ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၁၁/၁ စာ. ၇
  • အပေါင်းအသင်းတွေကို ပညာရှိရှိ ရွေးချယ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပေါင်းအသင်းတွေကို ပညာရှိရှိ ရွေးချယ်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိတ်ဆွေစစ်တွေကို ဘယ်လိုရွေးချယ်နိုင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဘုရားသခင်ကို ချစ်တဲ့သူတွေကို မိတ်ဆွေဖွဲ့ပါ
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • “သိပ်ရင်းနှီးသွားကြတယ်”
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
  • ဘုရားသခင်ချစ်တဲ့သူတွေကို ချစ်ပါ
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၁၁/၁ စာ. ၇

အဓိကအချက် ၄

အပေါင်းအသင်းတွေကို ပညာရှိရှိ ရွေးချယ်ပါ

ကျမ်းစာမှာ ဘာပြောထားသလဲ။ “ပညာရှိတို့နှင့်  ပေါင်းဖော်သောသူသည်  ပညာရှိတတ်၏။”—သု. ၁၃:၂၀။

ပြဿနာက ဘာလဲ။ မိတ်ဆွေတွေက ကျွန်ုပ်တို့ကို ကျေနပ်ရောင့်ရဲတဲ့စိတ် ရှိစေနိုင်သလို၊ မကျေမနပ်တဲ့စိတ်ကိုလည်း ဖြစ်ပေါ်စေနိုင်တယ်။ သူတို့ရဲ့ စိတ်သဘောထားတွေ၊ စကားတွေက ကျွန်ုပ်တို့ရဲ့ ဘဝရှုမြင်ပုံအပေါ် ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်စေနိုင်တယ်။—၁ ကောရိန္သု ၁၅:၃၃။

ဥပမာ၊  ခါနာန်ပြည်ကို  စူးစမ်းလေ့လာပြီး  ပြန်ရောက်လာတဲ့ သူလျှို ၁၂ ယောက်အကြောင်းပါတဲ့ ကျမ်းစာမှတ်တမ်းကို သုံးသပ်ကြည့်ပါ။ အဲဒီအထဲမှာ သူလျှိုဆယ်ယောက်က  “မိမိတို့  စူးစမ်းသောပြည်ကို ဣသရေလအမျိုးသားတို့အား မကောင်းသောသတင်းကို ကြားပြောကြလေ၏။” ဒါပေမဲ့ သူလျှိုနှစ်ယောက်ကတော့  “အလွန်တရာကောင်းသောပြည်”  ဆိုပြီး အကောင်းဘက်ကနေ  ပြောခဲ့ကြတယ်။  “ပရိသတ်အပေါင်းတို့သည်  အသံကိုလွှင့်၍  မြည်တမ်း”  ကြတယ်လို့  မှတ်တမ်းက  ဆိုတယ်။—တောလည်ရာ ၁၃:၃၀-၁၄:၉။

ကနေ့လည်း  လူတွေဟာ  “မိမိတို့၏ဘဝအခြေအနေကို  မကျေမနပ်  ညည်းညူမြည်တမ်း”  နေကြတယ်။  (ယုဒ ၁၆) ဘယ်တော့မှ အလိုဆန္ဒမပြေနိုင်တဲ့  မိတ်ဆွေတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် ကျေနပ်ရောင့်ရဲဖို့ အခက်တွေ့မှာဖြစ်တယ်။

သင် ဘာလုပ်နိုင်သလဲ။ မိတ်ဆွေတွေနဲ့ သင်စကားပြောခဲ့တာတွေကို ပြန်ဆန်းစစ်ကြည့်ပါ။ သင့်မိတ်ဆွေတွေက သူပိုင်ဆိုင်ထားတာတွေနဲ့ပတ်သက်ပြီး ကြွားလုံးထုတ်နေသလား။  ဒါမှမဟုတ်  သူ့မှာမရှိတဲ့အရာတွေနဲ့ပတ်သက်ပြီး အမြဲတစေ မြည်တွန်တောက်တီးနေသလား။ သူတို့အတွက် သင်က ဘယ်လိုမိတ်ဆွေမျိုးလဲ။ ကိုယ့်အပေါ် မိတ်ဆွေတွေ မနာလိုဖြစ်အောင် ဆွပေးနေသလား။ ဒါမှမဟုတ် သူတို့မှာရှိတာလေးနဲ့ ရောင့်ရဲတတ်အောင် သင် အားပေးနေသလား။

ရှေးခေတ်က  အစ္စရေးဘုရင်ဖြစ်လာမယ့်  ဒါဝိဒ်နဲ့ ဘုရင်ရှောလုရဲ့သား  ယောနသန်တို့ရဲ့  ပုံနမူနာကို သုံးသပ်ကြည့်ပါ။ ဒါဝိဒ်က တောထဲမှာ ဝရမ်းပြေးဘဝနဲ့ ထွက်ပြေးနေရတယ်။ ဘုရင်ရှောလုက ဒါဝိဒ် နန်းလုမှာစိုးရိမ်တဲ့အတွက် သူ့ကို သတ်ချင်နေတယ်။ ယောနသန်က နန်းမွေခံဖြစ်လာနိုင်ဖွယ်ရှိပေမဲ့ ဒါဝိဒ်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ဖြစ်လာတယ်။ ဘုရားသခင်က ဒါဝိဒ်ကို မင်းလောင်းအဖြစ် ခန့်အပ်လိုက်ပြီဆိုတာကို ယောနသန် အသိအမှတ်ပြုပြီး သူ့မိတ်ဆွေကို ကျေကျေနပ်နပ်ကြီး ထောက်မပေးခဲ့တယ်။—၁ ဓမ္မရာဇဝင် ၁၉:၁၊ ၂; ၂၀:၃၀-၃၃; ၂၃:၁၄-၁၈။

သင်လည်း ကျေနပ်ရောင့်ရဲတတ်အောင် ကြိုးစားနေတဲ့သူတွေ၊ သင့်အကျိုးကို လိုလားတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ လိုအပ်တယ်။ (သု. ၁၇:၁၇) အဲလိုမိတ်ဆွေမျိုးရဖို့အတွက် သင်ကိုယ်တိုင်လည်း အဲလိုအရည်အသွေးတွေကို ပြဖို့လိုအပ်တယ်။—ဖိလိပ္ပိ ၂:၃၊ ၄။

[စာမျက်နှာ ၇ ပါရုပ်ပုံ]

မိတ်ဆွေတွေက သင့်ကို ကျေနပ်ရောင့်ရဲတဲ့စိတ် ဒါမှမဟုတ် မကျေမနပ်တဲ့စိတ် ဖြစ်ပေါ်စေနိုင်သလား

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ