ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၂/၁ စာ. ၃
  • အလုပ်ကြိုးစားခြင်း—ခေတ်ကုန်သွားပြီလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အလုပ်ကြိုးစားခြင်း—ခေတ်ကုန်သွားပြီလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • အလုပ်ကြိုးစားမှုကနေ ကျေနပ်ပျော်ရွှင်မှုရနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ကြိုးစားပမ်းစား လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်ပါ
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • အလုပ်မှာ ပျော်ရွှင်ကျေနပ်ပါ
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • ကြိုးစားအားထုတ်ရာ၌ ပျော်မွေ့ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၂/၁ စာ. ၃
တခြားသူတွေ ပစ္စည်းသယ်နေတုန်း စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေတဲ့ လူငယ်

မျက်နှာဖုံးဆောင်းပါး | အလုပ်မှာ ကျေနပ်ပျော်ရွှင်မှု ရနိုင်ပုံ

အလုပ်ကြိုးစားခြင်း—ခေတ်ကုန်သွားပြီလား

အိမ်ပြောင်းရွှေ့ပေးတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ အဲလက်စ်ဟာ ကားပေါ်ကို စက္ကူပုံးတစ်ပုံးတင်ပြီးတဲ့နောက် သက်ပြင်းချရင်း ဒီလိုပြောတယ်– ‘တက်လမ်းမရှိတဲ့ ဒီအလုပ်ကိုပဲ ဘာလို့များ ငါ လုပ်နေမိတာလဲ။ ငါ့ဘဝ ဘယ်တော့မှ တိုးတက်မှာလဲ။ အလုပ်မလုပ်ရရင် သိပ်ကောင်းမှာပဲ။’

အဲလက်စ်လိုပဲ ဒီနေ့ခေတ် လူအတော်များများက အလုပ်ကြိုးစားချင်စိတ် မရှိကြဘူး။ “‘သူများခိုင်းတာ’ ကိုလုပ်ရတာက နိမ့်ကျတဲ့အလုပ်လို့ လူတွေ ယူဆကြတယ်။ သူတို့ရဲ့သဘောထားက ‘ဒီထက်ကောင်းတဲ့ အလုပ် မရမချင်း ဒီအလုပ်ကို မှေးလုပ်နေရမယ်’” ဆိုပြီး ကားပြင်ဆရာ အေရွန် ပြောတယ်။

လူတွေက ဘာကြောင့် အလုပ်မကြိုးစားချင်ကြတာလဲ။ အကောင်းဆုံးဘဝပုံစံဆိုတာ “လောကနိဗ္ဗာန်” လိုမျိုး ဇိမ်ကျကျနေထိုင်တာလို့ ပုံဖော်ပေးတဲ့ မီဒီယာတွေကြောင့် ဖြစ်နိုင်တယ်။ “စားဝတ်နေရေးအတွက် ကြိုးစားရလေလေ ဘဝတက်လမ်း ပိတ်လေလေပဲလို့ လူတွေ ထင်ကြတယ်” ဆိုပြီး ပြုပြင်ထိန်းသိမ်းရေးသမား မက်သယူးက ပြောတယ်။ လုံခြုံရေးအစောင့် ရှိန်းက “လူတွေဟာ တစ်နေ့စာလုပ်အားခရဖို့ တစ်နေကုန် အလုပ်မလုပ်ချင်ကြတော့ဘူး” လို့ဆိုတယ်။

ဒါပေမဲ့ အောင်မြင်တိုးတက်နေတဲ့ လူတွေဟာ အလုပ်ကြိုးစားသူတွေ ဖြစ်တယ်။ အသက် ၂၅ နှစ်အရွယ် ဆောက်လုပ်ရေးလုပ်သား ဒန်နီယယ်လ်က ဒီလိုပြောတယ်– “အလုပ်ကြိုးစားလုပ်တာ တကယ့်ကို အကျိုးရှိတယ်၊ အထူးသဖြင့် လုပ်ရကျိုးနပ်တဲ့ အလုပ်တွေလိုမျိုးပေါ့။” ၂၃ နှစ်အရွယ် အန်ဒရေက “အလုပ်ကြိုစားလုပ်မှ ပျော်တာ။ အလုပ်မလုပ်ဘဲ ထိုင်ပဲထိုင်နေရင် ကြာလာတဲ့အခါ ငြီးငွေ့လာလိမ့်မယ်” လို့ပြောတယ်။

တချို့လူတွေက အလုပ်ကြိုးစားတာနဲ့ပတ်သက်ပြီး ဒန်နီယယ်လ်နဲ့ အန်ဒရေလို အမြင်မှန် ဘယ်လိုရလာသလဲ။ သူတို့ဘဝမှာ ကျမ်းစာလမ်းညွှန်ချက်တွေကို ကျင့်သုံးကြလို့ပဲ။ အလုပ်ကို ဇွဲရှိရှိ ကြိုးစားလုပ်ဆောင်ဖို့ ကျမ်းစာမှာ တိုက်တွန်းထားတယ်။ ပြီးတော့ အလုပ်မှာ ကျေနပ်ပျော်ရွှင်မှု ဘယ်လိုရနိုင်မလဲဆိုတာကိုလည်း ဖော်ပြထားတယ်။

အလုပ်မှာ ကျေနပ်ပျော်ရွှင်နိုင်ဖို့ ဘယ်ကျမ်းစာလမ်းညွှန်ချက်တွေက ထောက်ကူပေးမလဲ။ နောက်ဆောင်းပါးမှာ သုံးသပ်ကြည့်ကြစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ