ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၁၁/၁ စာ. ၃၂
  • နားမကြားသူတို့ကို သတင်းကောင်းဟောပြောကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နားမကြားသူတို့ကို သတင်းကောင်းဟောပြောကြ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၁၁/၁ စာ. ၃၂

နားမကြားသူတို့ကို သတင်းကောင်းဟောပြောကြ

“သူတို့ဟာ ဝိညာဉ်ရေးနဲ့ဆိုင်တဲ့ သတင်းကောင်းကို ယူလာပေးတယ်။” ယင်းသည် စပိန်နိုင်ငံ၊ မဒရစ်မြို့၊ နဗဲလ်ကာနီရို ဘိုးဘွားရိပ်သာ၏ဒါရိုက်တာက ထိုရိပ်သာသို့ လာလည်ပတ်သော ယေဟောဝါသက်သေများအကြောင်း မကြာသေးမီက ပြောပြခဲ့ပုံဖြစ်သည်။ ယင်းသို့ပြောဆိုရန် အဘယ်အရာက လှုံ့ဆော်ခဲ့သနည်း။

ရိုဆက်ဒဲလ်ကမီနိုတွင် နေထိုင်သူများစွာသည် နားမကြားသူများဖြစ်ကြသည်။ သို့သော် သက်သေခံများမူ စပိန်လက်ဟန်ပြဘာသာစကားကို သင်ယူခဲ့သောကြောင့် ထိုသူတို့နှင့် ပြောဆိုဆက်သွယ်နိုင်ခဲ့သည်။ လိုအပ်နေသူတို့အား ကျမ်းစာထဲမှ အဖိုးထိုက်တန်ရာများ သင်ကြားပေးရန် မိမိတို့အချိန်ကို အခမဲ့ပေးနေကြသည့် သက်သေခံများကို ဒါရိုက်တာက ချီးမွမ်းခဲ့သည်။ ထိုတွင်နေထိုင်သူများအား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းအကြောင်း သင်ကြားပေးခြင်းက အလွန်ပင်အကျိုးဖြစ်ထွန်းကြောင်း သူသတိပြုမိသည်။ ထိုတွင်နေထိုင်ကြသူများ အထူးသဖြင့် အကြားအမြင်အာရုံအားနည်းနေသူများလည်း သက်သေခံတို့၏လည်ပတ်မှုကို အလွန်တန်ဖိုးထားခဲ့ကြသည်။

ထိုတွင်နေထိုင်သော မျက်မမြင်နားမကြားတစ်ဦးဖြစ်သည့် ယူလိုဂျီအိုသည် ယခု ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာနေသည်။ တစ်နေ့၊ သင်အံမှုကျင်းပနေစဉ် သက်ကြီးပိုင်းအမျိုးသားတစ်ဦး ချဉ်းကပ်လာပြီး ကျေးဇူးတင်ကြောင်း သူတို့ရေးစပ်ထားသောကဗျာကို သက်သေခံအား ပေးခဲ့သည်။ “သက်သေခံတစ်ဦးမည်သည်” ဟူ၍ ခေါင်းစဉ်တပ်ထားသည့် ကဗျာထဲတွင် “ကျေနပ်ဖွယ်ရာ အသက်တာနဲ့ စည်းကမ်းတကျ သက်ရှင်ကာ၊ ရွှင်လန်းဖွယ်ရာ ဉာဏ်ပညာကို ယေဟောဝါထံမှရရှိတာ။ ယေဟောဝါအား ကိုးစားကာ လူးလာခေါက်ပြန်လည်ပတ်တာ” ဟုပါရှိသည်။

ကမ္ဘာတစ်ဝန်းရှိ သက်သေခံများစွာသည် ယေဟောဝါအား ယုံကြည်ကိုးစားကြသောကြောင့် မိမိတို့နိုင်ငံရှိ နားမကြားသူများ၏ လက်ဟန်ပြဘာသာစကားကို သင်ယူခဲ့ကြသည်။ ဤနည်းဖြင့် သူတို့သည် သမ္မာကျမ်းစာပါ အားတက်ဖွယ် မျှော်လင့်ချက်သတင်းစကားကို ထိုသူတို့အား မျှဝေပေးကမ်းကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ