ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၃/၁ စာ. ၂၂
  • ကိုယ်တော် “တောင့်တတော်မူပါလိမ့်မည်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကိုယ်တော် “တောင့်တတော်မူပါလိမ့်မည်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ယေဟောဝါကို မျှော်လင့်ပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ယောဘကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • တည့်မတ်ပေးခြင်းကိုခံယူသော စံထားအပ်သူတစ်ဦး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • “ကျုပ်ရဲ့ သမာဓိကို မစွန့်ဘူး”
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၃/၁ စာ. ၂၂

ဘုရားသခင်ထံ ချဉ်းကပ်ကြပါ

ကိုယ်တော် “တောင့်တတော်မူပါလိမ့်မည်”

ချစ်မြတ်နိုးရသူတစ်ဦး ဝေဒနာခံစားပြီး သေသွားတာကို တွေ့ရတဲ့အခါ အရမ်းခံစားရမှာဖြစ်တယ်။ သေလွန်သူအတွက် ဝမ်းနည်းပူဆွေးတာက သဘာဝပါ။ ပူဆွေးသောကရောက်နေတဲ့ လူတွေကို ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင် နားလည်ပေးတယ်လို့ သိရတဲ့အတွက် နှစ်သိမ့်မှုဖြစ်စေပါတယ်။ အဲဒါထက်မက ဘုရားသခင်ဟာ သေလွန်သူတွေကို အသက်ပြန်ရှင်စေနိုင်တဲ့ အနှိုင်းမဲ့တန်ခိုးကို အသုံးပြုလိုတဲ့ဆန္ဒရှိတယ်။ ယောဘ ၁၄:၁၃-၁၅ မှာမှတ်တမ်းတင်ထားတဲ့ ယောဘရဲ့စကားတွေကနေ မျှော်လင့်ချက်ရနိုင်တယ်ဆိုတာ သတိထားမိမှာပါ။

အဲဒီကျမ်းချက်မှာပါတဲ့ နောက်ခံအဖြစ်အပျက်ကို သုံးသပ်ကြည့်ကြရအောင်။ ဘုရားသခင်ကို အလွန်ယုံကြည်တဲ့ ယောဘဟာ ဆင်းရဲခက်ခဲမှုမျိုးစုံ ကြုံခဲ့ရတယ်၊ သူပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာအားလုံး ဆုံးရှုံးလိုက်ရတယ်၊ သူချစ်မြတ်နိုးရတဲ့ သားသမီးအားလုံး အသက်ဆုံးရှုံးကုန်တယ်၊ သူကိုယ်တိုင်လည်း နာကျင်စေတဲ့ ရောဂါဆိုးတစ်ခုကို ခံစားခဲ့ရတယ်။ အရမ်းကိုခံစားရလွန်းလို့ ဘုရားသခင်ကို သူဒီလိုဟစ်အော်ခဲ့တယ်– “အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ ဝှက်ထားပါစေ။” (အခန်းငယ် ၁၃) သင်္ချိုင်းဆိုတာ ဆင်းရဲဝေဒနာတွေ ချုပ်ငြိမ်းရာနေရာလို့ သူရှုမြင်ခဲ့တယ်။ သင်္ချိုင်းမှာရှိနေရင် သူဟာ ဘုရားသခင် ဝှက်ထားတဲ့ အဖိုးတန်ဘဏ္ဍာလိုမျိုး ဆင်းရဲခက်ခဲမှုနဲ့ နာကျင်မှုဝေဒနာကနေ လွတ်မြောက်သွားပါလိမ့်မယ်။a

သင်္ချိုင်းမှာ ယောဘ အမြဲနေရမှာလား။ နေရမှာမဟုတ်ဘူးဆိုတာကို ယောဘယုံကြည်တယ်။ သူ ဒီလိုဆက်ဆုတောင်းခဲ့တယ်– ‘အကျွန်ုပ်အား အောက်မေ့သတိရရန် အချိန်အခါကို သတ်မှတ်တော်မူပါစေ။’ သင်္ချိုင်းမှာ သူ တစ်ခဏပဲ နေရမယ်၊ သူ့ကို ဘုရားသခင် ပစ်ထားမှာ မဟုတ်ဘူးဆိုတာကို ယောဘ အပြည့်အဝ ယုံကြည်စိတ်ချတယ်။ ယောဘအတွက် သင်္ချိုင်းမှာ သူနေရမယ့်အချိန်ဟာ “သည်းခံလျက်နေ” ရမယ့်အချိန် ဒါမှမဟုတ် မဖြစ်မနေ စောင့်ဆိုင်းရမယ့်အချိန် ဖြစ်တယ်။ သူဘယ်လောက်ကြာကြာ စောင့်ဆိုင်းရမလဲ။ ယောဘက သူ့အခြေအနေ “ပြောင်းလဲချိန်မရောက်မီ” အထိလို့ပြောခဲ့တယ်။ (အခန်းငယ် ၁၄) အဲဒီပြောင်းလဲချိန်ဆိုတာ သင်္ချိုင်းကနေ လွတ်မြောက်ချိန်၊ တစ်နည်းအားဖြင့် သေလွန်သူတွေ ထမြောက်လာမယ့်အချိန်ကို ပြောတာပါ။

ယောဘက သူ ပြောင်းလဲမယ့်အချိန် ရောက်လာလိမ့်မယ်လို့ ဘာကြောင့် ပြောနိုင်ရတာလဲ။ မေတ္တာရှင်ဘုရားသခင်ဟာ သစ္စာရှိဝတ်ပြုသူတွေ သေလွန်သွားတဲ့အခါ ဘယ်လောက်ခံစားရတယ်ဆိုတာကို ယောဘ သိထားလို့ပါ။ ယောဘ ဒီလိုပြောခဲ့တယ်– “အကျွန်ုပ်ကို ခေါ်တော်မူ၍ အကျွန်ုပ်ပြန်လျှောက်ပါမည်။ လက်တော်ဖြင့် ဖန်ဆင်းတော်မူရာကို တောင့်တတော်မူပါလိမ့်မည်။” (အခန်းငယ် ၁၅) ယောဘဟာ မိမိကို ဘုရားသခင် ဖန်ဆင်းထားတယ်ဆိုတာကို အသိအမှတ်ပြုတယ်။ ယောဘကို အမိဝမ်းထဲမှာ ကိုယ်ဝန်ဆောင်စေခဲ့တဲ့ အသက်ပေးပိုင်ရှင် ဘုရားသခင်ဟာ ယောဘ သေသွားခဲ့ရင် အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်ပါတယ်။—ယောဘ ၁၀:၈၊ ၉; ၃၁:၁၅။

ယောဘရဲ့စကားတွေကနေ ဘုရားသခင်ဟာ ဘယ်လောက် မေတ္တာပြည့်ဝတယ်ဆိုတာကို သိရှိနိုင်ပါတယ်။ ယောဘလိုပဲ မိမိတို့ကိုယ်ကို ဘုရားသခင်လက်ထဲ ဝကွက်အပ်ထားတဲ့သူတွေ၊ ကိုယ်တော့်အမြင်မှာ နှစ်သက်စရာကောင်းတဲ့သူတွေအဖြစ် ပုံသွင်းခံလိုသူတွေကို ဘုရားသခင် အရမ်းသံယောဇဉ်ရှိတယ်။ (ဟေရှာယ ၆၄:၈) သစ္စာရှိတဲ့ဝတ်ပြုသူတွေကို ဘုရားသခင် အရမ်းတန်ဖိုးထားတယ်။ သေဆုံးသွားကြတဲ့ သစ္စာရှိသူတွေနဲ့ပတ်သက်ပြီး ဘုရားသခင်မှာ “တောင့်တ” တဲ့စိတ်ရှိတယ်။ “တောင့်တ” လို့ပြန်ဆိုထားတဲ့ ဟီဘရူးစကားလုံးဟာ “ပြင်းပြတဲ့ လိုအင်ဆန္ဒတွေကို ဖော်ပြတဲ့ လေးနက်တဲ့စကားလုံးတစ်လုံး” ဖြစ်တယ်လို့ ကျမ်းပညာရှင်တစ်ဦးက ဆိုတယ်။ ဘုရားသခင်ဟာ သစ္စာရှိဝတ်ပြုသူတွေကို အောက်မေ့သတိရနေရုံတင်မကဘူး သူတို့အသက်ပြန်ရှင်လာအောင် လုပ်ပေးချင်တဲ့ဆန္ဒလည်း အရမ်းပြင်းပြနေပါတယ်။

သေလွန်သူတွေကို အသက်ပြန်ရှင်လာအောင် လုပ်ပေးမယ်ဆိုတဲ့ ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကို ဖော်ပြပေးထားတဲ့အတွက် ကျေးဇူးတင်စရာကောင်းလိုက်တာ။ ပထမဆုံးရေးခဲ့တဲ့ ကျမ်းစောင်တွေထဲက တစ်ကျမ်းဖြစ်တဲ့ ယောဘကျမ်းမှာ အဲဒီရည်ရွယ်ချက်ကို ကိုယ်တော် ဖော်ပြပေးထားတယ်။b ဘုရားသခင်ဟာ ကျန်ရစ်သူတွေကို သေလွန်သူတွေနဲ့ ပြန်လည်ပေါင်းစည်းပေးစေချင်တယ်။ ဒီအချက်က ဝမ်းနည်းပူဆွေးနေတဲ့ ကျန်ရစ်သူကို ခံနိုင်ရည်ရှိဖို့ ပိုပြီးလွယ်ကူစေပါတယ်။ မေတ္တာပြည့်ဝတဲ့ ဘုရားသခင်အကြောင်း ပိုပြီးသိရှိလာအောင်၊ ဘုရားသခင့်ရည်ရွယ်ချက် အမှန်တကယ်ဖြစ်လာမှာကို တွေ့မြင်ရမယ့် လူစားမျိုးအဖြစ် ဘယ်လိုပုံသွင်းခံယူမလဲဆိုတာကို လေ့လာကြည့်ရင် မကောင်းဘူးလား။

မတ်လအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်–

ဧသတာ ၁–၁၀–ယောဘ ၁–၁၅

a ‘အကျွန်ုပ်ကို ဝှက်ထားပါ’ ဆိုတဲ့ ယောဘရဲ့စကားက “[ကျွန်ုပ်] ကို အဖိုးတန်ပစ္စည်းတစ်ခုလို လုံခြုံတဲ့နေရာမှာ သိမ်းထားပါ” လို့အဓိပ္ပာယ်ရှိနိုင်တယ်ဆိုပြီး အကိုးအကားစာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။ နောက်စာအုပ်တစ်အုပ်မှာ “ကျွန်ုပ်ကို ဘဏ္ဍာတစ်ခုလို ဝှက်ထားပါ” ဆိုပြီး ဖော်ပြထားတယ်။

b ကမ္ဘာသစ်မှာ သေလွန်သူတွေ အသက်ပြန်ရှင်လာကြမယ်ဆိုတဲ့ ကျမ်းစာကတိတော်အကြောင်း ပိုပြီးသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း ဆိုတဲ့ စာအုပ်ရဲ့ အခန်း ၇ မှာဖတ်ကြည့်နိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ