ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၃/၁၅ စာ. ၃၂
  • “ကျေးဇူးပြု၍ ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးပါ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကျေးဇူးပြု၍ ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးပါ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၃/၁၅ စာ. ၃၂

“ကျေးဇူးပြု၍ ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးပါ”

ခရိုင်စည်းဝေးကြီး ဒုတိယနေ့ပြီးတဲ့နောက်မှာ မက္ကဆီကိုက ဗေသလအိမ်သားတစ်ဦးဖြစ်တဲ့ ဟိုစွေးက ဂွာရာတီရိုးမြို့ထဲ လျှောက်လည်ခဲ့တယ်။ ကိုလံဘီယာကလာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေဖြစ်တဲ့ ကာ့ဗ်ယာနဲ့ မာရူတို့စုံတွဲက ဟိုစွေးကို ဓာတ်ပုံရိုက်ပေးဖို့ ပြောတယ်။ ဟိုစွေးနဲ့ သူ့ရဲ့သက်သေခံမိတ်ဆွေတွေက သပ်သပ်ရပ်ရပ်ဝတ်စားထားပြီး စည်းဝေးကြီးရင်ထိုးကတ်တွေ တပ်ထားတာကြောင့် သင်တန်းဆင်းပွဲ ဒါမှမဟုတ် အထူးအခမ်းအနားတစ်ခုခုက ပြန်လာတာလားလို့ မေးခဲ့တယ်။ သူတို့ဟာ ယေဟောဝါသက်သေတွေရဲ့ စည်းဝေးကြီးတစ်ခုကို တက်နေတာဖြစ်ကြောင်းရှင်းပြပြီး တနင်္ဂနွေနေ့အစီအစဉ်ကို တက်ရောက်ဖို့ ဒီစုံတွဲကို ဟိုစွေး ဖိတ်ခေါ်ခဲ့တယ်။

ဒီလိုအခါသမယမျိုးကို တက်ရောက်ဖို့ သင့်တော်တဲ့ အဝတ်အစားမပါလာတဲ့အတွက် ရှက်ဖို့ကောင်းတယ်လို့ ဒီစုံတွဲခံစားခဲ့ရတယ်။ သူတို့လာတက်မယ့်ပုံမရပေမဲ့ ဟိုစွေးက သူ့နာမည်နဲ့ သူအမှုဆောင်နေတဲ့ဌာနခွဲရုံးရဲ့ ဖုန်းနံပါတ်ကို ပေးခဲ့လိုက်တယ်။

လေးလကြာပြီးတဲ့နောက်မှာ ကာ့ဗ်ယာဆီက သတင်းကြားလိုက်ရလို့ ဟိုစွေး အံ့ဩသွားတယ်။ ဒီမောင်နှံစုံက စည်းဝေးကြီးကိုတက်ခဲ့ပြီး အဲဒီအချိန်တုန်းက မက္ကဆီကိုစီးတီးမှာရှိတဲ့ သူတို့အိမ်ကို ယေဟောဝါသက်သေတွေကို လာလည်စေချင်တယ်။ မကြာခင်မှာပဲ ကာ့ဗ်ယာနဲ့ မာရူတို့ဟာ ကျမ်းစာစသင်ခဲ့ပြီး အစည်းအဝေးတွေကို ချက်ချင်းတက်ခဲ့တယ်။ ဆယ်လကြာပြီးတဲ့နောက်မှာ သူတို့ကြေညာသူတွေ ဖြစ်လာတယ်။ ဒီမောင်နှံစုံဟာ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ကို ပြောင်းရွှေ့ခဲ့ကြပေမဲ့ အမှန်တရားမှာဆက်တိုးတက်ပြီး နှစ်ခြင်းခံခဲ့ကြတယ်။

နောက်ပိုင်းမှာ ကာ့ဗ်ယာက သူအမှန်တရားကို ဘာကြောင့် လက်ခံခဲ့တယ်ဆိုတာ ဟိုစွေးကို စာရေးပြီးပြောပြခဲ့တယ်။ “စည်းဝေးကြီးမတက်ခင်မှာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက ဘဝမှာ ဘုရားသခင့်လမ်းညွှန်မှုလိုတယ် ဆိုတဲ့အကြောင်း ပြောခဲ့ကြတယ်။ သပ်သပ်ရပ်ရပ်ဝတ်စားထားတဲ့ ခင်ဗျားတို့ကိုတွေ့တဲ့အခါ ဒါက တကယ့်ကိုထူးခြားတဲ့ အစည်းအဝေးဖြစ်မှာပဲလို့ ကျွန်တော်တို့ စဉ်းစားခဲ့ကြတယ်။ စည်းဝေးကြီးမှာ ကျွန်တော်တို့ကို အရေးတယူနဲ့နေရာပေးခဲ့တာ၊ ကျမ်းစာလိုက်ဖတ်နိုင်အောင် ကူညီပေးခဲ့တာနဲ့ တက်ရောက်သူတွေရဲ့အမူအကျင့်တွေကြောင့် ကျွန်တော်တို့ အရမ်းအထင်ကြီးလေးစားသွားတယ်။ ကျွန်တော်တို့ရဲ့ အဝတ်အစားက သူတို့အတွက် ပြဿနာမရှိတဲ့ပုံပဲ။”

ဘုရင်ရှောလမုန်ရဲ့ပညာရှိစကားတွေက ဟိုစွေးအတွက် တကယ်မှန်ကန်ခဲ့တယ်။ ရှောလမုန် ဒီလိုရေးခဲ့တယ်– “နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား အဘယ်အရာသည် အကျိုးရှိမည်ကိုလည်းကောင်း၊ နှစ်ပါးစလုံးတို့သည် အညီအမျှအကျိုးရှိမည်ကိုလည်းကောင်း မသိနိုင်။” (ဒေ. ၁၁:၆) လာမယ့်စည်းဝေးကြီး ဒါမှမဟုတ် လူထုဟောပြောချက်အကြောင်း တခြားသူတွေကို ပြောပြခြင်းအားဖြင့် သင် မျိုးစေ့ကြဲနိုင်မလား။ ကာ့ဗ်ယာနဲ့ မာရူတို့လို အမှန်တရားဆာငတ်နေသူတွေကို ဆွဲဆောင်ဖို့ ယေဟောဝါ သင့်ကိုအသုံးပြုကောင်းပြုပါလိမ့်မယ်။—ဟေရှာ. ၅၅:၁။

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

ဘယ်မှညာ– အလက်ဟန်ဒရို ဗိုဂါလင်း၊ မာရူ ပင်နီဒါ၊ အလက်ဟန်ဒရို ပင်နီဒါ၊ ကာ့ဗ်ယာ ပင်နီဒါနဲ့ ဟိုစွေး ရမေးရက်တို့ မက္ကဆီကိုဗေသလမှာ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ