ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၅/၁၅ စာ. ၃၂
  • “အားနည်းသောတန်ဆာ”၏တန်ဖိုး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “အားနည်းသောတန်ဆာ”၏တန်ဖိုး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၅/၁၅ စာ. ၃၂

“အားနည်းသောတန်ဆာ”၏တန်ဖိုး

“ယောက်ျားတို့၊ . . . သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍၊ အားနည်းသောသူကိုပြုသင့်သည်အတိုင်း သူ့ကိုစောင့်မပြုစုကြလော့” ဟု တမန်တော်ပေတရုရေးသားခဲ့သည်။ (၁ ပေတရု ၃:၇) ဤကျမ်းချက်က အမျိုးသမီးတစ်ဦးကို “အားနည်သောတန်ဆာ” အဖြစ် ဖော်ပြထားသောကြောင့် အမျိုးသမီးများကို တစ်နည်းနည်းဖြင့် နှိမ်သည်ဟု ဆိုလိုသလော။ မှုတ်သွင်းခံစာရေးသူ၏ မူလဆိုလိုချက်ကို ကြည့်ကြစို့။

“ဂုဏ်တင်မှု” ဟုပြန်ဆိုထားသော ဂရိနာမ်သည် “တန်ဖိုးထားမှု၊ အရေးပါမှု၊ . . . လေးစားမှု” ဟူ၍ အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ခရစ်ယာန်လင်ယောက်ျားတစ်ဦးသည် မိမိဇနီးကို နုနယ်ပြီး အဖိုးတန်,တန်ဆာအဖြစ် ထိုက်သင့်စွာ ထောက်ထားစာနာမှုပြကာ ကြင်နာစွာ ဆက်ဆံရန်ဖြစ်သည်။ ယင်းသည် နှိမ်နေခြင်း လုံးဝမဟုတ်ချေ။ ဥပမာအနေနှင့်၊ တီဖင်နီ၏ ကြာပန်းပုံမီးအိမ်ကို သုံးသပ်ကြည့်ပါ။ လက်ရာမြောက်လှသော ဤမီးအိမ်သည် အမှန်ကျိုးပဲ့လွယ်သည်ဟု ထင်ရ၏။ သို့သော် မီးအိမ်၏ ကျိုးပဲ့လွယ်သောသဘောသဘာဝက ယင်း၏တန်ဖိုးကို လျော့နည်းစေသလော။ ဝေးလေစွ! ၁၉၉၇ ခု နှစ်တွင် တီဖင်နီ၏ မူလကြာပန်းပုံမီးအိမ်ကို ဒေါ်လာ ၂.၈ သန်းဖြင့် လေလံတင်ခဲ့သည်! ၎င်း၏နုနယ်မှုက တန်ဖိုးကို မကျသွားစေဘဲ တက်စေခဲ့၏။

ထိုနည်းတူ၊ အမျိုးသမီးတစ်ဦးကို အားနည်းသောတန်ဆာအဖြစ် ဖော်ပြခြင်းက သူ့ကို တန်ဖိုးကျစေ သို့မဟုတ် ဂုဏ်နိမ့်စေသည်မဟုတ်ပါ။ “သတိပညာနှင့်လျော်စွာ” မိမိဇနီးနှင့်အတူ နေထိုင်ခြင်းဟုဆိုရာတွင် သူ၏အားသာချက်များနှင့် အားနည်းချက်များ၊ နှစ်သက်သည့်အရာများနှင့် မနှစ်သက်သည့်အရာများ၊ သဘောထားနှင့် ခံစားချက်များကို လင်ယောက်ျားက ထည့်တွက်စဉ်းစားခြင်းဖြစ်သည်။ ချစ်ခင်ကြင်နာတတ်သော ခင်ပွန်းသည်တစ်ဦးသည် သူနှင့် သူ့ဇနီးတို့တွင် မတူညီသောပင်ကိုစရိုက်ရှိသည်ကို အသိအမှတ်ပြု၏။ “ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်း” ငှာ ဇနီးသည်ကို ထောက်ထားစာနာမှုပြရမည်။ (၁ ပေတရု ၃:၇) ဇနီး၏အရည်အသွေးများကို လေးစားမှုမပြသော ခင်ပွန်းတစ်ဦးသည် ဘုရားသခင်နှင့် မိမိ၏ဆက်ဆံရေးကို ထိခိုက်စေ၏။ ဘုရားသခင့်နှုတ်မြွက်စကားတော်က အမျိုးသမီးများကို မနှိမ်သည်မှာ ရှင်းနေသည်။ ယင်းအစား၊ သူတို့ကို ဂုဏ်တင်ချီးမြှင့်နေခြင်းဖြစ်သည်။

[Picture Credit Line on page 32]

© Christie’s Images Limited 1997

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ