ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၃/၁ စာ. ၁၅
  • ‘နို့နှင့်ပျားရည် စီးသောပြည်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘နို့နှင့်ပျားရည် စီးသောပြည်’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်သိပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ပျားရည်ချိုမြသောဆေး
    နိုးလော့!—၂၀၀၃
  • သာယာစိုပြည်တဲ့ တိုင်းပြည်က “ထွက်ကုန် ခုနစ်မျိုး”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၀၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၃/၁ စာ. ၁၅

‘နို့နှင့်ပျားရည် စီးသောပြည်’

အစ္စရေးလူတွေကို အီဂျစ်ပြည်ကနေ ယေဟောဝါဘုရားသခင် ကယ်နုတ်ခဲ့တုန်းက “နို့နှင့်ပျားရည်စီးသော ကျယ်ဝန်းကောင်းမွန်သောပြည်” ကို ခေါ်ဆောင်သွားမယ်လို့ ကတိပြုခဲ့တယ်။—ထွက်မြောက်ရာ ၃:၈၊ သမ္မာ။

ဘုရားသခင် ကတိပြုခဲ့တဲ့ ခါနာန်ပြည်မှာ အစ္စရေးလူတွေ အခြေချနေထိုင်တဲ့အခါ သိုး၊ နွား၊ ဆိတ်တွေ မွေးမြူခဲ့ကြတဲ့အတွက် နို့အလျှံပယ်ထွက်ရှိမှာ ဖြစ်တယ်။ ဒါဆိုရင် ပျားရည်ကျတော့ကော ဘယ်ကထွက်ရှိသလဲ။ ပျားရည်ဆိုတာ မွေးပျားကနေ ထုတ်လုပ်တဲ့ ပျားရည်ကိုမဟုတ်ဘဲ တောပျားရည်ဖြစ်တဲ့ သဘာဝပျားရည်ကို ပြောတာလို့ ကျမ်းစာရည်ညွှန်းချက်အများစုမှာ ဖော်ပြထားတယ်။ (တရားသူကြီး ၁၄:၈၊ ၉; ၁ရာ. ၁၄:၂၇; မဿဲ ၃:၁၊ ၄) အဲဒီတိုင်းပြည်မှာ နို့နဲ့ပျားရည် တကယ်ပဲ စီးဆင်းခဲ့သလား။

မကြာသေးခင်က ခေတ်သစ်အစ္စရေးနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိချက်က အဲဒီအချက်ကို ရှင်းရှင်းလင်းလင်း သိရှိစေပါတယ်။ အဲဒီရှာဖွေတွေ့ရှိချက်နဲ့ပတ်သက်ပြီး ဟီဘရူးတက္ကသိုလ်က ထုတ်ပြန်တဲ့စာစောင်မှာ ဒီလိုဖော်ပြထားတယ်– “ဒီနေ့ထက်ထိ ရှေးခေတ်အရှေ့ဖျားပိုင်းဒေသ ဘယ်နေရာမှာမဆို ပြုလုပ်ခဲ့တဲ့ ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိမှုတွေထဲမှာ အဲဒါက ရှေးအကျဆုံး ပျားမွေးမြူရေးဌာန [ပျားအုံ အစုလိုက်အပြုံလိုက်ရှိတဲ့နေရာ] ဖြစ်တယ်လို့ ပါမောက္ခ (အာမီဟိုက်) မာဇာရ်ကပြောတယ်။ ပျားအုံရဲ့သက်တမ်းက ဘီစီအီး ၁၀ ရာစုကနေ ၉ ရာစု အစောပိုင်းလောက်ရှိတယ်။”

ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ပျားအုံ ၃၀ ကျော်ရှိတဲ့ အတန်းသုံးတန်းကို တွေ့ရှိခဲ့ပြီး ပျားအုံစုစုပေါင်း ၁၀၀ လောက် ရှိရမယ်လို့ ခန့်မှန်းကြတယ်။ ပျားအုံတွေကို လေ့လာကြည့်တဲ့အခါ ပျားတွေရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ၊ ပျားဖယောင်းအစအနလေးတွေကို တွေ့ရှိခဲ့ကြတယ်။ “ဒီပျားအုံတွေကနေ တစ်နှစ်ကို ပျားရည်တန်ဝက်လောက် ထုတ်ယူနိုင်” တယ်လို့ ပညာရှင်တွေက ခန့်မှန်းကြတယ်။

ရှေးအချိန်တုန်းက ပျားရည်ဟာ အရသာရှိတဲ့အစားအစာ ဖြစ်တယ်။ ပျားဖယောင်းတွေကိုတော့ သတ္တုနဲ့သားရေလုပ်ငန်းတွေမှာ အသုံးပြုခဲ့ကြတယ်။ သစ်သားစာရေးသင်ပုန်းတွေမှာလည်း ပျားဖယောင်းတွေ သုတ်လိမ်းထားကြတယ်။ သင်ပုန်းကို ပြန်သုံးချင်တယ်ဆိုရင် ပျားဖယောင်းတွေကို အရည်ပျော်အောင် လုပ်လိုက်ရုံပဲ။ အဲဒီတွေ့ရှိချက်ကြောင့် ရှေးဟောင်းသုတေသနပညာရှင်တွေ ဘယ်လိုကောက်ချက်ချခဲ့သလဲ။

“အဲဒီအချိန်တုန်းက အစ္စရေးနိုင်ငံမှာ ပျားတွေကို ဘယ်လိုမွေးမြူတယ်ဆိုတာ ကျမ်းစာမှာ မဖော်ပြထားပေမဲ့ တဲလ်ရီဟိုဗ်မြို့မှာ တွေ့ရှိတဲ့ ပျားမွေးမြူရေးဌာနကိုကြည့်ပြီး ပျားမွေးမြူခြင်း၊ ပျားရည်နဲ့ပျားလပို့ထုတ်ယူခြင်းက ပထမဆုံး [ရှောလမုန်ရဲ့] ဝတ်ပြုရာအိမ်တော် မတည်ခင်ကတည်းက ထွန်းကားနေတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်။”

[Picture Credit Line on page 15]

Institute of Archaeology/Hebrew University © Tel Rehov Excavations

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ