ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၁၂/၁ စာ. ၁၆-၁၇
  • ယေရှုကို ဘုရားသခင် ဘာကြောင့် မြေကြီးပေါ်စေလွှတ်ခဲ့တာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုကို ဘုရားသခင် ဘာကြောင့် မြေကြီးပေါ်စေလွှတ်ခဲ့တာလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုခရစ်က ဘယ်သူလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ယေရှုခရစ်က ဘယ်သူလဲ
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ယေရှုခရစ်​—ဘုရားသခင် စေလွှတ်ခြင်းခံရသူလော
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၁၂/၁ စာ. ၁၆-၁၇

ဘုရားသခင့်စကားတော်မှ သင်ယူပါ

ယေရှုကို ဘုရားသခင် ဘာကြောင့် မြေကြီးပေါ် စေလွှတ်ခဲ့တာလဲ

ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေ တင်ပြထားပြီး အဖြေတွေကို သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဆွေးနွေးလိုကြပါတယ်။

၁။ ယေရှု မြေကြီးပေါ် မလာခင် ဘယ်မှာရှိခဲ့သလဲ။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ယေရှုဟာ ဘက်သလီဟင်မြို့မှာ မမွေးဖွားခင် မမြင်နိုင်တဲ့ခန္ဓာနဲ့ ကောင်းကင်ဘုံမှာ နေထိုင်ခဲ့တယ်။ ဘုရားသခင်ရဲ့ ဦးဆုံးနဲ့ တိုက်ရိုက်ဖန်ဆင်းခံရတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ ဒါကြောင့် ယေရှုကို ဘုရားသခင်ရဲ့ တစ်ဦးတည်းသော သားတော်လို့ ခေါ်ဆိုတာက သင့်လျော်ပါတယ်။ ကောင်းကင်ဘုံမှာဆိုရင် ဘုရားသခင်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် ကိုယ်တော်ကို နှုတ်ကပါဌ်တော်လို့ ခေါ်ဆိုခြင်းဖြစ်တယ်။ ကိုယ်တော်ဟာ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းလုပ်ငန်းမှာလည်း ကူညီပေးခဲ့ပါတယ်။ (ယောဟန် ၁:၂၊ ၃၊ ၁၄) လူသားတွေကို မဖန်ဆင်းခင် နှစ်သန်းပေါင်းများစွာကတည်းက ကောင်းကင်မှာ ဘုရားသခင်နဲ့အတူ ယေရှုနေထိုင်ခဲ့ပါတယ်။—မိက္ခာ ၅:၂; ယောဟန် ၁၇:၅ တို့ကို ဖတ်ပါ။

၂။ ဘုရားသခင်က သားတော်ကို ဘယ်လိုနည်းနဲ့ မြေကြီးပေါ် စေလွှတ်ခဲ့သလဲ။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ယေဟောဝါဘုရားသခင်ဟာ သန့်ရှင်းသောစွမ်းအားတော်ကို အသုံးပြုပြီး ယေရှုရဲ့ အသက်ကို ကောင်းကင်ဘုံကနေ မာရိရဲ့ သားအိမ်ထဲ ရွှေ့ပြောင်းပေးလိုက်တယ်။ ဒါကြောင့် လူသားဖခင်ရဲ့ အကူအညီမပါဘဲ ယေရှု မွေးဖွားလာခဲ့ပါတယ်။ ကောင်းကင်တမန်တွေဟာ ညအချိန် ကွင်းပြင်မှာ သိုးကျောင်းနေတဲ့ သိုးထိန်းတွေကို ယေရှုမွေးဖွားတဲ့အကြောင်း ကြေညာခဲ့ပါတယ်။ (လုကာ ၂:၈-၁၂) ဒါကြောင့် ယေရှုဟာ ဆောင်းရာသီရဲ့ အအေးဆုံးအချိန်မှာ မွေးဖွားတာမဟုတ်ဘဲ ပူနွေးဆဲကာလဖြစ်တဲ့ အောက်တိုဘာလဆန်းမှာ မွေးဖွားတာ ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာ မာရိနဲ့ သူ့ခင်ပွန်း ယောသပ်တို့ဟာ ယေရှုကို သူတို့ရဲ့ဇာတိ နာဇရက်မြို့ကို ခေါ်သွားပြီး အဲဒီမှာ ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ယောသပ်ဟာ ယေရှုကို သူ့ရဲ့ မွေးစားသားအဖြစ် စောင့်ရှောက်ခဲ့ပါတယ်။—မဿဲ ၁:၁၈-၂၃ ကိုဖတ်ပါ။

ယေရှု နှစ်ခြင်းခံခဲ့တဲ့ အသက် ၃၀ လောက်မှာ ယေရှုဟာ မိမိရဲ့သားတော်ဖြစ်ကြောင်း ဘုရားသခင် ကြေညာခဲ့ပါတယ်။ အဲဒီနောက် ဘုရားသခင်စေခိုင်းတဲ့အလုပ်ကို ယေရှုလုပ်ဆောင်ပါတော့တယ်။—မဿဲ ၃:၁၆၊ ၁၇ ကိုဖတ်ပါ။

၃။ ယေရှုကို ဘုရားသခင် ဘာကြောင့် မြေကြီးပေါ် စေလွှတ်ခဲ့တာလဲ။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

လူတွေကို အမှန်တရားသွန်သင်ပေးဖို့ ယေရှုကို ဘုရားသခင် စေလွှတ်လိုက်တာ ဖြစ်တယ်။ ယေရှုဟာ မြေကြီးတစ်ပြင်လုံးကို ငြိမ်းချမ်းစေမယ့် ကောင်းကင်အစိုးရဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်း သွန်သင်ပေးခဲ့တယ်။ ဒါ့အပြင် ထာဝစဉ်အသက်ရှင်နိုင်မယ့် မျှော်လင့်ချက်ကိုပါ ပေးခဲ့တယ်။ (ယောဟန် ၄:၁၄; ၁၈:၃၆၊ ၃၇) စစ်မှန်တဲ့ပျော်ရွှင်မှု ရှာတွေ့နိုင်ပုံကိုလည်း သွန်သင်ပေးခဲ့တယ်။ (မဿဲ ၅:၃; ၆:၁၉-၂၁) ကိုယ်တိုင်လည်း စံနမူနာပြပြီး သွန်သင်ပေးခဲ့တယ်။ ဥပမာအနေနဲ့၊ ကိုယ်တော် မတရားဆက်ဆံခံရတဲ့အခါ လက်တုံ့မပြန်ခြင်းအားဖြင့် ခက်ခဲတဲ့ အခြေအနေတွေမှာတောင် ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်နိုင်တယ်ဆိုတာကို ပြသခဲ့တယ်။—၁ ပေတရု ၂:၂၁-၂၄ ကိုဖတ်ပါ။

ယေရှုဟာ သူ့တပည့်တွေကို ကိုယ်ကျိုးစွန့်မေတ္တာအကြောင်း သွန်သင်ပေးခဲ့တယ်။ ကိုယ်တော်ဟာ ကောင်းကင်ဘုံမှာ ခမည်းတော်နဲ့အတူ နေထိုင်တဲ့ အခွင့်ထူးရှိပေမဲ့ ခမည်းတော်ကို နှိမ့်ချစွာ နာခံပြီး လူသားတွေနဲ့အတူ နေထိုင်ဖို့ မြေကြီးပေါ် ဆင်းလာခဲ့တယ်။ ဘယ်သူကမှ မေတ္တာနဲ့ပတ်သက်ပြီး ယေရှုလောက် စံနမူနာကောင်း ပြသနိုင်မှာမဟုတ်ဘူး။—ယောဟန် ၁၅:၁၂၊ ၁၃; ဖိလိပ္ပိ ၂:၅-၈ တို့ကိုဖတ်ပါ။

၄။ ယေရှုရဲ့ သေဆုံးခြင်းက ဘာကို ပြီးမြောက်စေသလဲ။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဘုရားသခင်ဟာ ယေရှုကို ကျွန်ုပ်တို့ရဲ့ အပြစ်တွေအတွက် အသေခံပေးဖို့လည်း စေလွှတ်လိုက်တာဖြစ်တယ်။ (ယောဟန် ၃:၁၆) ကျွန်ုပ်တို့အားလုံးဟာ အပြစ်သားတွေ ဖြစ်ကြပါတယ်၊ ဆိုလိုချင်တာက ကျွန်ုပ်တို့ဟာ မစုံလင်တဲ့အတွက် အပြစ်ပြုတတ်ကြပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ ဖျားနာပြီး သေဆုံးကြရတယ်။ ပထမဦးဆုံး လူသားအာဒံကတော့ စုံလင်တဲ့သူ ဖြစ်ခဲ့ပါတယ်။ သူဟာ အပြစ်မလုပ်ခဲ့ရင် သေတာ၊ ဖျားနာတာ ဘယ်တော့မှ ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘုရားသခင်ကို သူမနာခံတဲ့အတွက် သူ့ရဲ့ စုံလင်မှုကို ဆုံးရှုံးခဲ့ရတယ်။ အပြစ်နဲ့ အပြစ်ရဲ့အခဖြစ်တဲ့ သေခြင်းကို အာဒံဆီကနေ ကျွန်ုပ်တို့ အမွေအဖြစ် ရရှိခဲ့ကြတယ်။—ရောမ ၅:၁၂; ၆:၂၃ ကိုဖတ်ပါ။

စုံလင်တဲ့သူဖြစ်တဲ့ ယေရှုဟာ အပြစ်ရှိလို့ သေရတာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ အပြစ်တွေအတွက် အသေခံပေးတာ ဖြစ်ပါတယ်။ ယေရှုရဲ့ သေခြင်းက ကျွန်ုပ်တို့ကို ဘုရားသခင်ရဲ့ ကောင်းချီးခံစားရရှိစေပြီး ထာဝစဉ်အသက်ရှင်တဲ့ဘဝမှာ ပျော်မွေ့စေနိုင်တဲ့ အလားအလာရရှိစေပါတယ်။—၁ ပေတရု ၃:၁၈ ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၄ နဲ့ ၅ မှာဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ