမြင်နိုင်သောအစွမ်းပေးလျှင်ကောင်းမည်ဟု ရောဘတ် ဘန်းစ် ဆန္ဒရှိခဲ့

[Credit Line]

From the book A History of England

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ