ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၈/၁ စာ. ၅-၆
  • ယခု ခက်ခဲကျပ်တည်းသောကာလ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယခု ခက်ခဲကျပ်တည်းသောကာလ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • “နောက်ဆုံးကာလ၊” “အဆုံးပိုင်းကာလ” ရဲ့ နိမိတ်က ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • “နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်ုပ်တို့ အသက်ရှင်နေကြပါသလား
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဒီလောကရဲ့အဆုံး နီးပြီလား
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ကျွန်ုပ်တို့သည် ‘နောက်ဆုံးကာလ’ တွင် အမှန်ပင်အသက်ရှင် နေပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၈/၁ စာ. ၅-၆

ယခု ခက်ခဲကျပ်တည်းသောကာလ

“ခက်ခဲကျပ်တည်းသောကာလ” ကို လူတို့ ကြုံတွေ့ရမည်ဟု ကျမ်းစာတွင် ကြိုဟောထားသည်။ ထိုကာလကို “နောက်ဆုံးသောနေ့ရက်များ” ဟုခေါ်ထားသည်။ (၂ တိမောသေ ၃:၁-၅၊ ကဘ; ၂ ပေတရု ၃:၃-၇) ယေရှုခရစ်သည် “ဤလောကစနစ်နိဂုံးပိုင်း၏နိမိတ်” နှင့်ပတ်သက်သည့် တပည့်များ၏မေးခွန်းကို ဖြေဆိုရာတွင် ထိုကာလအကြောင်းကိုပင် မိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၃၊ ကဘ) ကျွန်ုပ်တို့သည် နောက်ဆုံးသောနေ့ရက်များအတွင်း အသက်ရှင်နေကြပါသလော။ ကျမ်းစာကြိုဟောထားရာနှင့် အောက်တွင်ဖော်ပြထားသော နောက်ဆုံးသတင်းအချက်အလက်များကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် သင့်ဘာသာသင် ကောက်ချက်ချပါလေ။

သမ္မာကျမ်းစာကြိုဟောရာ– ကမ္ဘာချီပဋိပက္ခ—လုကာ ၂၁:၁၀; ဗျာ. ၆:၄။

နောက်ဆုံးသတင်းအချက်အလက်များ ပြောဆိုရာ– “၂၀ ရာစုအတွင်း စစ်ကြောင့် သေဆုံးသူဦးရေသည် ခရစ်တော်ဖွားမြင်ချိန်မှစ၍ လွန်ခဲ့သောအနှစ် ၁၉၀၀ အတွင်း သေဆုံးခဲ့သူဦးရေထက် သုံးဆပိုများသည်။”—ကမ္ဘာ့စောင့်ကြည့်ရေးအဖွဲ့။

သမ္မာကျမ်းစာကြိုဟောရာ– အစာခေါင်းပါးခြင်းနှင့် ရောဂါ—လုကာ ၂၁:၁၁; ဗျာ. ၆:၅-၈။

နောက်ဆုံးသတင်းအချက်အလက်များ ပြောဆိုရာ– ၂၀၀၄ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် လူပေါင်း ၈၆၃ သန်းသည် အာဟာရချို့တဲ့မှုဒဏ်ခံစားခဲ့ရပြီး ယင်းသည် ၂၀၀၃ ခုနှစ်ထက် ၇ သန်း ပိုများသည်။—ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့။

လူသန်းပေါင်းတစ်ထောင်ခန့်သည် ဆင်းရဲသားရပ်ကွက်များတွင် နေထိုင်နေပြီး သန်းပေါင်း ၂,၆၀၀ မှာ သန့်ရှင်းသည့် အခြေခံအညစ်အကြေးစွန့်စနစ်မရှိပေ; လူသန်းပေါင်း ၁,၁၀၀ မှာ သန့်ရှင်းသောသောက်ရေ မရရှိကြပေ။—ကမ္ဘာ့စောင့်ကြည့်ရေးအဖွဲ့။

လူသန်းပေါင်း ၅၀၀ မှာ ငှက်ဖျားရောဂါ ဖြစ်နေပြီး သန်း ၄၀ မှာ အိပ်ချ်အိုင်ဗွီ-အေ့ဒ်စ်ရောဂါခံစားနေရသည်; ၂၀၀၅ ခုနှစ်တွင် လူ ၁.၆ သန်းမှာ တီဘီရောဂါကြောင့် သေဆုံးခဲ့သည်။—ကမ္ဘာ့ကျန်းမာရေးအဖွဲ့။

သမ္မာကျမ်းစာကြိုဟောရာ– ကမ္ဘာမြေကြီးကို ဖျက်ဆီးခြင်း—ဗျာ. ၁၁:၁၈။

နောက်ဆုံးသတင်းအချက်အလက်များ ပြောဆိုရာ– “လူတို့၏လက်ချက်ကြောင့် မကြာမီ သက်ရှိမျိုးစိတ်အများအပြား မျိုးသုဉ်းတော့မည့်အခြေအနေရှိသည်။” “ကမ္ဘာ့သက်ရှိများကိုထောက်မပေးသော သဘာဝဖြစ်စဉ်သုံးပုံနှစ်ပုံနီးပါးသည် ကမ္ဘာချီပျက်ယွင်းလာနေကြောင်း တွေ့ရှိရသည်။”—အနှစ်တစ်ထောင်ဂေဟစနစ်အကဲဖြတ်ချက်။

“ကမ္ဘာ့လေထု၏အပူချိန်ကို မြင့်တက်စေသည့် လူလုပ်ဓာတ်ငွေ့များသည် ကမ္ဘာ့ရာသီဥတုကို လွန်စွာမမျှမတဖြစ်စေရာ ကမ္ဘာဂြိုဟ်အနေဖြင့် အန္တရာယ်ဆိုးကျိုးများကို ခံစားရဖွယ်ရှိသည်။”—နာဆာ (အမျိုးသားလေကြောင်းနှင့် အာကာသ စီမံကွပ်ကဲရေးအဖွဲ့)၊ ဂေါ့ဒဒ် အာကာသလေ့လာရေးတက္ကသိုလ်။

သမ္မာကျမ်းစာကြိုဟောရာ– ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာချီဟောပြောခြင်း—မဿဲ ၂၄:၁၄; ဗျာ. ၁၄:၆၊ ၇။

နောက်ဆုံးသတင်းအချက်အလက်များ ပြောဆိုရာ– ၂၀၀၇ ခုနှစ်အတွင်းတွင် ယေဟောဝါသက်သေ ၆,၉၅၇,၈၅၄ ဦးသည် နိုင်ငံပေါင်း ၂၃၆ နိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောရာ၌ နာရီ သန်းပေါင်း ၁,၄၀၀ ကျော် အသုံးပြုခဲ့သည်။—ယေဟောဝါသက်သေများ၏ ၂၀၀၈ နှစ်ချုပ်စာအုပ်။

အထက်တွင်ဖော်ပြထားသည့်အတိုင်း သတင်းဆိုးများကြားမှ အကောင်းမြင်သင့်သည့်အကြောင်းရင်း ရှိမည်ဖြစ်ကြောင်း ကျမ်းစာတွင် ကြိုဟောထားသည်။ ယေရှုသည် ဘုရားသခင့်နိုင်ငံတော် “သတင်းကောင်း” ကိုဟောပြောခဲ့သည်။ သို့ဆိုလျှင် ဘုရားသခင့်နိုင်ငံတော်ကား အဘယ်နည်း။ ယင်းသည် လူသားတို့၏ ကောင်းမွန်လှပသော အနာဂတ်မျှော်လင့်ချက်နှင့် မည်သို့ဆက်စပ်သနည်း။ ဘုရားသခင့်နိုင်ငံတော်သည် သင့်အပေါ် မည်သို့သက်ရောက်မှုရှိမည်နည်း။

[စာမျက်နှာ ၅ ပါ အကြောင်းအရာအကျဉ်း]

ယနေ့ ကျွန်ုပ်တို့တွေ့မြင်နေရသော ကမ္ဘာ့အခြေအနေများအကြောင်းကို ကျမ်းစာတွင် ကြိုဟောထားသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ