ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၉/၁၅ စာ. ၃၂
  • ‘ထိုက်တန်သူကို ရှာဖွေလော့’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ထိုက်တန်သူကို ရှာဖွေလော့’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၉/၁၅ စာ. ၃၂

‘ထိုက်တန်သူကို ရှာဖွေလော့’

ကျွန်ုပ်တို့၏ခရစ်နှစ်ပထမရာစုတွင် ဒမာသက် [ဒမားစ်ကပ်စ်] မြို့သည် စီးပွားရေးဖွံ့ဖြိုးသောမြို့တစ်မြို့ဖြစ်ခဲ့သည်။ သစ်သီးခြံများဝိုင်းရံလျက်ရှိရာ အရှေ့ဘက်အရပ်များမှ ကုလားအုတ်ယာဉ်တန်းများအတွက် အိုအေစစ်ပမာဖြစ်၏။ ယေရှုခရစ်သေဆုံးပြီးမကြာမီ ဒမာသက်မြို့တွင် ခရစ်ယာန်အသင်းတော်တစ်ခု တည်ရှိခဲ့သည်။ ထိုအသင်းသားများတွင် စီ.အီး. ၃၃ က ယေရုရှလင်မြို့၌ကျင်းပခဲ့သော ပင်တေကုတ္တေပွဲအတွင်း ယေရှု၏နောက်လိုက်များဖြစ်လာကြမည့် ဂျူးများပါဝင်သည်။ (တမန်တော် ၂:၅၊ ၄၁) သတေဖန်ကို ကျောက်ခဲနှင့်ပေါက်သတ်မှုဖြစ်ပြီးနောက် နှိပ်စက်ညှဉ်းပန်းမှု ဖြစ်ပေါ်လာသောအခါ ယုဒပြည်မှ တပည့်အချို့သည် ဒမာသက်မြို့သို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြမည်။—တမန်တော် ၈:၁။

ဖြစ်နိုင်သည်မှာ စီ.အီး. ၃၄ အတွင်း ဒမာသက်မြို့မှ အာနနိအမည်ရှိသူ ခရစ်ယာန်တစ်ဦးသည် ထူးခြားသောတာဝန်တစ်ခုကို ရရှိခဲ့၏။ သခင်အရှင်က သူ့ကို ဤသို့ဆို၏– “သင်သည်ထ၍ လမ်းဖြောင့်အမည်ရှိသောလမ်းသို့သွားလော့။ ရှောလုအမည်ရှိသော တာရှုမြို့သားကို ယုဒ၏အိမ်၌ ရှာဖွေလော့။ အကြောင်းမူကား၊ ထိုသူသည် ဆုတောင်းလျက်နေ၏။”—တမန်တော် ၉:၁၁။

လမ်းဖြောင့်အမည်ရှိသောလမ်းသည် တစ်မိုင်ခန့် ရှည်ပြီး ဒမာသက်မြို့လယ်ကောင်တွင်ရှိ၏။ ပူးတွဲပါ ၁၉ ရာစုမှ ထွင်းပုံကိုကြည့်ပြီး ရှေးခေတ်မှ အဆိုပါလမ်းကို သင်ပုံဖော်ကြည့်နိုင်သည်။ လမ်း၏ဖွဲ့စည်းပုံအနေအထားကြောင့် အာနနိသည် ယုဒ၏အိမ်ကို အချိန်အနည်းငယ်ကြာ ရှာယူခဲ့ရပေမည်။ သို့သော် အာနနိသည် အိမ်ကိုရှာတွေ့ခဲ့ရာ နောက်ဆုံးတွင် ရှောလုသည် သတင်းကောင်းကို ဇွဲရှိရှိကြေညာသော တမန်တော်ပေါလုဖြစ်လာလေသည်။—တမန်တော် ၉:၁၂-၁၉။

ယေရှုသည် တပည့်များကိုစေလွှတ်ပြီး သတင်းကောင်းနှင့် ‘ထိုက်တန်သူများကို ရှာဖွေ’ ရန် မိန့်မှာခဲ့၏။ (မဿဲ ၁၀:၁၁) အာနနိသည် ရှောလုကို လိုက်လံရှာဖွေခဲ့ရပုံရှိသည်။ အာနနိကဲ့သို့ပင် ယေဟောဝါသက်သေများသည် ထိုက်တန်သူများကို ဝမ်းသာအားရရှာဖွေကြပြီး ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို သူတို့လက်ခံကြသောအခါ အလွန်ပျော်ရွှင်ကြ၏။ ထိုသူတို့ကိုရှာတွေ့ခြင်းသည် ကြိုးပမ်းရကျိုးနပ်စေပါသည်။—၁ ကောရိန္သု ၁၅:၅၈။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

မျက်မှောက်ခေတ် “လမ်းဖြောင့်အမည်ရှိသောလမ်း”

[Picture Credit Line on page 32]

From the book La Tierra Santa, Volume II, 1830

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ