ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၈/၁ စာ. ၂၆
  • သင်သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • သောက်ကြူးခြင်းသည် အမှန်ပင် ဘေးဖြစ်စေသလော
    နိုးလော့!—၂၀၀၅
  • အရက်ယမကာသောက်သုံးခြင်းသည် မှားသလော
    နိုးလော့!—၂၀၀၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၈/၁ စာ. ၂၆

သင်သိပါသလား

ရှေးခေတ် အစ္စရေးယဇ်ပုရောဟိတ်မင်းရဲ့ ရင်ဖုံးပေါ်က ကျောက်မျက်တွေကို ဘယ်ကနေ ရတာလဲ။

▪ အီဂျစ်ပြည်ကနေထွက်လာပြီး တောကန္တာရထဲ ရောက်လာတဲ့ အစ္စရေးလူတွေကို ယဇ်ပုရောဟိတ်မင်း ဝတ်ဖို့ ရင်ဖုံးချုပ်ရမယ်လို့ ဘုရားသခင် မိန့်မှာခဲ့တယ်။ (ထွက်မြောက်ရာ ၂၈:၁၅-၂၁) ရင်ဖုံးပေါ်မှာ ပတ္တမြား၊ ဥဿဖရား၊ မြ၊ စိမ်းပြာကျောက်၊ နီလာ၊ နဂါးသွဲ့၊ လဲ့ရှမ်ကျောက်၊ သင်္ဘောမဟူရာ၊ ခရမ်းဆွဲ၊ ခရုသုလိတ်၊ မဟူရာနဲ့ ကျောက်စိမ်းစတဲ့ ကျောက်မျက်တွေကို တပ်ဆင်ထားတယ်။a အစ္စရေးလူတွေက အဲဒီကျောက်မျက်တွေကို ဘယ်ကနေ ရတာလဲ။

ကျမ်းစာခေတ်က လူတွေဟာ ကျောက်မျက်တွေကို တန်ဖိုးထားပြီး ကူးသန်းရောင်းဝယ်ရေးမှာ အသုံးပြုကြတယ်။ ဥပမာ၊ ရှေးခေတ်အီဂျစ်လူတွေဟာ ကျောက်မျက်တွေကို မျက်မှောက်ခေတ် အီရန်၊ အာဖဂန်နစ္စတန်အပြင် အိန္ဒိယနိုင်ငံကနေတောင် ရရှိကြတယ်။ အီဂျစ်ကျောက်မျက်တွင်းတွေကနေ အဖိုးတန်ကျောက်မျက် အမျိုးမျိုး ထွက်ရှိတယ်။ အီဂျစ်ဖာရောမင်းတွေဟာ သူတို့လက်အောက်က ဒေသတွေကနေထွက်ရှိတဲ့ တွင်းထွက်ပစ္စည်းတွေကို မောင်ပိုင်စီးထားကြတယ်။ ဘိုးဘေးယောဘကလည်း သူ့ရဲ့တစ်ခေတ်တည်းသားတွေဟာ အဖိုးတန်ပစ္စည်းတွေကို ရှာဖွေဖို့ တွင်းတွေ တူးပြီး ဥမင်လိုဏ်ခေါင်းတွေ ဖောက်ခဲ့ကြတယ်လို့ ပြောပြခဲ့တယ်။ တူးဖော်ရရှိတဲ့ အဖိုးတန်ပစ္စည်းတွေထဲက နီလာနဲ့ဥဿဖရားတွေကို ယောဘ သတ်သတ်မှတ်မှတ် ဖော်ပြခဲ့တယ်။—ယောဘ ၂၈:၁-၁၁၊ ၁၉။

အီဂျစ်ပြည်ကနေ အစ္စရေးလူတွေ ထွက်လာတဲ့အချိန်မှာ “အီဂျစ်အမျိုးသားတို့၏ ပစ္စည်းဥစ္စာများကို ယူဆောင်သွားကြ” တယ်လို့ ထွက်မြောက်ရာကျမ်းမှာ ဖော်ပြထားပါတယ်။ (ထွက်မြောက်ရာ ၁၂:၃၅၊ ၃၆၊ ခမ) ဒါကြောင့် ယဇ်ပုရောဟိတ်မင်းရဲ့ ရင်ဖုံးပေါ်က ကျောက်မျက်တွေကို အီဂျစ်ပြည်ကနေ ရရှိတာဖြစ်နိုင်ပါတယ်။

ကျမ်းစာခေတ်မှာ စပျစ်ဝိုင်ကို ဆေးဝါးအဖြစ် ဘာကြောင့် အသုံးပြုကြတာလဲ။

▪ ယေရှု ပြောပြခဲ့တဲ့ ပုံဥပမာတွေထဲမှာ ဓားပြတွေ ဝိုင်းရိုက်တာခံခဲ့ရတဲ့ လူတစ်ယောက်အကြာင်းလည်းပါတယ်။ ရှမာရိလူတစ်ယောက်က အဲဒီလူရဲ့ ဒဏ်ရာတွေကို “ဆီနှင့်စပျစ်ဝိုင် လိမ်းကျံ” ပေးပြီး အဝတ်နဲ့စည်းပေးခဲ့တယ်လို့ ယေရှုပြောပြတယ်။ (လုကာ ၁၀:၃၀-၃၄) တိမောသေကို တမန်တော်ပေါလု စာရေးတုန်းက ဒီလိုအကြံပြုခဲ့တယ်– “သင်၏ အစာအိမ်အတွက်လည်းကောင်း၊ သင် မကြာခဏ ခံစားရသော ဝေဒနာကြောင့်လည်းကောင်း ရေကိုမသောက်တော့ဘဲ စပျစ်ဝိုင်အနည်းငယ်ကို သောက်သုံးလော့။” (၁ တိမောသေ ၅:၂၃) ယေရှုရဲ့ပုံဥပမာထဲမှာ ဖော်ပြတဲ့ အလေ့အထနဲ့ စပျစ်ဝိုင်ကို သောက်ပါဆိုတဲ့ ပေါလုရဲ့အကြံပြုချက်က ဆေးပညာရပ်နဲ့ ကိုက်ညီပါသလား။

စပျစ်ဝိုင်ကို “အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေးနဲ့ ရောဂါမျိုးစုံကို ကုသတဲ့ဆေး” အဖြစ် စာအုပ်တစ်အုပ် (Ancient Wine) မှာ ဖော်ပြထားပါတယ်။ ရှေးအချိန်က စပျစ်ဝိုင်ကို အီဂျစ်၊ မက်ဆိုပိုတေးမီးယားနဲ့ ဆီးရီးယားနိုင်ငံတွေမှာ ရောဂါကုသဖို့ အဓိကအသုံးပြုကြတယ်။ ဒါ့အပြင် စပျစ်ဝိုင်ကို “လူတွေမှတ်တမ်းတင်ထားတဲ့ ရှေးအကျဆုံးဆေးဝါး” အဖြစ် စာအုပ်တစ်အုပ် (The Oxford Companion to Wine) မှာလည်း ဖော်ပြထားတယ်။ တိမောသေကို စပျစ်ဝိုင်သောက်ဖို့ ပေါလု အကြံပြုတာနဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ် (The Origins and Ancient History of Wine) ထဲမှာ ဒီလိုဖော်ပြထားသေးတယ်– “စမ်းသပ်မှုတွေအရ၊ ဆေးနဲ့အတူ စပျစ်ဝိုင်ကို ရောသောက်မယ်ဆိုရင် အူရောင်ငန်းဖျားနဲ့ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ တခြားရောဂါပိုးတွေ ချက်ချင်း သေသွားတယ်လို့ သိရှိရပါတယ်။” စပျစ်ဝိုင်မှာ တွေ့ရတဲ့ ဒြပ်ပေါင်း ၅၀၀ ကျော်ထဲက တချို့ဟာ အထက်မှာဖော်ပြထားတဲ့ ပိုးတွေကို သေစေတဲ့အပြင် တခြားရောဂါတွေအတွက်လည်း ဆေးဖက်ဝင်တယ်လို့ ခေတ်သစ်သုတေသနပြုချက်ကလည်း အခိုင်အမာထောက်ခံတယ်။

[အောက်ခြေမှတ်ချက်]

a ကနေ့ခေတ်မှာ၊ ဖော်ပြထားတဲ့ ကျောက်မျက်တချို့ရဲ့ နာမည်ကို မသိကြတော့ပါဘူး။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

အီဂျစ်ပြည်၊ သီဘီမြို့က နာခ်ဆိုတဲ့လူတစ်ယောက်ရဲ့ အုတ်ဂူပေါ်မှာ ရေးဆွဲထားတဲ့ စပျစ်သီးနယ်နေတဲ့ တောသူတောင်သားများရဲ့ပုံ

[Credit Line]

Gianni Dagli Orti/​The Art Archive at Art Resource, NY

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ