ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၅/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • တရားဆုံးဖြတ်ရာနေ့မှာ ဘာတွေဖြစ်ပျက်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • တရားစီရင်ရာနေ့နှင့် ၎င်းနောက်ပိုင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • တရားစီရင်ရာနေ့ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • တရားစီရင်ရာနေ့—မျှော်လင့်ချက်ချိန်ခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၅/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

တရားစီရင်ရာနေ့ဆိုတာ ဘာလဲ

အနှစ်တစ်ထောင်ကာလအတွင်း သေလွန်သူတွေ အသက်ပြန်ရှင်လာတာကြောင့် မိသားစုဝင်တွေ ပျော်ရွှင်စွာ ပြန်လည်ဆုံစည်းကြ

တရားစီရင်ရာနေ့က ဘာဖြစ်လို့ ပျော်ရွှင်စရာအချိန်ဖြစ်မှာလဲ

ကျမ်းစာခေတ်မှာ ဘုရားသခင်က မိမိကိုဝတ်ပြုတဲ့သူတွေ မတရားမှုကနေ ကာကွယ်မှုရအောင် တရားသူကြီးတွေကို ခန့်အပ်ပေးတယ်။ (တရားသူကြီး ၂:၁၈) အနာဂတ် တရားစီရင်ရာနေ့ဟာ ပျော်ရွှင်စရာအချိန်ဖြစ်မယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီအချိန်မှာ ကမ္ဘာတစ်ခုလုံးကို တရားစီရင်မယ့်အရှင် ယေဟောဝါဘုရားက လူသားတွေကို မတရားမှုကနေ ကာကွယ်ပေးမှာဖြစ်လို့ပါ။—ဆာလံ ၉၆:၁၂၊ ၁၃; ဟေရှာယ ၂၆:၉ တို့ကိုဖတ်ပါ။

အသက်ရှင်သူတွေနဲ့ သေလွန်သူတွေကို တရားစီရင်ဖို့ ယေရှုကို ဘုရားသခင်ခန့်အပ်ထားပါတယ်။ (တမန်တော် ၁၀:၄၂; ၁၇:၃၁) ဘုရားသခင်အကြောင်းမသိဘဲ သေဆုံးသွားရတဲ့သူတွေ အများကြီးရှိပါတယ်။ အနာဂတ်တရားစီရင်ရာနေ့မှာ ယေရှုက သူတို့ကို အသက်ပြန်ရှင်အောင် လုပ်ပေးပါလိမ့်မယ်။ ဒါမှ သူတို့က ဘုရားသခင်ကို သိရှိပြီး ချစ်မြတ်နိုးလာနိုင်မှာဖြစ်တယ်။—တမန်တော် ၂၄:၁၅ ကိုဖတ်ပါ။

အနာဂတ်တရားစီရင်ရာနေ့က ဘာဖြစ်လို့ အနှစ်တစ်ထောင်ကြာမှာလဲ

အနှစ်တစ်ထောင်အတွင်း သေလွန်သူတွေ အသက်ပြန်ရှင်လာကြမယ်။ (ဗျာဒိတ် ၂၀:၄၊ ၁၂) သူတို့က ဘုရားသခင်ရဲ့ ပညတ်တွေကို သင်ယူပြီး ကျင့်သုံးဖို့ အချိန်လိုအပ်ပါတယ်။ အသက်ပြန်ရှင်ပြီးမှ သူတို့ရဲ့လုပ်ရပ်အပေါ်မူတည်ပြီး တရားစီရင်မယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီအချက်က ဒီနေ့လူအများ လက်ခံထားတဲ့ယူဆချက်နဲ့မတူပါဘူး။—ရောမ ၆:၇ ကိုဖတ်ပါ။

အနှစ်တစ်ထောင်တရားစီရင်ရာနေ့ မတိုင်ခင် ရုတ်တရက်ကျရောက်လာမယ့် တရားစီရင်ရာနေ့အကြောင်းကိုလည်း ကျမ်းစာမှာဖော်ပြထားတယ်။ မျက်နှာဖုံးဆောင်းပါးမှာ ဆွေးနွေးထားတဲ့အတိုင်း အဲဒီနေ့ကို ဆုံးခန်းတိုင်မယ့်နေ့လို့လည်း ခေါ်ပါတယ်။ အဲဒီနေ့မှာ ဘုရားသခင်က မိမိကိုစော်ကားတဲ့သူတွေ၊ ဆိုးသွမ်းတဲ့သူတွေကို ဖျက်ဆီးပစ်မှာဖြစ်တယ်။ (၂ ပေတရု ၃:၇) ဒါကြောင့် ဘုရားသခင်ကိုချစ်တဲ့မေတ္တာ မပျောက်သွားအောင် ဆက်ထိန်းထားဖို့လိုတယ်။—၂ ပေတရု ၃:၉၊ ၁၃ ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ စာမျက်နှာ ၂၁၃ ကိုဖတ်ကြည့်ပါ

www.pr2711.com/mya ကနေလည်း ကူးယူနိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ