ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၄/၁ စာ. ၁၃
  • သင် သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ညီအစ်ကိုချင်းမေတ္တာသည် တက်ကြွ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ‘မေတ္တာအခြေပြု၍တိုက်တွန်းနှိုးဆော်ခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဖိလေမုန် နှင့် ဩနေသိမ်—ခရစ်ယာန်ညီအစ်ကိုအသင်းအပင်း၌ တပေါင်းတစည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ပေါလု ရောမမြို့မှာရှိနေတဲ့အခါ
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၄/၁ စာ. ၁၃

သင် သိပါသလား

ရောမအင်ပါယာမှာရှိတဲ့ ကျွန်တွေရဲ့ ဘဝက ဘယ်လိုမျိုးလဲ

တံဆိပ်တစ်ခုတွဲချိတ်ထားတဲ့ ရောမကျွန်တွေရဲ့ သံလည်ပတ်

ရောမကျွန်တွေရဲ့ သံလည်ကွင်း

ရောမအင်ပါယာမှာ လူတွေဟာ စစ်ရှုံးပြီး အဖမ်းခံရလို့ ဒါမှမဟုတ် အတင်းအကျပ်ဖမ်းဆီးခံရလို့ ကျွန်တွေဖြစ်ကုန်တယ်။ အဲဒီကျွန်တွေဟာ ရောင်းစားခံရပြီး အများအားဖြင့် သူတို့အိမ်ကို ပြန်ခွင့်မရကြတော့ဘူး။ သူတို့မိသားစုနဲ့ ပြန်တွေ့ခွင့်မရကြတော့ဘူး။

ကျွန်အများစုက သေတဲ့အထိ သတ္တုတွင်းတွေမှာ အလုပ်လုပ်ရပြီး တချို့ကတော့ ပိုသက်သာတဲ့ လယ်သမားတွေ၊ အိမ်အကူတွေအဖြစ် အလုပ်လုပ်ရတယ်။ ကျွန်တွေရဲ့လည်ပင်းမှာ စာထွင်းထားတဲ့သံလည်ပတ် ဒါမှမဟုတ် တံဆိပ်တစ်ခု တွဲချိတ်ထားတဲ့ သံလည်ကွင်းကို ပတ်ပေးထားတတ်တယ်။ အဲဒီမှာ သူထွက်ပြေးသွားလို့ ပိုင်ရှင်ဆီပြန်ပို့ပေးရင် ဆုချမယ်လို့ ရေးထားတယ်။ အကြိမ်ကြိမ်ထွက်ပြေးဖို့ ကြိုးစားတဲ့ကျွန်ကို ဝရမ်းပြေးလို့ အဓိပ္ပာယ်ရှိတဲ့ စကားလုံးရဲ့ အတိုကောက်စာလုံးကို နဖူးမှာ သံပူထိုးပြီး အပြစ်ပေးနိုင်တယ်။

ကျမ်းစာရဲ့ ဖိလေမုန်ကျမ်းမှာ ထွက်ပြေးသွားတဲ့ကျွန် ဩနေသိမ်ကို ပိုင်ရှင်ဖိလေမုန်ဆီ တမန်တော်ပေါလု ပြန်ပို့ပေးတဲ့အကြောင်း ဖော်ပြထားတယ်။ ဖိလေမုန်က ဥပဒေအရ ဩနေသိမ်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးခွင့်ရှိပေမဲ့ ပေါလုက ခရစ်ယာန်မေတ္တာနဲ့ ရင်းနှီးမှုအပေါ်အခြေခံပြီး ဩနေသိမ်ကို “သနားကြင်နာစွာ လက်ခံ” ပေးပါလို့ ဖိလေမုန်ကို တောင်းဆိုခဲ့တယ်။—ဖိလေမုန် ၁၀၊ ၁၁၊ ၁၅-၁၈။

ရှေးခေတ်ဖိုနီးရှားပြည်က ခရမ်းရောင်ဆိုးဆေးဟာ ဘာကြောင့်နာမည်ကြီးတာလဲ

ပင်လယ်ခရုနဲ့ တိုင်ရာ ခရမ်းရောင်သိုးမွေး

ယနေ့ခေတ် လက်ဘနွန်နိုင်ငံမှာတည်ရှိခဲ့တဲ့ ဖိုနီးရှားပြည်ဟာ တိုင်ရာမြို့ကို အစွဲပြုပြီး အမည်တွင်လာတဲ့ တိုင်ရာခရမ်းရောင်ဆိုးဆေးတွေကြောင့် ထင်ရှားပါတယ်။ ရှေးအစ္စရေးဘုရင် ရှောလမုန်ဟာ တိုင်ရာပြည်က လက်မှုပညာသည်တစ်ဦးလုပ်တဲ့ “ခရမ်းရောင်သိုးမွေး” နဲ့ ဗိမာန်တော်ကို အလှဆင်ခဲ့တယ်။—၂ ရာဇဝင်ချုပ် ၂:၁၃၊ ၁၄၊ ကဘ။

အဲဒီအချိန်က တိုင်ရာမြို့ထွက် ခရမ်းရောင်ဆိုးဆေးက ဈေးအကြီးဆုံး ဆိုးဆေးဖြစ်တယ်။ အဓိကအကြောင်းရင်းကတော့ ဒီဆိုးဆေးရဖို့အတွက် အများကြီးလုပ်ဆောင်ရလို့ဖြစ်တယ်။ ဝတ်ရုံတစ်ထည်တည်းကို ဆေးဆိုးဖို့ ပင်လယ်ခရုa အကောင်ပေါင်း ၁၂,၀၀၀ ကိုအသုံးပြုရတယ်။ ဒါကြောင့် တံငါသည်တွေဟာ ပင်လယ်ခရုအများကြီးကို ဖမ်းကြရတယ်။ ပင်လယ်ခရုတွေရဲ့ အရောင်ရှိတဲ့အကျိတ်လေးတွေကို ရရှိဖို့ အခွံတွေကို ချွတ်ပစ်ရတယ်။ အဲဒါတွေကို ဆားနဲ့ရောပြီး သုံးရက်ကြာ နေလှန်းထားကြတယ်။ ပြီးတဲ့အခါ စည်ကြီးထဲထည့်ပြီး ပင်လယ်ရေနဲ့ ရက်ပေါင်းတော်တော်ကြာ မီးအေးအေးနဲ့ အပူပေးထားရတယ်။

ဖိုနီးရှားပြည်ဟာ ကူးသန်းရောင်းဝယ်နိုင်ပြီး နယ်ချဲ့နိုင်တဲ့အတွက် တိုင်ရာမြို့ထွက် ခရမ်းရောင်ဆိုးဆေးရဲ့ဈေးကွက်နဲ့ ထုတ်လုပ်နိုင်စွမ်းကို ရာစုနှစ်အတော်ကြာ ဆက်ထိန်းသိမ်းနိုင်ခဲ့တယ်။ သူတို့ရဲ့ဆိုးဆေးထုတ်လုပ်တဲ့ နည်းစနစ်ကို မြေထဲပင်လယ်တစ်ဝိုက်အပြင် တော်တော်လေးကွာဝေးတဲ့ အနောက်ဘက်က စပိန်နိုင်ငံ၊ ခါဒစ္စမြို့မှာ တွေ့နေရတုန်းပဲ။

a အဲဒီခရုတွေရဲ့ အခွံက နှစ်လက်မ၊ သုံးလက်မလောက် ရှိတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ