ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၇/၁ စာ. ၃၂
  • “အရမ်းကောင်းတာပဲ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “အရမ်းကောင်းတာပဲ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၇/၁ စာ. ၃၂

“အရမ်းကောင်းတာပဲ”

ရောင်စုံသရုပ်ဖော်ပုံများပါသော ၂၂၄ မျက်နှာရှိ သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ကို ၂၀၀၅ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး ထိုစာအုပ်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်မှ မောင်နှံစုံက အထက်ပါအတိုင်း ရေးသားခဲ့သည်။ “အဲဒီစာအုပ်က ရိုးရိုးရှင်းရှင်းဖြစ်လို့ လူတိုင်းလိုလို နားလည်နိုင်တယ်။ ပညာတတ်တွေရဲ့ ဝိညာဉ်ရေးလိုအပ်ရာတွေကိုလည်း ကျေနပ်တဲ့အထိ ဖြည့်ဆည်းပေးနိုင်လောက်အောင် နက်နဲတယ်” ဟု သူတို့ရှင်းပြခဲ့သည်။

စာအုပ်အမည်ကိုယ်နှိုက်က ဆွဲဆောင်မှုရှိကြောင်း အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်မှ မောင်နှံစုံ၏အဖြစ်အပျက်က ဖော်ပြသည်။ ထိုမောင်နှံစုံသည် ဖလော်ရီဒါပြည်နယ်တွင်ကျင်းပသော ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးကြီးကိုတက်ရောက်ကာ စာအုပ်ရရှိပြီးနောက် ဗဟားမားစ်သို့ အားလပ်ရက်ခရီးထွက်ခဲ့ကြသည်။ အကောက်ခွန်အရာရှိတစ်ဦးသည် သူတို့၏ခရီးဆောင်ပစ္စည်းများကို စစ်ဆေးနေစဉ် ထိုစာအုပ်ကို သတိပြုမိခဲ့၍ စာအုပ်နာမည်ကိုဖတ်ပြီးနောက် “ကျွန်မအမြဲပဲ ဒီမေးခွန်းရဲ့အဖြေကို သိချင်ခဲ့တာ” ဟုပြောခဲ့သည်။ သက်သေခံမောင်နှံစုံသည် သူတို့တွင်ရှိသောအပိုတစ်အုပ်ကို အရာရှိအားပေးလိုက်ရာ သူအလွန်သဘောကျသွားလေသည်။

နောက်တစ်နေ့တွင် ထိုမောင်နှံစုံသည် ကမ်းခြေ၌ ထိုစာအုပ်ဖတ်နေသည်ကို ခရီးသည်များအား ပစ္စည်းရောင်းချပေးနေသော ဒေသခံအမျိုးသမီးတစ်ဦးက သတိပြုမိသည်။ သူက ထိုနေ့အစောပိုင်းတွင် သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းဟူသောမေးခွန်းနှင့် အခြေခံအားဖြင့်တူညီသည့် မေးခွန်း၏အဖြေကိုရရန် ဘုရားသခင်ထံဆုတောင်းခဲ့ကြောင်း ပြောပြသည်။ ထိုစာအုပ်ကို သူအဘယ်မှရနိုင်ကြောင်းမေးမြန်းခဲ့၍ ထိုမောင်နှံစုံက သူတို့၏ နောက်ဆုံးလက်ကျန်အပိုတစ်အုပ်ကို ပေးလိုက်ရာ ထိုအမျိုးသမီး အလွန်ပျော်ရွှင်ခဲ့လေသည်။

ယခု သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို ဘာသာစကားပေါင်း ၁၇၉ မျိုးကျော်ဖြင့် ရရှိနိုင်ပြီး သန်း ၄၀ ကျော်ပုံနှိပ်ခဲ့ပြီးဖြစ်သည်။ ပူးတွဲပါကူပွန်ကို ဖြည့်စွက်ကာ ကူပွန်ပေါ်မှလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၄ တွင်ပါသော သင့်လျော်ရာလိပ်စာသို့ စာတိုက်မှပေးပို့၍ ဤစာအုပ်ကို သင် မှာယူနိုင်ပါသည်။ (g06 11-BU)

□ ဤတွင်ဖော်ပြထားသောစာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ