ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၂/၁၅ စာ. ၃၂
  • လောကကို မည်သူကျွေးမွေးမည်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လောကကို မည်သူကျွေးမွေးမည်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၂/၁၅ စာ. ၃၂

လောကကို မည်သူကျွေးမွေးမည်နည်း

ငတ်မွတ်ခေါင်းပါးခြင်းကို တိုက်ဖျက်နေသည့် ကုလသမဂ္ဂအေဂျင်စီ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ ခန့်မှန်းချက်အရ အများစုမှာ ကလေးများဖြစ်ကြသော လူသန်းပေါင်း ၈၀၀ သည် အငတ်ဘေးကြုံနေကြရသည်။ ဤအခြေအနေအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများစွာ အသုံးချနိုင်သည့် သယံဇာတများနှင့် အာရုံစိုက်မှုတို့ကို အကြမ်းဖက်မှုအစရှိသော အခြားပြဿနာများက လက်ဝါးကြီးအုပ်ထားကြောင်း မကြာသေးမီက ထိုအေဂျင်စီ ပြောဆိုခဲ့သည်။ ကူးစက်ရောဂါများ ပျံ့နှံ့နေခြင်းကလည်း ထိုပြဿနာကို တိုး၍ဆိုးရွားစေသည်။ အေ့ဒ်စ်ရောဂါ အနှံ့အပြားဖြစ်နေသော အာဖရိကနိုင်ငံများနှင့်ပတ်သက်ပြီး ထိုအေဂျင်စီ၏ ကမ္ဘာချီကျောင်းကျွေးမွေးရေးအစီရင်ခံစာက ဤသို့ဆိုသည်– “မိဘမျိုးဆက်တစ်ခုလုံး အစတုံးနေသည်။ ကျန်ရစ်သူကလေးများသည် ကိုယ့်ဝမ်းကိုယ်ကျောင်းကြရသည်၊ အများစုမှာ မျိုးဆက်တစ်ဆက်မှတစ်ဆက် လက်ဆင့်ကမ်းလေ့ရှိသည့် စိုက်ပျိုးရေးအခြေခံပညာမရှိ၊ ဘဝအတတ်ပညာများမရှိဘဲ ဖြစ်နေရရှာသည်။”

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ကျောင်းများတွင် အနည်းဆုံး တစ်ရက်လျှင် တစ်နပ်စာကျွေးမွေးရန် ဦးဆောင်လှုပ်ရှားနေသည်။ ယင်းအစီအစဉ်သည် ငတ်မွတ်မှုကို ပြေပျောက်စေရုံမက ပုံမှန်ပညာသင်ကြားရေးမှတစ်ဆင့် လူငယ်များအကြား အိပ်ချ်အိုင်ဗွီ/အေ့ဒ်စ်ရောဂါ ကာကွယ်ရန် ရည်စူးထားသည့် အခြားအစီအစဉ်များကိုလည်း ဖြစ်မြောက်စေသည်။

ထိုအစီအစဉ် ဦးဆောင်လှုပ်ရှားနေသောဒေသတို့တွင် ကလေးများသည် အစာစားနေရသည်၊ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် လေ့ကျင့်ခံရပြီး အခြားအကူအညီများ ရရှိနေကြသည်။ လူတို့၏အမူအကျင့် ပြောင်းလဲသည့်ဒေသများတွင် အိပ်ချ်အိုင်ဗွီ/အေ့ဒ်စ်ရောဂါ ကူးစက်နှုန်း လျော့နည်းသွားကြောင်းလည်း တွေ့ ရှိရသည်။

လူ့ကြိုးပမ်းမှုများသည် ပြဿနာတချို့တစ်ဝက်ကိုသာ ဖြေရှင်းပေးနိုင်ပြီး အပြီးအပြတ် မဖြေရှင်းပေးနိုင်ခြင်းမှာ ဝမ်းနည်းစရာပင်။ သို့သော် သမ္မာကျမ်းစာတွင် အငတ်ဘေးကို အပြီးသတ်ဖြေရှင်းပေးမည်ဖြစ်ကြောင်း ကတိပြုထားသည်မှာ အားရှိဖွယ်ဖြစ်၏။ “ပြည်တော်၌ များစွာသောစပါးရှိ” လိမ့်မည်ဟု ဆာလံ ၇၂:၁၆ ကဆိုထားသည်။ ဘုရားသခင့်နိုင်ငံတော်အောက်တွင် လူတို့သည် ယေဟောဝါဘုရားသခင်အကြောင်း ဤသို့ပြောဆိုနိုင်ကြမည်– ကိုယ်တော်သည် “မြေကြီးကို အကြည့်အရှုကြွလာ၍ . . . အလွန်ကြွယ်ဝစေတော်မူ၏။ ထိုသို့မြေကိုပြုပြင်ပြီးမှ မြေသားတို့အဖို့ စပါးကိုပြုပြင်တော်မူ၏။”—ဆာလံ ၆၅:၉။

[Picture Credit Line on page 32]

WFP/Y. Yuge

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ