ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၆/၁ စာ. ၁၄-၁၅
  • ရာဇဝတ်သားတစ်ဦးရဲ့အဖြစ်ကနေ ဘာတွေ သိရှိနိုင်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရာဇဝတ်သားတစ်ဦးရဲ့အဖြစ်ကနေ ဘာတွေ သိရှိနိုင်သလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ခင်ဗျားဟာ ကျွန်တော်နဲ့အတူ ပရဒိသုမှာ ရှိလိမ့်မယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ဘယ်သူတွေ ရှင်ပြန်ထမြောက်လာကြမလဲ၊ ဘယ်မှာ နေထိုင်ကြမလဲ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • “ပရဒိသုမှာ ပြန်တွေ့မယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • သမ္မာကျမ်းစာပါ သာယာအေးချမ်းတဲ့ဥယျာဉ် ပရဒိသုက ဘယ်မှာရှိသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၆/၁ စာ. ၁၄-၁၅

သားသမီးတွေကို သွန်သင်ပေးပါ

ရာဇဝတ်သားတစ်ဦးရဲ့အဖြစ်ကနေ ဘာတွေ သိရှိနိုင်သလဲ

ရုပ်ပုံထဲမှာ ယေရှု စကားပြောနေတဲ့ ရာဇဝတ်သားတစ်ဦးဆီကနေ တို့တတွေ ဘာတွေ သိရှိနိုင်သလဲ။ ရာဇဝတ်သားဟာ သူလုပ်ခဲ့တဲ့ ပြစ်မှုတွေကြောင့် ဝမ်းနည်းနေတယ်။ ဒါနဲ့ သူက “ယေရှု၊ နိုင်ငံတော်ကို အမွေခံရသည့်အခါ ကျွန်ုပ်ကို သတိရတော်မူပါ” လို့ ကိုယ်တော်ကို လျှောက်ဆိုခဲ့တယ်။ ရုပ်ပုံထဲမှာ ယေရှုဟာ အဲဒီရာဇဝတ်သားနဲ့ စကားပြောနေတာကို ကလေးတို့ တွေ့တယ်နော်။ သူ့ကို ယေရှု ဘာတွေပြောနေတယ်ဆိုတာ ကလေးတို့ သိသလား။—a သူ့ကို ယေရှု ဒီလိုပြောခဲ့တယ်– “ယနေ့ ငါအမှန်ဆိုသည်ကား သင်သည် ငါနှင့်အတူ ပရဒိသု၌ ရှိလိမ့်မည်။”

အဲဒီပရဒိသုက ဘယ်လိုပရဒိသုမျိုးဖြစ်မယ်လို့ ကလေးတို့ ထင်သလဲ။— အဖြေသိရအောင်၊ ပထမဆုံးလူသားမောင်နှံ အာဒံနဲ့ဧဝ နေထိုင်ဖို့ ဘုရားသခင် ပြုလုပ်ပေးခဲ့တဲ့ ပရဒိသုအကြောင်း ပြောကြရအောင်နော်။ အဲဒီပရဒိသုက ဘယ်မှာရှိသလဲ။ ကောင်းကင်မှာလား၊ မြေကြီးပေါ်မှာလား။—

မြေကြီးပေါ်မှာလို့ ကလေးတို့ ဖြေမယ်ဆိုရင် မှန်ပါတယ်။ ဒါကြောင့် ရာဇဝတ်သား နေထိုင်မယ့် “ပရဒိသု” အကြောင်း စဉ်းစားလိုက်ရင် သူဟာ ပရဒိသုဖြစ်လာမယ့် ကမ္ဘာမြေကြီးပေါ်မှာပဲ နေထိုင်မယ်ဆိုတာ စိတ်ထဲ ပေါ်လာမှာဖြစ်တယ်။ အဲဒီပရဒိသုက ဘယ်လိုပရဒိသုမျိုးလဲ။— ဆက်ကြည့်ရအောင်။

ပထမဆုံးလူသားမောင်နှံ အာဒံနဲ့ဧဝကို ယေဟောဝါဘုရားသခင် ဖန်ဆင်းပြီးတဲ့နောက် မြေကြီးပရဒိသုပေါ်မှာ သူတို့ကို နေထိုင်ခိုင်းတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီပရဒိသုကို “ဧဒင်ဥယျာဉ်” လို့ခေါ်တယ်။ အဲဒီဧဒင်ဥယျာဉ်ဟာ ဘယ်လောက်တောင် သာယာလှပလိုက်မလဲဆိုတာ ကလေးတို့ မြင်ယောင်ကြည့်နိုင်မလား။— ဧဒင်ဥယျာဉ်ဟာ ကလေးတို့ အခု တွေ့ဖူးတဲ့ ဥယျာဉ်တွေထက် အဆပေါင်းများစွာ သာယာလှပတဲ့ ဥယျာဉ်ဖြစ်တယ်။

အပြစ်တွေအတွက် ဝမ်းနည်းနေတဲ့ ရာဇဝတ်သားနဲ့အတူ ယေရှု မြေကြီးပေါ်မှာ ရှိနေမှာလား။ ကလေးတို့ ဘယ်လိုထင်သလဲ။— မြေကြီးပရဒိသု ဖြစ်ပေါ်လာတဲ့အချိန်မှာ ယေရှုဟာ ဘုရင်အဖြစ် ကောင်းကင်ကနေ အုပ်ချုပ်မှာဖြစ်တယ်။ အဲဒီရာဇဝတ်သားကို အသက်ပြန်ရှင်အောင် လုပ်ပေးပြီး သူ့ကို မြေကြီးပရဒိသုမှာ နေထိုင်နေတာကို တွေ့မြင်မယ်ဆိုတဲ့သဘောနဲ့ ယေရှုက သူနဲ့အတူ ရှိနေမှာဖြစ်တယ်။ ဒါပေမဲ့ ရာဇဝတ်သားကို ပရဒိသုမှာ ယေရှု ဘာကြောင့် နေထိုင်ခွင့်ပြုမှာလဲ။— အဲဒီအကြောင်းကို ဆက်ပြောပြမယ်နော်။

ဒီရာဇဝတ်သားက မကောင်းမှုတွေ လုပ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ကမ္ဘာပေါ်မှာ အသက်ရှင်ခဲ့တဲ့သူ သန်းပေါင်းများစွာလည်း မကောင်းမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့အထဲက အများစုဟာ ယေဟောဝါဘုရားသခင်အကြောင်း၊ သူတို့ကို ဘုရားသခင် ဘာလုပ်စေချင်တဲ့အကြောင်း တစ်ခါမှ မကြားဖူးတဲ့အတွက် မကောင်းမှုတွေ လုပ်ခဲ့ကြတာပါ။

ဒါကြောင့် ယေရှု စကားပြောနေတဲ့ သစ်တိုင်ပေါ်က ရာဇဝတ်သားအပါအဝင် အဲဒီလိုလူတွေဟာ ပရဒိသုဖြစ်လာမယ့် ဒီကမ္ဘာမြေကြီးပေါ်မှာ အသက်ပြန်ရှင်လာကြမယ်။ အဲဒီအခါကျရင် ယေဟောဝါ ဘုရားသခင့်အလိုတော်ကို သူတို့သင်ယူခွင့်ရကြမယ်။ ဒါ့အပြင် ဘုရားသခင်ကို သူတို့ချစ်ကြောင်း သက်သေပြခွင့်ရကြမယ်။

သူတို့ ဘယ်လိုသက်သေပြမလဲဆိုတာ ကလေးတို့ သိသလား။— ဘုရားသခင်ရဲ့အလိုတော်ကို လုပ်ဆောင်ခြင်းအားဖြင့် သက်သေပြကြမယ်။ ယေဟောဝါကိုရော အချင်းချင်းကိုပါ ချစ်ကြမယ့်သူတွေနဲ့ မြေကြီးပရဒိသုမှာ အမြဲနေထိုင်ရမယ်ဆိုရင် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲနော်။

သမ္မာကျမ်းစာထဲမှာ ဖတ်ကြည့်ပါ

  • လုကာ ၂၃:၃၂-၄၃

  • ကမ္ဘာဦး ၂:၇-၉

  • ဗျာဒိတ် ၂၁:၃-၅

a ကလေးနဲ့အတူ ဖတ်နေတယ်ဆိုရင် မျဉ်းရှည်က ခေတ္တရပ်တန့်ပြီး ကလေးကို ဖြေဆိုစေပါဆိုတဲ့ သတိပေးချက်ဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ