ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၂/၁ စာ. ၃၂
  • လာဂါနီအောင်းနာပင် နှင့်သင်တူသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လာဂါနီအောင်းနာပင် နှင့်သင်တူသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၂/၁ စာ. ၃၂

လာဂါနီအောင်းနာပင် နှင့်သင်တူသလော

ခရစ်ယာန်ဓမ္မအမှုဆောင်နှစ်ဦးသည် ပါပူဝါနယူးဂီနီ၊ မော်ရက်စ်ဘီဆိပ်ကမ်းမြို့စွန် ရှိ ရွာတစ်ရွာတွင် ဟောပြောပြီး အိမ်သို့ပြန်လာနေကြသည်။ သူတို့လမ်းလျှောက်လာစဉ် လှပသောသစ်ပင်တစ်ပင်ကို တွေ့ မြင် ခဲ့ရာ အသက်ကြီးသူက “လာဂါနီအောင်းနာပင်ပါလား!” ဟုပြောကာ လူငယ်ဖြစ်သူအား “ဒီနာမည်ရဲ့အဓိပ္ပာယ်က ‘နှစ်စဉ်ပင်’ ဆိုတာသိလား။ အပူပိုင်းဒေသမှာပေါက်တဲ့ တခြားအပင်တွေနဲ့မတူဘဲ ဒီအပင်ဟာ နှစ်တိုင်း အရွက်ကြွေပြီး အပင်သေသွားပုံပေါက်ပေမဲ့ မိုးဦးကျတာနဲ့ ပြန်ရှင်သန်လာပြီး အပွင့်ဝေဆာလှပလာတယ်” ဟုရှင်းပြ ခဲ့သည်။

စိန်ပန်းပင်ဟုခေါ်သော လာဂါနီအောင်းနာပင်မှ ကျွန်ုပ်တို့သင်ခန်းစာယူနိုင်ပါသည်။ ကျွမ်းကျင်သူအချို့၏အဆိုအရ ယင်းအပင်သည် ကမ္ဘာ့အလှဆုံးပန်းပင် ငါးမျိုးအဝင်ဖြစ်သည်။ ယင်းသည် နွေရာသီတွင် အပွင့်၊ အရွက်တို့ ကြွေသွားသော်လည်း ရေကိုဆက်သိုလှောင်ထားသည်။ ထိုအပင်၏အမြစ်များသည် ခိုင်မြဲပြီး မြေကြီးအတွင်းပိုင်းရှိ ကျောက်များကြားတွင်ပင် အမြစ်တွယ်နိုင်သည်။ ဤနည်းဖြင့် လေပြင်းတိုက်ခတ်မှုဒဏ်ကို ခံရပ်နိုင်၏။ ခြုံပြောရလျှင် ယင်းအပင်သည် ခက် ခဲသောအခြေအနေများကြား ရှင်သန်နိုင်သည်။

ကျွန်ုပ်တို့၏ယုံကြည်ခြင်း မည်မျှခိုင်မြဲကြောင်းစမ်းသပ်သည့် အခြေအနေများ ကြုံရပေမည်။ ထိုအခါ အဘယ်အရာက ခံနိုင်ရည်ရှိစေမည်နည်း။ လာဂါနီအောင်းနာပင် နည်းတူ ကျွန်ုပ်တို့ သည် သမ္မာကျမ်းစာမှရနိုင်သော အသက်ရေကို သောက်သုံးကာ သိုမှီးထားနိုင်သည်။ ထို့ပြင် “ကျွန်ုပ်တို့၏ကျောက်” ဖြစ်တော်မူသော ယေဟောဝါနှင့် ကိုယ်တော်၏အဖွဲ့အစည်းကို မြဲမြံစွာတွယ်ကပ်နေသင့်သည်။ (၂ ဓမ္မရာဇဝင် ၂၂:၂) ယေဟောဝါရှင်၏ပြင်ဆင်ပေးချက်များကို ကောင်းစွာအသုံးချမည်ဆိုလျှင် ခက် ခဲကြမ်းတမ်းသောဝန်းကျင်တွင်ပင် ဝိညာဉ်ရေးအရ ဆက်၍သန်စွမ်းလှပနေနိုင်ကြောင်း စိန်ပန်းပင်က အမှန်ပင်အမှတ်ရစေသည်။ ယင်းသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့ သည် ထာဝရအသက်အပါအဝင် ကိုယ်တော်၏ “ကတိတော်တို့ ကို အမွေခံရ” ကြမည်ဖြစ်၏။—ဟေဗြဲ ၆:၁၂; ဗျာ. ၂၁:၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ