ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၁၁/၁ စာ. ၃
  • ဘုရားသခင်ကို မေးခွန်းထုတ်သင့်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်ကို မေးခွန်းထုတ်သင့်သလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဘယ်မျှကာလပတ်လုံး ဆိုးသွမ်းသူရှိဦးမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေဟောဝါကို ယုံကြည်ကိုးစားပြီး အသက်ရှင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ကျွန်ုပ်တို့၏ကယ်တင်ခြင်းဖြစ်သော ဘုရားသခင်၌ ရွှင်လန်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားက ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၁၁/၁ စာ. ၃

ဘုရားသခင်ကို မေးခွန်းထုတ်သင့်သလား

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ဘုရားသခင်ကို မေးခွန်းမထုတ်သင့်ဘူးလို့ တချို့က ဆိုကြတယ်။ ဘုရားသခင်ဟာ ဘာကြောင့် တချို့သောအရာတွေကို ဖြစ်ခွင့်ပြုပြီး တချို့သောအရာတွေကို ဖြစ်ခွင့်မပြုတာလဲလို့ မေးခွန်းထုတ်တာက ကိုယ်တော့်ကို မလေးမစားပြုရာကျတယ်ဆိုပြီး သူတို့ ယူဆကြတယ်။ သင်ကော အဲဒီလိုယူဆသလား။

ဘုရားသခင်ကို မေးခွန်းထုတ်တာက မှားတယ် ဒါမှမဟုတ် မလေးမစားပြုရာကျတယ်လို့ သင်ယူဆတယ်ဆိုရင်၊ လူကောင်း အတော်များများလည်း ဘုရားသခင်ကို မေးခွန်းထုတ်ခဲ့ကြတာကို သင် သိလိုက်ရတဲ့အခါ အံ့သြသွားပါလိမ့်မယ်။ ဘုရားသခင်ကို သူတို့မေးခဲ့တဲ့ မေးခွန်းတွေကို အောက်မှာဖော်ပြထားပါတယ်–

သစ္စာရှိယောဘ ဒီလိုမေးခဲ့တယ်– “ကိုယ်တော်သည် မျက်နှာတော်ကိုလွှဲ၍ အဘယ်ကြောင့် အကျွန်ုပ်ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း။”—ယောဘ ၁၃:၂၄။

သစ္စာရှိဟဗက္ကုတ်လည်း ဒီလိုမေးခဲ့တယ်– “ကိုယ်တော်သည် သစ္စာပျက်သောသူတို့ကို အဘယ်ကြောင့် ကြည့်ရှု၍ နေတော်မူသနည်း။ အဓမ္မလူသည် မိမိထက် ဖြောင့်မတ်သောသူကို ကိုက်စားသောအခါ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေတော်မူသနည်း။’—ဟဗက္ကုတ် ၁:၁၃။

ယေရှုခရစ်လည်း ဒီလိုမေးခဲ့ပါတယ်– “ကျွန်ုပ်၏ဘုရားသခင်၊ ကျွန်ုပ်၏ဘုရားသခင်၊ ကျွန်ုပ်ကို အဘယ်ကြောင့် စွန့်ပစ်တော်မူသနည်း။” —မဿဲ ၂၇:၄၆။

ဒီကျမ်းချက်တွေရဲ့ အထက်အောက်စကားကို ဖတ်ကြည့်မယ်ဆိုရင် စိတ်ရင်းမှန်နဲ့မေးတဲ့ မေးခွန်းတွေကို ယေဟောဝါဘုရားသခင်aက စိတ်အနှောင့်အယှက် မဖြစ်ခဲ့ဘူးဆိုတာကို သင် တွေ့ရပါလိမ့်မယ်။ ဘုရားသခင် စိတ်အနှောင့်အယှက် မဖြစ်ဘူးဆိုတဲ့ နောက်ဥပမာတချို့ကိုလည်း ကြည့်ရအောင်။ ကျန်းမာသန်စွမ်းနေဖို့ အခြေခံလိုအပ်ရာတွေ ဖြည့်ဆည်းပေးပါလို့ ကျွန်ုပ်တို့ တောင်းဆိုတဲ့အခါ ဘုရားသခင် စိတ်အနှောင့်အယှက် မဖြစ်ဘူး။ အဲဒီအစား၊ ကျွန်ုပ်တို့ရဲ့ လိုအပ်ရာတွေကို ကိုယ်တော် ဝမ်းပန်းတသာ ဖြည့်ဆည်းပေးပါတယ်။ (မဿဲ ၆:၁၁၊ ၃၃) စိတ်ငြိမ်သက်မှုရပြီး စိတ်ဓာတ်ကြံ့ခိုင်နေစေဖို့ လိုအပ်တဲ့အချက်အလက်တွေကိုလည်း ထပ်တူ ဖြည့်ဆည်းပေးပါတယ်။ (ဖိလိပ္ပိ ၄:၆၊ ၇) ယေရှုက တပည့်တွေကို ဒီလိုပြောခဲ့တယ်– “တောင်းမြဲ တောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်။” (မဿဲ ၇:၇) ဒီကျမ်းချက်ရဲ့ အထက်အောက်စကားအရ ဥစ္စာပစ္စည်းရဖို့လောက်သာ မဟုတ်ဘဲ အရေးကြီးတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို ရဖို့ပါ တောင်းပါလို့ ယေရှု ပြောနေတာဖြစ်တယ်။

ဘုရားသခင်ကို မေးခွန်းမေးဖို့ သင် အခွင့်အရေး ရခဲ့မယ်ဆိုရင် အောက်ပါမေးခွန်းတွေထဲက ဘယ်မေးခွန်းကို သင် မေးချင်ပါသလဲ။

  • ကျွန်ုပ် ဘာအတွက် အသက်ရှင်နေရတာလဲ။

  • ကျွန်ုပ် သေဆုံးပြီးတဲ့နောက် ဘာဖြစ်သွားမလဲ။

  • ကျွန်ုပ်ကို ဘာဖြစ်လို့ ဆင်းရဲဒုက္ခတွေ ခံစားစေတာလဲ။

ကျမ်းစာတစ်အုပ်လုံးကို ဘုရားသခင့်စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးသားထားတဲ့အတွက် ဘုရားသခင်ပေးထားတဲ့ အဖြေကို သမ္မာကျမ်းစာထဲမှာ သင်ရှာတွေ့နိုင်ပါတယ်။ (၂ တိမောသေ ၃:၁၆) အဲဒီမေးခွန်းတွေကို လူတချို့ မေးရတဲ့ အကြောင်းရင်းနဲ့ သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ အဖြေတွေကို သုံးသပ်ကြည့်ရအောင်။

a သမ္မာကျမ်းစာအရ ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့နာမည်ဖြစ်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ