ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၅/၁၅ စာ. ၂၉
  • အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားပုံ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ဘာလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • “ကျွန်တော်တို့အားလုံး တညီတညွတ်တည်း သဘောတူဆုံးဖြတ်ခဲ့ပါတယ်”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • မေတ္တာဖြင့်စုဝေးခဲ့ကြ—နှစ်ပတ်လည်အစည်းအဝေးမှတ်တမ်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • “ထိုသို့သောသူတို့ကို မြတ်နိုးကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၅/၁၅ စာ. ၂၉

အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားပုံ

ယေဟောဝါသက်သေတို့၏ အုပ်ချုပ်ရေးအဖွဲ့တွင် ဘုရားသခင့်ဝိညာဉ်တော်ဖွားကျေးကျွန်များဖြစ်ကြသော အပ်နှံထားသည့်ခရစ်ယာန်အမျိုးသားများ ပါဝင်သည်။ သူတို့သည် ဝိညာဉ်ရေးအစာကျွေးမွေးခြင်း၊ ညွှန်ကြားချက်ပေးခြင်းနှင့် ကမ္ဘာတစ်ဝန်း ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့်တင်ပေးခြင်းတို့ကို တာဝန်ယူသော တည်ကြည်၍ သတိပညာရှိကျေးကျွန်အတန်းအစားကို ကိုယ်စားပြုသည်။—မ. ၂၄:၁၄၊ ၄၅-၄၇။

အုပ်ချုပ်ရေးအဖွဲ့၏အစည်းအဝေးများကို ပတ်စဉ်၊ များသောအားဖြင့် ဗုဒ္ဓဟူးနေ့တွင်ကျင်းပသည်။ ယင်းက ဤညီအစ်ကိုများကို စည်းလုံးစွာအတူတကွလုပ်ဆောင်ကြရန် ဖြစ်စေသည်။ (ဆာ. ၁၃၃:၁) အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ကော်မတီအသီးသီးတွင်လည်း တာဝန်ထမ်းဆောင်ကြသည်။ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို တာဝန်ယူကြည့်ရှုရာတွင် ကော်မတီတစ်ခုစီသည် အောက်တွင် အကျဉ်းချုံးဖော်ပြထားသည့်အတိုင်း ကြီးကြပ်ရသည့်နယ်ပယ်တစ်ခုစီရှိသည်။

◼ ညှိနှိုင်းရေးမှူးများ၏ကော်မတီ– ဤကော်မတီသည် အုပ်ချုပ်ရေးအဖွဲ့ကော်မတီအသီးသီးမှ ညှိနှိုင်းရေးမှူးတစ်ဦးစီနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်ပင်ဖြစ်သော အတွင်းရေးမှူးတစ်ဦးဖြင့် ဖွဲ့စည်းထားသည်။ ယင်းက ကော်မတီအားလုံး ကောင်းမွန်ထိရောက်စွာ လုပ်ဆောင်ကြောင်း သေချာစေသည်။ ဤကော်မတီသည် အထူးအရေးပေါ်ကိစ္စများ၊ နှိပ်စက်ညှဉ်းပန်းမှုများ၊ သဘာဝဘေးဒဏ်များနှင့် ကမ္ဘာတစ်ဝန်းယေဟောဝါသက်သေများကို ထိခိုက်သော အခြားအရေးတကြီးကိစ္စများကိုလည်း ဂရုစိုက်တာဝန်ယူသည်။

◼ ဝန်ထမ်းရေးရာကော်မတီ– ဤကော်မတီပါညီအစ်ကိုများသည် ကမ္ဘာတစ်ဝန်းရှိ ဗေသလမိသားစုဝင်များ၏ကာယရေး၊ ဝိညာဉ်ရေးကောင်းကျိုးဆိုင်ရာ အစီအစဉ်များကို ကြီးကြပ်ပေးခြင်းနှင့် အခြားနည်းလမ်းများဖြင့် အထောက်အကူပေးခြင်းတာဝန် ရရှိထားကြသည်။ ဤကော်မတီသည် ဗေသလမိသားစုဝင်လူသစ်များ ရွေးချယ်ခြင်းနှင့် ဖိတ်ခေါ်ခြင်းတို့ကို ကြီးကြပ်ပြီး ဗေသလလုပ်ငန်းနှင့်ပတ်သက်သော မေးခွန်းများကို ဖြေရှင်းပေးသည်။

◼ ပုံနှိပ်ထုတ်ဝေရေးကော်မတီ– ဤကော်မတီသည် ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် ကမ္ဘာတစ်ဝန်း ကျမ်းစာစာပေများတင်ပို့ခြင်းတို့ကို ကြီးကြပ်ပေးသည်။ ယေဟောဝါသက်သေများ၏ ကော်ပိုရေးရှင်းအသီးသီး ပိုင်ဆိုင်အသုံးပြုနေသည့် ပုံနှိပ်တိုက်များနှင့် မြေရာအဆောက်အအုံများကို ကြီးကြပ်သည်။ ဤကော်မတီသည် ကမ္ဘာချီဘုရားသခင့်နိုင်ငံတော်လုပ်ငန်းအတွက် ထည့်ဝင်သောအလှူငွေများကို အကောင်းဆုံးအသုံးပြုရန် စီစဉ်ပေးသည်။

◼ လုပ်ငန်းတော်ကော်မတီ– ဤကော်မတီတွင်ပါဝင်သူတို့သည် ဟောပြောခြင်းလုပ်ငန်းနှင့် အသင်းတော်များ၊ ရှေ့ဆောင်များ၊ အကြီးအကဲများ၊ နယ်လှည့်ကြီးကြပ်မှူးများနှင့်ဆိုင်သောကိစ္စရပ်များကို ကြီးကြပ်ပေးသည်။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုပြင်ဆင်ခြင်းကို ကြီးကြပ်ပြီး ဂိလဒ်ကျောင်းနှင့် ဓမ္မအမှုသင်တန်းကျောင်းအတွက် ကျောင်းသားများကို ဖိတ်ခေါ်ကာ သင်တန်းဆင်းပြီးနောက် တာဝန်များချမှတ်ပေးသည်။

◼ သွန်သင်ခြင်းကော်မတီ– ဤကော်မတီသည် စည်းဝေးပွဲများ၊ စည်းဝေးကြီးများနှင့် အသင်းတော်အစည်းအဝေးများ၌ တင်ဆက်သောအကြောင်းအရာကို တာဝန်ယူဆောင်ရွက်သည်။ ဗေသလမိသားစုဝင်များအတွက် ဝိညာဉ်ရေးအစီအစဉ်များကို စီစဉ်ပေးပြီး အော်ဒီယိုနှင့် ဗီဒီယိုအစီအစဉ်များ ပြင်ဆင်ခြင်းအပြင် ဂိလဒ်ကျောင်း၊ ရှေ့ဆောင်လုပ်ငန်းကျောင်းကဲ့သို့သော ကျောင်းသီးသီးကို ကြီးကြပ်သည်။

◼ စာပေပြုစုရေးကော်မတီ– ဤကော်မတီ၏တာဝန်မှာ ယုံကြည်သူချင်းများနှင့် အများပြည်သူတို့ထံ စာပေဖြန့်ချိရန် ဝိညာဉ်ရေးအစာကို အရေးအသားပုံစံအဖြစ်ပြုလုပ်ခြင်းကို ကြီးကြပ်ရန်ဖြစ်သည်။ ဤကော်မတီသည် ကျမ်းစာမေးခွန်းများကို ဖြေဆိုပြီး ထိုအကြောင်းအရာကို ပြဇာတ်စာမူများနှင့် ဟောပြောချက်အောက်လိုင်းများအသွင် ပြုလုပ်ကြသည်။ ကမ္ဘာတစ်ဝန်းတွင်ပြုလုပ်သော ဘာသာပြန်လုပ်ငန်းကိုလည်း ကြီးကြပ်ပေးသည်။

တမန်တော်ပေါလုသည် ဝိညာဉ်တော်ဖွားများ၏အသင်းတော်ကို လူ့ကိုယ်ခန္ဓာနှင့် နှိုင်းယှဉ်ခဲ့ပြီး ဘုရားသခင်ပေးအပ်သည့်လုပ်ငန်း ဆောင်ရွက်ရာတွင် အဖွဲ့ဝင်အားလုံးလုပ်ဆောင်သည့် အရေးကြီးသောကဏ္ဍများအပြင် သူတို့အချင်းချင်းအပြန်အလှန်မှီခိုမှု၊ မေတ္တာပြမှုနှင့် ပူးပေါင်းလုပ်ဆောင်မှုတို့ကိုပါ အလေးပေးဖော်ပြခဲ့သည်။ (ရော. ၁၂:၄၊ ၅; ၁ ကော. ၁၂:၁၂-၃၁) ဦးခေါင်းဖြစ်သူ ယေရှုခရစ်သည် အဖွဲ့ဝင်များအား ကောင်းစွာပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းလုပ်ဆောင်မှုနှင့် ကျမ်းစာသင်ကြားပေးမှုတို့အတွက် လိုအပ်သည့်အရာကို ထောက်မပေးသည်။ (ဧ. ၄:၁၅၊ ၁၆; ကော. ၂:၁၉) ဤနည်းဖြင့် အုပ်ချုပ်ရေးအဖွဲ့သည် သူတို့အား သန့်ရှင်းတော်ဝိညာဉ်တော်အားဖြင့် ယေဟောဝါညွှန်ကြားသည့်အတိုင်း ဦးဆောင်ရန် ဖွဲ့စည်းထားသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ