ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၃/၁ စာ. ၆
  • သတင်းကောင်းဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတင်းကောင်းဆိုတာ ဘာလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘သွား၍ လူမျိုးတကာမှ လူတို့ကို တပည့်ဖြစ်စေပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်းကို ဟောပြောစို့
    ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း
  • ‘ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • “သတင်းကောင်း”
    ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၃/၁ စာ. ၆

သတင်းကောင်းဆိုတာ ဘာလဲ

“ဤသတင်းကောင်း . . .”—မဿဲ ၂၄:၁၄။

ခရစ်ယာန်တွေဟာ တခြားသူတွေကို ဘုရားသခင့် “နိုင်ငံတော်သတင်းကောင်း” ဟောပြောဖို့ ဖြစ်ပါတယ်။ ဘုရားသခင့်နိုင်ငံတော်ဟာ အနာဂတ်မှာ ကမ္ဘာမြေကြီးကို ဖြောင့်မတ်စွာ အုပ်စိုးမယ့် အစိုးရဖြစ်တယ်လို့ သူတို့ပြောပြကြတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာမှာ “သတင်းကောင်း” ဆိုတဲ့ အသုံးအနှုန်းကို တခြားနည်းတွေနဲ့လည်း အသုံးပြုထားပါတယ်။ ဥပမာ၊ ‘ကယ်တင်တော်မူခြင်း သတင်းကောင်း’ (ဆာလံ ၉၆:၂၊ သမ္မာ)၊ “ဘုရားသခင်၏ သတင်းကောင်း” (ရောမ ၁၅:၁၆) နှင့် “ယေရှုခရစ်အကြောင်း သတင်းကောင်း” (မာကု ၁:၁) စတဲ့ ဖော်ပြချက်တွေကို တွေ့နိုင်ပါတယ်။

ရိုးရိုးလေးပြောရမယ်ဆိုရင် ယေရှုပြောခဲ့တဲ့ အမှန်တရားတွေ၊ တပည့်တွေ ရေးသားခဲ့တဲ့ အမှန်တရားတွေ အားလုံးဟာ သတင်းကောင်းတွေ ဖြစ်ပါတယ်။ ယေရှု ကောင်းကင်ကိုမတက်ကြွခင် နောက်လိုက်တွေကို ဒီလိုပြောခဲ့တယ်– “ထို့ကြောင့် သွား၍ လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောစွမ်းအားတော်၏ နာမ၌ နှစ်ခြင်းပေးကြလော့။ သင်တို့အား ငါမိန့်မှာသမျှကို စောင့်ရှောက်စေရန် သွန်သင်ပေးကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) ဒါကြောင့် ခရစ်ယာန်စစ်တွေဟာ တခြားသူတွေကို ဘုရားသခင့်နိုင်ငံတော်အကြောင်း အသိပေးရုံလောက်ပဲမဟုတ်ဘူး၊ တပည့်ဖြစ်လာအောင်လည်း ကြိုးစားသင်ပေးရမယ်။

အမည်ခံခရစ်ယာန်တွေကော အဲဒီလို လုပ်ဆောင်နေကြပါသလား။ သူတို့ဟာ ဘုရားသခင့်နိုင်ငံတော်အကြောင်း မသိကြတဲ့အတွက် တခြားသူတွေကို အဲဒီအကြောင်း တိတိကျကျ မသင်ပေးနိုင်ကြပါဘူး။ အဲဒီအစား လူ့အကြိုက်ကိုလိုက်ပြီး အပြစ်ကနေ ခွင့်လွှတ်ခံရခြင်း၊ ယေရှုကိုယုံကြည်ခြင်းဆိုတဲ့ အကြောင်းတွေကိုပဲ ပြောနေကြတယ်။ ဒါ့အပြင် လူတွေရဲ့ဘဝအသက်တာကို တိုးတက်ကောင်းမွန်အောင် လုပ်ပေးခြင်းအားဖြင့် ဒါမှမဟုတ် ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ချို့ငဲ့သူတွေအတွက် နေစရာတွေ ဆောက်လုပ်ပေးခြင်းအားဖြင့် ဘာသာသွင်းဖို့ ကြိုးပမ်းကြတယ်။ အဲလိုကြိုးပမ်းမှုတွေကြောင့် ချာ့ချ်တက်သူအရေအတွက် တိုးများလာပေမဲ့ ယေရှုသွန်သင်ခဲ့ရာနဲ့အညီ နေထိုင်ဖို့ စိတ်ရင်းမှန်နဲ့ကြိုးစားတဲ့ ခရစ်ယာန်စစ်တွေ မဖြစ်လာကြပါဘူး။

ခရစ်ယာန်ဓမ္မပညာရှင်တစ်ယောက်က ဒီလိုရေးသားခဲ့တယ်– “ယေရှုတပည့်ဖြစ်ဖို့နဲ့ ယေရှုမိန့်ဆိုခဲ့ရာအားလုံးကိုလုပ်ဖို့ သွန်သင်သင့်တယ်ဆိုပြီး ခရစ်ယာန်ကျမ်းပညာရှင် ဒါမှမဟုတ် ခေါင်းဆောင်အများစုက သိထားကြပါတယ်။ . . . ဒါနဲ့ပတ်သက်ပြီး ယေရှုရဲ့ ညွှန်ကြားချက်တွေက အလွန်တိကျပြတ်သားပါတယ်။ ဒါပေမဲ့ ယေရှုပြောခဲ့တဲ့အတိုင်း မလုပ်ကြဘူး။ အလေးအနက်ထားပြီးတော့လည်း မကြိုးပမ်းဘူး။ ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်း သိပုံမရဘူး။”

ကက်သလစ်ဘာသာဝင်တွေ လုပ်ရမယ့်အရာတစ်ခုက သတင်းကောင်းဟောပြောခြင်း ဖြစ်တယ်လို့ အမေရိကန်နိုင်ငံမှာရှိတဲ့ ကက်သလစ်ဘာသာဝင် ၉၅ ရာခိုင်နှုန်းက လက်ခံကြတယ်ဆိုပြီးတော့လည်း စစ်တမ်းတစ်ခုမှာ ဖော်ပြထားတယ်။ ဒါပေမဲ့ သတင်းကောင်းဟောပြောဖို့ အကောင်းဆုံးနည်းကတော့ အဲဒီအကြောင်း ပြောဆိုခြင်းမဟုတ်ဘဲ တခြားသူတွေအတွက် စံနမူနာဖြစ်စေမယ့်နည်းနဲ့ အသက်ရှင်နေထိုင်သွားခြင်းဖြစ်တယ်လို့ အများစုက ခံယူထားကြတယ်။ “သတင်းကောင်းဟောပြောခြင်းဆိုတာ အပြောနဲ့ပဲမဟုတ်ဘူး။ သတင်းကောင်းနဲ့အညီ ပြုမူနေထိုင်ဖို့လိုတယ်” လို့အဆိုပါစစ်တမ်းကို ပြုလုပ်ခဲ့တဲ့ အဖွဲ့ဝင်အမျိုးသမီးတစ်ဦးက ပြောပြတယ်။ “မကြာသေးခင်က ချာ့ချ်မှာ ကလေးတွေကို လိင်မတော်မတရားပြုကျင့်မှုနဲ့ အငြင်းပွားဖွယ် သွန်သင်ချက်တွေက” ဟိုးလေးတကျော်ဖြစ်နေတဲ့အတွက် လူအတော်များများက တခြားသူတွေကို သူတို့ရဲ့ယုံကြည်ချက်အကြောင်း မပြောပြကြဘူးဆိုပြီး အဆိုပါစစ်တမ်းကို ဦးဆောင်ခဲ့တဲ့ မဂ္ဂဇင်း (U.S. Catholic) မှာဖော်ပြထားတယ်။

မက်သဒစ်အသင်းမှာလည်း စိတ်ဝမ်းကွဲပြားနေပြီး သူတို့ရဲ့ခရစ်ယာန်တာဝန်ကို ဆက်မလုပ်ဆောင်တော့ဘူး။ သူတို့ဟာ ခရစ်ယာန်မဟုတ်တဲ့သူတွေလိုပဲ ကိုယ်ကျင့်တရား ပျက်ပြားလာကြတယ်လို့ ဂိုဏ်းအုပ်တစ်ဦးက ညည်းတွားပြောဆိုခဲ့တယ်။ “ဘယ်သူတွေက ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဟောပြောသင့်ပြီး အမှန်တကယ် ဟောပြောနေတဲ့သူတွေက ဘယ်သူတွေဖြစ်မလဲ” ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ သူမေးခဲ့တယ်။

အဲဒီဂိုဏ်းအုပ်ဟာ သူမေးတဲ့မေးခွန်းကို သူပြန်မဖြေခဲ့ပေမဲ့ အဖြေတော့ ရှိပါတယ်။ အဲဒီအဖြေကို နောက်ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

[စာမျက်နှာ ၆ ပါအကျဉ်းဖော်ပြချက်]

ဘုရားသခင့်နိုင်ငံတော်နဲ့ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရမယ်ဆိုတဲ့ အကြောင်းတွေက သတင်းကောင်းဖြစ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ