ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၇/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရွေးဖိုး —ဘုရားပေးတဲ့ အဖိုးထိုက်ဆုံးလက်ဆောင်
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ယေရှုခရစ်က ဘယ်သူလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ယေရှုခရစ်က ဘယ်သူလဲ
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ယေရှု ကယ်တင်သည်—မည်သို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၇/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ထာဝစဉ် အသက်ရှင်ဖို့ဆိုတာ ဖြစ်နိုင်ပါသလား

သေခြင်းတရားကနေ လွတ်မြောက်ဖို့ ဘုရားသခင် ဘယ်အရာ ပြင်ဆင်ပေးထားသလဲ

ပထမဆုံးလူသား အာဒံဟာ ရာစုနှစ်များစွာ အသက်ရှင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ သူ အိုမင်းလာပြီး သေဆုံးခဲ့ရတယ်။ အဲဒီအချိန်ကစပြီး လူသားတွေဟာ မအိုမင်းအောင် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ဘယ်သူကမှ သေခြင်းတရားကို မလွှဲရှောင်နိုင်ခဲ့ဘူး။ ဘာကြောင့်လဲ။ အာဒံ အိုမင်းလာပြီး သေဆုံးရတာက ဘုရားသခင့်စကား နားမထောင်ဘဲ အပြစ်ပြုလိုက်တဲ့အတွက် ဖြစ်ပါတယ်။ အာဒံရဲ့အပြစ်နဲ့ အပြစ်ရဲ့အဖိုးအခဖြစ်တဲ့ သေခြင်းကို ကျွန်ုပ်တို့ အမွေရထားတဲ့အတွက် အိုမင်းရခြင်း ဖြစ်ပါတယ်။—ကမ္ဘာဦး ၅:၅; ရောမ ၅:၁၂ တို့ကိုဖတ်ပါ။

ကျွန်ုပ်တို့ ထာဝစဉ်အသက်ရှင်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ဦးတစ်ယောက်က ကျွန်ုပ်တို့အတွက် ရွေးဖိုးပေးရမှာဖြစ်တယ်။ (ယောဘ ၃၃:၂၄၊ ၂၅) ရွေးဖိုးဆိုတာ တစ်ဦးတစ်ယောက်ကို တစ်စုံတစ်ရာကနေ လွတ်မြောက်စေဖို့ ပေးရတဲ့ အဖိုးအခဖြစ်ပါတယ်။ ကျွန်ုပ်တို့က သေခြင်းကနေ လွတ်မြောက်ဖို့ လိုအပ်ပါတယ်။ (ထွက်မြောက်ရာ ၂၁:၂၉၊ ၃၀) ယေရှုဟာ အသေခံပေးခြင်းအားဖြင့် ရွေးဖိုးကို ပေးဆက်ခဲ့တဲ့အတွက် ကျွန်ုပ်တို့ ထာဝစဉ်အသက်ရှင်ဖို့ဆိုတာ ဖြစ်နိုင်တယ်။—ယောဟန် ၃:၁၆ ကိုဖတ်ပါ။

ထာဝစဉ်အသက်ရှင်ဖို့ ဘာလုပ်ရမလဲ

အိုနာသေခြင်းကနေ လူသားအားလုံးတော့ လွတ်မြောက်မှာ မဟုတ်ပါဘူး။ အာဒံလို ဘုရားသခင့်စကား နားမထောင်တဲ့သူတွေဟာ ထာဝရအသက် ရရှိမှာမဟုတ်ဘူး။ အပြစ်ကနေ ခွင့်လွှတ်ခံရတဲ့ သူတွေပဲ ထာဝစဉ်အသက်ရှင်နိုင်မှာဖြစ်ပါတယ်။—ဟေရှာယ ၃၃:၂၄; ၃၅:၃–၆ ကိုဖတ်ပါ။

အပြစ်ခွင့်လွှတ်ခံရဖို့ ကျွန်ုပ်တို့ လုပ်ဆောင်ရမယ့်အရာ ရှိပါတယ်။ သမ္မာကျမ်းစာကို လေ့လာရမယ်။ ဒီလိုလေ့လာမှသာ ဘုရားသခင်ကို သိကျွမ်းလာမယ်။ ပိုမိုကောင်းမွန်တဲ့ဘ၀နဲ့ ဘယ်လို နေထိုင်နိုင်တယ် ဆိုတာကို သိလာမယ်။ ဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှုကိုရဖို့နဲ့ ထာဝစဉ်အသက်ရှင်နိုင်ဖို့ ဘာလုပ်ရမယ်ဆိုတာကိုလည်း သိလာမှာဖြစ်တယ်။—ယောဟန် ၁၇:၃; တမန်တော် ၃:၁၉ တို့ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့အခန်း ၃ ကို ဖတ်ကြည့်ပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ