ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၂/၁ စာ. ၃
  • မောရှေက ဘယ်သူလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မောရှေက ဘယ်သူလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုခရစ်တော်သည် မည်သို့အားဖြင့် မောရှေကဲ့သို့သော ဖရောဖက်ဖြစ်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မီးလောင်နေတဲ့ ချုံပုတ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • မောရှေဘာကြောင့်ထွက်ပြေးရတဲ့ အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၂/၁ စာ. ၃

မျက်နှာဖုံးဆောင်းပါး

မောရှေက ဘယ်သူလဲ

မောရှေဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ အောက်ဖော်ပြပါ အချက်တွေထဲက ဘယ်အချက်တွေကို သင် မှတ်မိပါသလဲ။

  • မိခင်ဖြစ်သူက တောင်းထဲမှာထည့်ပြီး နိုင်းလ်မြစ်မှာ ဝှက်ထားတဲ့ ကလေးလေးလား။

  • ဖာရောဘုရင့်သမီးတော်ရဲ့ မွေးစားခြင်းကိုခံရပြီး အီဂျစ်ပြည်မှာ ဇိမ်ကျကျနေထိုင်ရပေမဲ့ မိမိဟာ အစ္စရေးလူမျိုးဖြစ်တယ်ဆိုတာ ဘယ်တော့မှ မမေ့တဲ့ လူငယ်လေးလား။

  • မိဒျန်အရပ်မှာ အနှစ် ၄၀ ကြာ သိုးထိန်းဘဝနဲ့ နေထိုင်ခဲ့တဲ့သူလား။

  • မီးလောင်နေတဲ့ ချုံပုတ်ရှေ့မှာ ယေဟောဝါဘုရားသခင်aနဲ့ စကားပြောခဲ့တဲ့သူလား။

  • အစ္စရေးလူတွေကို ကျွန်ဘဝကနေ လွတ်ပေးဖို့ အီဂျစ်ဘုရင်ကို ရဲရဲဝံ့ဝံ့ တောင်းဆိုခဲ့တဲ့သူလား။

  • စစ်မှန်တဲ့ဘုရားသခင်ကို ဖာရောဘုရင် ငြင်းပယ်တဲ့အတွက် ဘုရားသခင့်လမ်းညွှန်ချက်နဲ့အညီ ကပ်ကြီးဆယ်ပါးကို ကြေညာခဲ့တဲ့သူလား။

  • အစ္စရေးလူတွေ အီဂျစ်ပြည်ကနေ ထွက်လာချိန်မှာ ဦးဆောင်ခဲ့တဲ့သူလား။

  • ပင်လယ်နီကို နှစ်ခြမ်းခွဲဖို့ အသုံးတော်ခံခဲ့ရသူလား။

  • အစ္စရေးလူတွေကို ဘုရားသခင့်ပညတ်တော်ဆယ်ပါး ပေးခဲ့တဲ့သူလား။

မောရှေဟာ ဖော်ပြခဲ့တဲ့အရာ အားလုံးအပြင် တခြားအရာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ သစ္စာရှိတဲ့ ဒီပုဂ္ဂိုလ်ကို ခရစ်ယာန်တွေ၊ ဂျူးတွေနဲ့ အစ္စလမ်ဘာသာဝင်တွေအားလုံး အင်မတန် လေးစားဂုဏ်တင်ကြတာ အံ့ဩစရာမဟုတ်ပါဘူး။

မောရှေဟာ “ကြောက်မက်ဖွယ်သော အမှုအရာ” တွေကို ပြသခဲ့တဲ့ ပရောဖက် (ကြိုဟောသူ) တစ်ဦးဆိုတာ ထင်ရှားပါတယ်။ (တရားဟောရာ ၃၄:၁၀-၁၂) ဘုရားသခင့်တန်ခိုးတော်ပြဖို့ မောရှေ အသုံးတော်ခံခဲ့တယ်။ ဒါပေမဲ့ မောရှေဟာ သာမန်လူသားတစ်ယောက်ပါ။ တခြားပရောဖက်တွေလို သူလည်းပဲ “ခံစားချက်ရှိ” တဲ့သူ ဖြစ်တယ်။ (ယာကုပ် ၅:၁၇) ကျွန်ုပ်တို့ တွေ့ကြုံရတဲ့ ပြဿနာအတော်များများကို သူလည်း တွေ့ကြုံခဲ့ရတယ်။ ဒါပေမဲ့ အဲဒီပြဿနာတွေကို သူအောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့တယ်။

မောရှေ ဘယ်လို ရင်ဆိုင်ဖြေရှင်းခဲ့သလဲဆိုတာ သင် သိချင်ပါသလား။ သူပြသခဲ့တဲ့ အရည်အသွေးကောင်း သုံးခုနဲ့ သူ့ရဲ့စံနမူနာကနေ ကျွန်ုပ်တို့ သင်ယူနိုင်တဲ့အရာတွေကို သုံးသပ်ကြည့်ရအောင်။

a သမ္မာကျမ်းစာအရ၊ ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့နာမည် ဖြစ်ပါတယ်။—ယေရမိ ၃၃:၂ ကိုရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ