ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၉/၁ စာ. ၃
  • အပြစ်မဲ့သူများစွာသေဆုံး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပြစ်မဲ့သူများစွာသေဆုံး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • မေးခွန်း ၃– ကျွန်ုပ်ကို ဘာဖြစ်လို့ ဆင်းရဲဒုက္ခတွေ ခံစားစေတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်းရဲခက်ခဲမှုတွေ ဘာကြောင့် ဒီလောက်တောင် များနေတာလဲ
    နိုးလော့!—၂၀၁၁
  • မာတိကာ
    နိုးလော့!—၂၀၂၀
  • ဆင်းရဲဒုက္ခမရှိတော့မည့်အခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၉/၁ စာ. ၃

မျက်နှာဖုံးဆောင်းပါး– ဆင်းရဲဒုက္ခတွေ ဘာကြောင့် ဒီလောက်တောင် များနေရတာလဲ။ ဘယ်တော့ ပပျောက်မလဲ။

အပြစ်မဲ့သူများစွာသေဆုံး

နိုအဲလ်လေးဟာ ပုံဆွဲဝါသနာပါတဲ့ ချစ်စရာ ကလေးတစ်ယောက်ပါ။ နွေရာသီညနေခင်းတစ်ခုမှာ ကလေးဟာ ကစားနေရင်း အိမ်အနောက်က ရေကူးကန်ထဲကို ပြုတ်ကျသွားတယ်။ အသက်လေးနှစ်မပြည့်ခင် နှစ်ပတ်အလိုမှာ ရေနစ်သေဆုံးသွားရှာတယ်။

၂၀၁၂၊ ဒီဇင်ဘာ ၁၄ ရက်၊ အမေရိကန်နိုင်ငံ ကော်နယ်တီးကပ်စ်မြို့ကကျောင်းမှာ လူတစ်ဦးဟာ သေနတ်နဲ့ရမ်းကားပစ်ခတ်လို့ ၂၆ ဦး သေဆုံးသွားတယ်။ အဲဒီထဲမှာ အသက် ၆ နှစ်နဲ့ ၇ နှစ်အရွယ်ရှိတဲ့ ရှားလက်၊ ဒန်နီရယ်၊ အိုလစ်ဗီးယား၊ ဂျိုးဇက်ဖင်း အပါအဝင် ကလေး အယောက် ၂၀ ပါသွားတယ်။ အောက်မေ့ရာပွဲလုပ်တဲ့အချိန်မှာ သမ္မတအိုဘားမားက သေဆုံးသွားတဲ့ ကလေးတွေရဲ့နာမည်တွေကို ဖော်ပြပြီး ဝမ်းနည်းကြေကွဲနေတဲ့ ပရိသတ်ကို “ဒီလိုအဖြစ်ဆိုးမျိုး နောက်ဘယ်တော့မှ မဖြစ်အောင်လုပ်ရမယ်” လို့ ပြောခဲ့တယ်။

အသက်တစ်ဆယ့်ရှစ်နှစ်အရွယ် ဘာနိုက ၁၉၉၆ ခုနှစ်မှာ အီရတ်နိုင်ငံကနေ မိသားစုနဲ့အတူ နော်ဝေးနိုင်ငံကို ပြောင်းလာခဲ့သူပါ။ သူငယ်ချင်းတွေက ချစ်စနိုးနဲ့ သူ့ကို နေရောင်ခြည်လေးလို့ ခေါ်ကြတယ်။ ၂၀၁၁၊ ဇူလိုင် ၂၂ ရက်နေ့မှာ ‘ငါနောက်ထပ် ပစ်မသတ်နိုင်ခဲ့လို့ တောင်းပန်ချင်ပါတယ်’ ဆိုပြီး ကြွားဝါပြောဆိုတဲ့ အစွန်းရောက်သမားရဲ့ သေနတ်ပစ်ခံရမှုကြောင့် သေဆုံးသွားတဲ့သူ ၇၇ ယောက်ရှိတယ်။ ဝမ်းနည်းစရာက သေဆုံးသွားတဲ့သူတွေထဲမှာ ဘာနိုလည်းပါသွားရှာတယ်။

အဲဒီလို ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်တွေကို ကမ္ဘာတစ်ဝန်းမှာ နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်။ မတော်တဆ ထိခိုက်မှုတွေ၊ ရာဇဝတ်မှု၊ စစ်မှု၊ အကြမ်းဖက်မှု၊ သဘာဝဘေးဒဏ်တွေနဲ့ တခြားဖြစ်ရပ်ဆိုးတွေကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်ကြေကွဲမှုတွေကို စဉ်းစားကြည့်လိုက်ပါ။ မတရားမှုတွေကြောင့် အပြစ်မဲ့တဲ့သူများစွာ သေဆုံးခဲ့ရ၊ ဒုက္ခပင်လယ်ဝေခဲ့ကြရတယ်။

လူတချို့က ဖန်ဆင်းရှင်ဘုရားသခင်ဟာ လူ့မိသားစုကြီးကို အရေးမလုပ်ဘူးလို့ပြောပြီး ကိုယ်တော့်ကို အပြစ်တင်ကြတယ်။ တချို့ကျတော့ လူသားတွေခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို ဘုရားသခင် မြင်ပေမဲ့ ဝင်ရောက်ကူညီပေးခြင်းမရှိဘူးလို့ ယူမှတ်ကြတယ်။ တချို့ကျတော့ အဲဒီလိုအဖြစ်ဆိုးတွေဟာ ကံတရားကြောင့် ဖြစ်ရတာလို့ ပြောကြတယ်။ ဆင်းရဲဒုက္ခတွေ ဘာကြောင့် ဒီလောက်တောင် များရတာလဲဆိုတာနဲ့ပတ်သက်ပြီး လူတွေရဲ့ထင်မြင်ချက်တွေက မကုန်ဆုံးနိုင်တော့ဘူး။ ယုံကြည်စိတ်ချရပြီး ကျေနပ်အားရဖွယ်အဖြေတွေကို ဘယ်မှာရှာတွေ့နိုင်မလဲ။ နောက်ဆောင်းပါးတွေမှာ ဆင်းရဲဒုက္ခတွေ ဖြစ်ရတဲ့အကြောင်းရင်းတွေနဲ့ အဲဒီဆင်းရဲဒုက္ခတွေကို ဘယ်လိုပပျောက်စေမလဲဆိုတာ သမ္မာကျမ်းစာကနေ အဖြေရှာတွေ့ပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ