ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၁၁/၁၅ စာ. ၃၂
  • အနာဂတ် ရာဇဝတ်မှုကင်းမဲ့သည့်ကမ္ဘာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အနာဂတ် ရာဇဝတ်မှုကင်းမဲ့သည့်ကမ္ဘာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၁၁/၁၅ စာ. ၃၂

အနာဂတ် ရာဇဝတ်မှုကင်းမဲ့သည့်ကမ္ဘာ

ရာဇဝတ်သားများမရှိတော့သည့် ကမ္ဘာကို သင်မြင်ယောင်ကြည့်နိုင်လျှင် မြင်ယောင်ကြည့်လိုက်ပါ! ထိုတွင် ရဲသားများ၊ အကျဉ်းထောင်များ၊ သို့မဟုတ် စရိတ်စကများပြီး နက်နဲရှုပ်ထွေးသည့် ရာဇဝတ်မှုတရားစီရင်ရေးစနစ်များ မလိုအပ်တော့ပေ။ ထိုကမ္ဘာလောကတွင် သူတစ်ပါး၏အသက်နှင့် ပိုင်ဆိုင်ရာများကို လူတိုင်း တန်ဖိုးထားလေးစားကြလိမ့်မည်။ ၎င်းသည် ယုံရခက်ပုံရှိသလော။ ထိုသို့ပင် သင်ယူမှတ်ပေမည်၊ သို့သော်လည်း ဤအံ့ဖွယ်ကောင်းသောပြောင်းလဲမှုကြီး ဖြစ်ပေါ်လာမည်ကို သမ္မာကျမ်းစာက အတိအကျကတိပေးထားသည်။ ဤကမ္ဘာပေါ်ရှိ ရာဇဝတ်မှုနှင့် အခြားမကောင်းမှုများနှင့်ပတ်သက်၍ ကျမ်းစာကြိုဟောထားရာများကို သုံးသပ်ကြည့်ပါလေ။

ဆာလံကျမ်းတွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရ၏– “လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့်။ မတရားသဖြင့်ပြုသောသူတို့ကို မငြူစူနှင့်။ အကြောင်းမူကား သူတို့သည် မကြာမမြင့်မီ မြက်ပင်ကဲ့သို့ ရိတ်ခြင်းကိုခံရ၍ စိမ်းသောပျိုးပင် ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်။ စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” (ဆာလံ ၃၇:၁၊ ၂၊ ၁၁) ဘုရားသခင်၏ ဤကတိတော်နှင့် တခြားအားရှိဖွယ်ကတိတော်အားလုံး ပြီးပြည့်စုံလာစေရန် ကိုယ်တော်အား မည်သူကမျှ ဟန့်တားနိုင်မည်မဟုတ်ချေ။

ဘုရားသခင်၏နိုင်ငံတော်အားဖြင့် အဆိုပါကောင်းချီးများကို ဆောင်ကြဉ်းပေးမည်။ သခင့်ဆုတောင်းချက်တွင် ယေရှုခရစ်က အဆိုပါဘုရားသခင့်နိုင်ငံတော်တည်ထောင်လာရန်နှင့် ဘုရားသခင်၏အလိုတော် “ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံ” လာစေရန် ဆုတောင်းဖို့ မိမိ၏နောက်လိုက်များအား သွန်သင်ပေးခဲ့သည်။ (မဿဲ ၆:၉၊ ၁၀) မကြာမီ ထိုဘုရားသခင့်နိုင်ငံတော်တွင် ဆင်းရဲနွမ်းပါးမှု၊ ဖိနှိပ်မှု၊ သို့မဟုတ် ကိုယ်ကျိုးရှာစိတ်တို့ကြောင့် အဘယ်ကမ္ဘာသားကမျှ ရာဇဝတ်မှုကျူးလွန်လိုတော့မည်မဟုတ်ချေ။ ယင်းအစား၊ သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “ပြည်တော်၌ များစွာသောစပါးရှိ၍ . . . တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။” (ဆာလံ ၇၂:၁၆) ယေဟောဝါဘုရားသခင်သည် ကမ္ဘာသားတိုင်းကို ကောင်းရာများ မပြတ်တမ်း ခံစားစေတော်မူလိမ့်မည်။ ထိုထက်မက လူ့အဖွဲ့အစည်းသည် ဘုရားသခင်နှင့် အိမ်နီးချင်းကို ချစ်သည့်မေတ္တာ၌ အမြစ်စွဲကာ ရာဇဝတ်မှုကြောင့် ဤကမ္ဘာကြီးသည် နောက်တစ်ဖန် မငြိမ်မသက်ဖြစ်တော့မည်မဟုတ်ပေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ