ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၁၀/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၁၀/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဘုရားသခင့်နိုင်ငံတော်လာပါစေလို့ ဘာကြောင့် ဆုတောင်းတာလဲ

ဘုရားသခင့်နိုင်ငံတော်ရဲ့ ရန်သူတွေကို အနိုင်ယူဖို့ မြင်းစီးပြီးထွက်လာနေတဲ့ ယေရှုခရစ်

ဘုရားသခင့်နိုင်ငံတော်နဲ့ နိုင်ငံတော်က လုပ်ဆောင်ပေးမယ့်အရာတွေအကြောင်း ထပ်သိချင်ပါသလား

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ကောင်းကင်ကနေ အုပ်ချုပ်မယ့် အစိုးရတစ်ခု ဖြစ်တယ်။ ယေရှုက နောက်လိုက်တွေကို နိုင်ငံတော်လာပါစေလို့ ဆုတောင်းခိုင်းတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံတော်က ကမ္ဘာပေါ်မှာ ဖြောင့်မတ်မှုနဲ့ ငြိမ်းချမ်းမှု ပြန်ရှိလာအောင် လုပ်ဆောင်ပေးမှာဖြစ်လို့ပါပဲ။ အကြမ်းဖက်မှု၊ မတရားမှုနဲ့ ရောဂါတွေ အပြီးအပိုင်ပပျောက်သွားအောင် ဘယ်လူ့အစိုးရကမှ မလုပ်ပေးနိုင်ပါဘူး။ ဒါပေမဲ့ ဘုရားသခင့်နိုင်ငံတော်က ဒီအရာတွေ ပပျောက်သွားအောင် လုပ်ပေးနိုင်တဲ့အပြင် လုပ်လည်းလုပ်ပေးမှာဖြစ်တယ်။ ဘုရားက သားတော်ယေရှုကို နိုင်ငံတော်ရဲ့ ဘုရင်အဖြစ် ခန့်အပ်ထားပါတယ်။ နိုင်ငံတော်မှာ ယေရှုနဲ့အတူ တွဲဖက်အုပ်ချုပ်သူတွေအဖြစ် ယေရှုရဲ့နောက်လိုက်ထဲက အုပ်စုတစ်စုကိုလည်း ရွေးချယ်ထားပါတယ်။—လုကာ ၁၁:၂; ၂၂:၂၈–၃၀ တို့ကိုဖတ်ပါ။

မကြာခင်မှာ ဘုရားသခင့်နိုင်ငံတော်က ဘုရားရဲ့အုပ်ချုပ်မှုကို ဆန့်ကျင်သူအားလုံးကို ဖျက်ဆီးပစ်ပါတော့မယ်။ ဒါကြောင့် ဘုရားသခင့်နိုင်ငံတော်လာဖို့ ဆုတောင်းတာက လူ့အစိုးရတွေကို ဖယ်ရှားပေးပြီး ဘုရားသခင့်အစိုးရ တည်ထောင်ပေးပါလို့ တောင်းဆိုနေတာဖြစ်တယ်။—ဒံယေလ ၇:၁၃၊ ၁၄; ဗျာဒိတ် ၁၁:၁၅၊ ၁၈ တို့ကိုဖတ်ပါ။

ဘုရားသခင့်နိုင်ငံတော်ကနေ လူသားတွေ အကျိုးရရှိမယ်လို့ ဘာကြောင့်ပြောနိုင်သလဲ

ယေရှုက စာနာထောက်ထားမှုရှိတဲ့အတွက် အကောင်းဆုံးဘုရင် ဖြစ်ပါတယ်။ ဒါ့အပြင် ဘုရားသားတော်ဖြစ်တဲ့ ယေရှုမှာ ဘုရားသခင်ဆီ အကူအညီတောင်းနေတဲ့သူတွေ အားလုံးကို ကူညီပေးနိုင်စွမ်းလည်း ရှိတယ်။—ဆာလံ ၇၂:၈၊ ၁၂–၁၄ ကိုဖတ်ပါ။

ဘုရားသခင့်နိုင်ငံတော် လာပါစေလို့ စိတ်ရင်းမှန်နဲ့ တောင်းလျှောက်ပြီး ဘုရားအလိုတော်နဲ့အညီ နေထိုင်သူအားလုံးဟာ အဲဒီနိုင်ငံတော်ကနေ အကျိုးခံစားရနိုင်ပါတယ်။ ဘုရားသခင့်နိုင်ငံတော်အကြောင်း ကျမ်းစာကနေ လေ့လာကြည့်ပါ။ အဲဒီအတွက် သင် ပျော်ရွှင်ရပါလိမ့်မယ်။—လုကာ ၁၈:၁၆၊ ၁၇; ယောဟန် ၄:၂၃ တို့ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ဒီစာအုပ်ရဲ့ အခန်း ၈ ကိုဖတ်ကြည့်ပါ

www.pr2711.com/mya ကနေလည်း ကူးယူနိုင်ပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ