ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၁၀/၁ စာ. ၁၆-၁၇
  • သင် ထာဝစဉ် အသက်ရှင်နိုင်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် ထာဝစဉ် အသက်ရှင်နိုင်သလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘယ်လို ထာဝစဉ် အသက်ရှင်နိုင်သလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကျွန်တော်တို့ ထာဝစဉ် အသက်ရှင်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ထာဝရအသက်အမှန်တကယ်ဖြစ်နိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ထာဝစဉ်အသက်ရှင်ခြင်းသည် အိပ်မက်မျှသာမဟုတ်
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၁၀/၁ စာ. ၁၆-၁၇

ဘုရားသခင့်စကားတော်မှ သင်ယူပါ

သင် ထာဝစဉ် အသက်ရှင်နိုင်သလား

ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေကို ဖော်ပြထားပြီး အဖြေတွေကို သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဆွေးနွေးလိုကြပါတယ်။

၁။ ကျွန်ုပ်တို့ ဘာကြောင့် အသက်မရှည်ရတာလဲ။

လိပ်တစ်ကောင်

ပင်လယ်လိပ်ကြီးတချို့ရဲ့ သက်တမ်းက နှစ်ပေါင်း ၁၅၀ ရှိတယ်။ သစ်ပင်တချို့ရဲ့ သက်တမ်းကျတော့ နှစ်ပေါင်း ၃,၀၀၀ ရှိတယ်။ လူ့သက်တမ်းကျတော့ အရမ်းကို တိုတောင်းပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ဟာ ပင်လယ်လိပ်ကြီး ဒါမှမဟုတ် သစ်ပင်ထက် ပိုပြီးအဓိပ္ပာယ်ရှိရှိ အသက်ရှင်နိုင်ကြတယ်။ ယေဟောဝါဘုရားသခင်ဟာ လူတွေကို တေးဂီတ၊ အားကစား၊ အစာစားတာ၊ သင်ယူတာ၊ ခရီးသွားတာ၊ လူတွေနဲ့ ပေါင်းသင်းတာတွေကို မွေ့လျော်ပြီး ထာ၀စဉ် အသက်ရှင်လိုတဲ့ဆန္ဒနဲ့ ဖန်ဆင်းခဲ့တယ်။—ဒေသနာ ၃:၁၁ ကိုဖတ်ပါ။

၂။ ကျွန်ုပ်တို့ အမှန်တကယ် ထာဝစဉ် အသက်ရှင်နိုင်ပါသလား။

လူတစ်ဦးကို ယေရှုအသက်ပြန်ရှင်စေ

ယေဟောဝါဟာ ထာဝစဉ်အသက်ရှင်တဲ့ ဘုရားသခင်ဖြစ်တယ်။ ကိုယ်တော်ဟာ ဘယ်တော့မှ မသေနိုင်ဘူး။ အသက်ပေးပိုင်ရှင် ဖြစ်တဲ့အတွက် တခြားသူတွေကို ထာဝစဉ်အသက်ရှင်အောင် လုပ်ပေးနိုင်တယ်။ (ဆာလံ ၃၆:၉; ဟဗက္ကုတ် ၁:၁၂) ဒါ့အပြင် ကိုယ်တော့်စကား နားထောင်တဲ့သူတွေကို ထာဝစဉ်အသက်ရှင်ခွင့် ပေးမယ်လို့လည်း ကတိပြုထားတယ်။ သူတို့ကို ပြန်လည် နုပျိုစေပါလိမ့်မယ်။—ယောဘ ၃၃:၂၄၊ ၂၅; ဟေရှာယ ၂၅:၈; ၃၃:၂၄ တို့ကိုဖတ်ပါ။

ကျန်းကျန်းမာမာနဲ့ ထာဝစဉ် အသက်ရှင်စေမယ်ဆိုတဲ့ ဘုရားသခင်ရဲ့ကတိကို ကျွန်ုပ်တို့ ယုံကြည်ကိုးစားနိုင်အောင် အံ့ဖွယ်အမှုတွေ ယေရှုပြသခဲ့တယ်။ ယေရှုဟာ ရောဂါအမျိုးမျိုးကို ကုသပေးခဲ့ပြီး သေလွန်သူတွေကိုတောင် အသက်ပြန်ရှင်စေခဲ့တယ်။—လုကာ ၇:၁၁-၁၅၊ ၁၈၊ ၁၉၊ ၂၂ ကိုဖတ်ပါ။

၃။ ဘယ်အချိန်မှာ ထာဝစဉ်အသက်ရှင်ခွင့် ရမှာလဲ။

လူတစ်ဦး ကျမ်းစာဖတ်နေ

ဘုရားသခင်က ကျွန်ုပ်တို့ကို ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုတွေ ပြည့်နှက်နေတဲ့ ဒီလောကမှာမဟုတ်ဘဲ သာယာလှပပြီး လုံခြုံမှုရှိတဲ့ မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်စေချင်တယ်။ (ဆာလံ ၃၇:၉၊ ၂၉; ဟေရှာယ ၆၅:၂၁၊ ၂၂) ဒီကမ္ဘာကြီးဟာ သာယာလှပတဲ့ အခြေအနေကို ပြန်ရောက်သွားတဲ့အခါ သန်းနဲ့ချီတဲ့ သေလွန်သူတွေ အသက်ပြန်ရှင်လာကြမယ်။ အသက်ပြန်ရှင်လာတဲ့သူတွေဟာ ဘုရားသခင်ကိုဝတ်ပြုပြီး ကိုယ်တော့်စကားနားထောင်ဖို့ ရွေးချယ်မယ်ဆိုရင် ထာဝစဉ်အသက်ရှင်ခွင့် ရရှိပါလိမ့်မယ်။—လုကာ ၂၃:၄၂၊ ၄၃; ယောဟန် ၅:၂၈၊ ၂၉ တို့ကို ဖတ်ပါ။

၄။ ထာဝရအသက်ကို ဘယ်လို ရရှိနိုင်မလဲ။

လူတစ်ဦး ကျမ်းစာဖတ်နေ

ဘုရားသခင်နဲ့ ရင်းနှီးလာခြင်းက ကြိုးစားရကျိုးနပ်

ထာဝရအသက်ကို ဘုရားသခင်ဆီကပဲ ရရှိနိုင်ပါတယ်။ ဒါကြောင့် ဘုရားသခင်အကြောင်း လေ့လာခြင်းအားဖြင့် ကိုယ်တော်နဲ့ ရင်းနှီးလာအောင် ပြုလုပ်သင့်တယ်။ သမ္မာကျမ်းစာမှာ ဘုရားသခင်နဲ့ပတ်သက်တဲ့ အသိပညာ ဆည်းပူးခြင်းကို အစာစားခြင်းနဲ့ ဆက်စပ်ဖော်ပြထားတယ်။ (မဿဲ ၄:၄) အစာစားတာကို ခုံမင်ကြပေမယ့် အစာကိုရယူပြီး ပြင်ဆင်ဖို့ ကြိုးစားအားထုတ်ဖို့တော့ လိုအပ်ပါတယ်။ အလားတူ ပုံဆောင်အစာဖြစ်တဲ့ ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာကို ဆည်းပူးဖို့လည်း ကြိုးစားအားထုတ်ဖို့ လိုအပ်တယ်။ ဘုရားသခင်နဲ့ရင်းနှီးလာပြီး ထာဝရအသက်ရရှိခြင်းက အရမ်းကို တန်ဖိုးရှိပါတယ်။—လုကာ ၁၃:၂၃၊ ၂၄; ယောဟန် ၆:၂၇; ၁၇:၃ တို့ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့အခန်း ၃ ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ