ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၄/၁ စာ. ၁၆-၁၇
  • ခရစ်ယာန်တွေ ဘာကြောင့် နှစ်ခြင်းခံကြတာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ်ယာန်တွေ ဘာကြောင့် နှစ်ခြင်းခံကြတာလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှစ်ခြင်းခံဖို့ ပန်းတိုင်ထားခြင်းက အကျိုးရှိ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • သင့်နှစ်ခြင်း၏ အဓိပ္ပာယ်
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • နှစ်ခြင်း—ခရစ်ယာန်တွေအတွက် လိုအပ်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၄/၁ စာ. ၁၆-၁၇

ဘုရားသခင့်စကားတော်မှ သင်ယူပါ

ခရစ်ယာန်တွေ ဘာကြောင့် နှစ်ခြင်းခံကြတာလဲ

ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေကို တင်ပြထားပြီး အဖြေတွေကို သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဆွေးနွေးလိုပါတယ်။

၁။ ခရစ်ယာန်တွေ ခံယူကြတဲ့ နှစ်ခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ။

နှစ်ခြင်းဆိုတာ ဘုရားသခင်နဲ့ ကောင်းတဲ့ဆက်ဆံရေး ရရှိစေနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ခရစ်ယာန်တစ်ဦးဟာ စကားတောင် ကောင်းကောင်းမပြောနိုင်တဲ့ ကလေးငယ်အရွယ်မှာမဟုတ်ဘဲ ဘုရားသခင်အကြောင်းကို သင်ယူလေ့လာပြီး ယေရှုရဲ့တပည့်တစ်ဦး ဖြစ်လာနိုင်တဲ့အရွယ်မှာ နှစ်ခြင်းခံသင့်ပါတယ်။ (တမန်တော် ၈:၁၂; ၁ ပေတရု ၃:၂၁) ကျွန်ုပ်တို့ဟာ ယေရှုရဲ့မိန့်မှာချက်တွေကို သိရှိပြီး လုပ်ဆောင်တဲ့အခါ ယေရှုရဲ့တပည့်တွေဖြစ်လာပါတယ်။—မဿဲ ၂၈:၁၉၊ ၂၀ ကိုဖတ်ပါ။

ယေရှုရဲ့တမန်တော်တွေခေတ်ရောက်တော့ လူအတော်များများဟာ တုံ့ဆိုင်းမနေဘဲ ဘုရားသခင်နဲ့ယေရှုအကြောင်းကို ချက်ချင်း သင်ယူခဲ့ကြပါတယ်။ ဥပမာ၊ လူတစ်ယောက်ဟာ ယေရှုရဲ့သေခြင်းက ကယ်တင်ခြင်းရရှိစေနိုင်တယ်ဆိုတာ သင်ယူသိရှိတာနဲ့ ချက်ချင်းပဲ တပည့်တစ်ဦးဖြစ်သွားပါပြီ။ ကနေ့အချိန်မှာ စိတ်နှလုံးရိုးဖြောင့်ပြီး အမှန်တရားရှာဖွေနေတဲ့ လူအတော်များများဟာ ယေရှုရဲ့နောက်လိုက်လုပ်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။—တမန်တော် ၈:၂၆-၃၁၊ ၃၅-၃၈ ကိုဖတ်ပါ။

၂။ ယေရှု ဘာကြောင့် နှစ်ခြင်းခံခဲ့တာလဲ။

ယေရှုဟာ အသက် ၃၀ လောက်မှာ နှစ်ခြင်းဆရာယောဟန်ဆီသွားပြီး ဂျော်ဒန်မြစ်မှာ နှစ်ခြင်းခံခဲ့ပါတယ်။ ယေရှု နှစ်ခြင်းခံတာက ဘုရားသခင့်အလိုတော်ကို သူ ထမ်းဆောင်မယ်ဆိုတဲ့ သူ့ဆုံးဖြတ်ချက်ကို ဖော်ပြခြင်းဖြစ်တယ်။ (ဟေဗြဲ ၁၀:၇) ဘုရားသခင့်အလိုတော်ထဲမှာ လူသားတွေရဲ့အပြစ်အတွက် ယဇ်အဖြစ် ယေရှုအသက်ကို စွန့်ခြင်းလည်း ပါတယ်။ ယေရှုဟာ မြေကြီးပေါ်မလာခင်ကတည်းက ခမည်းတော် ယေဟောဝါဘုရားသခင်ကို ချစ်မြတ်နိုးပြီး အမြဲ နာခံခဲ့တယ်။—မာကု ၁:၉-၁၁; ယောဟန် ၈:၂၉; ၁၇:၅ တို့ကိုဖတ်ပါ။

၃။ ခရစ်ယာန်တစ်ဦး ဘာကြောင့် နှစ်ခြင်းခံသင့်တာလဲ။

ယေရှုနဲ့မတူတာက ကျွန်ုပ်တို့ဟာ မွေးကတည်းက အပြစ်ပါလာပြီးဖြစ်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့အတွက် ယဇ်အဖြစ် ယေရှု အသေခံခဲ့တဲ့အတွက် ဘုရားသခင်နဲ့ ကောင်းတဲ့ဆက်ဆံရေး ရရှိနိုင်ပါတယ်။ (ရောမ ၅:၁၀၊ ၁၂; ၁၂:၁၊ ၂) တကယ်တော့ ယေရှုရဲ့သေခြင်းက ကျွန်ုပ်တို့ကို ဘုရားသခင်ရဲ့မိသားစုဝင် ဖြစ်စေနိုင်ပါတယ်။ (၂ ကောရိန္သု ၆:၁၈) အဲဒီအခွင့်ထူးကို ဘယ်လိုရရှိနိုင်မလဲ။ ယေဟောဝါဆီ သီးသန့်ဆုတောင်းပြီး ကျွန်ုပ်တို့ရဲ့ ကျန်ရှိတဲ့အသက်တာကို ကိုယ်တော့်အလိုတော် ထမ်းဆောင်ပါမယ်ဆိုပြီး ကတိပြုမယ်။ ပြီးရင် ဘုရားသခင်ဆီ အဲဒီလိုကတိပြုထားတာကို လူအများသိအောင် နှစ်ခြင်းခံမယ်။ အဲဒီလိုနည်းအားဖြင့် ရရှိနိုင်ပါတယ်။—မဿဲ ၁၆:၂၄; ၁ ပေတရု ၄:၂ တို့ကိုဖတ်ပါ။

၄။ နှစ်ခြင်းယူနိုင်ဖို့ ဘာလုပ်ရမလဲ။

ယေဟောဝါသက်သေတွေဟာ ဘုရားသခင်နဲ့ ရင်းနှီးချင်တဲ့သူ ဘယ်သူနဲ့မဆို ကျမ်းစာဆွေးနွေးကြပါတယ်။ ကျမ်းစာလေ့လာခြင်းနဲ့ ခရစ်ယာန်ဝတ်ပြုစည်းဝေးတွေ တက်ရောက်ခြင်းက ဘုရားသခင်ကို ပိုမိုချစ်မြတ်နိုးလာစေပြီး ယုံကြည်ခြင်း ပိုခိုင်ခံ့လာစေပါလိမ့်မယ်။ ဒါ့အပြင် ကောင်းမြတ်တဲ့ စိတ်နေစိတ်ထားနဲ့ အမူအကျင့်ကောင်းတွေကိုလည်း မွေးမြူစေမှာဖြစ်တယ်။ ချစ်ခြင်း၊ ယုံကြည်ခြင်းနဲ့ တခြားအရည်အသွေးကောင်းတွေကို မွေးမြူခြင်းက ယေဟောဝါကို တစ်သက်လုံး ဝတ်ပြုသွားမယ်ဆိုတဲ့ သင့်ရဲ့ကတိနဲ့အညီ နေထိုင်စေပါလိမ့်မယ်။—ယောဟန် ၁၇:၃; ဟေဗြဲ ၁၀:၂၄၊ ၂၅ တို့ကိုဖတ်ပါ။

ဒီထက်မက ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၁၈ မှာ ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ