ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၈ စက်တင်ဘာ စာ. ၂၂
  • အချိန်အကြောင်း သိကောင်းစရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အချိန်အကြောင်း သိကောင်းစရာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘အဲ့ဒါဘယ်အချိန်လဲ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ပြောဆိုနေထိုင်ပုံကိုသတိယူကြစို့
    ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • “စောင့်နေကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
က၁၈ စက်တင်ဘာ စာ. ၂၂

အချိန်အကြောင်း သိကောင်းစရာ

အချိန် သိချင်တဲ့အခါ ဘာလုပ်ကြသလဲ။ နာရီကို ကြည့်လိုက်မှာပဲ။ မိတ်ဆွေတစ်ယောက် အချိန်မေးတဲ့အခါ ဘယ်လို ပြန်ဖြေမလဲ။ ဖြေနိုင်တဲ့နည်း အမျိုးမျိုးရှိတယ်။ ဘယ်နည်းတွေလဲ။

နေ့လယ် ၁၂ နာရီ၊ ၄၅ မိနစ် ဆိုပါစို့။ နေထိုင်ရာ ဒေသဓလေ့ပေါ် မူတည်ပြီး ၁၂:၄၅၊ တစ်နာရီမတ်တင်း၊ တစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်ဆိုပြီး အမျိုးမျိုး ပြောလို့ရတယ်။

ကျမ်းစာခေတ်တုန်းက အချိန်ကို ဘယ်လိုပြောကြသလဲဆိုပြီး တွေးမိနိုင်တယ်။ ပြောတဲ့နည်း တစ်နည်းထက်မက ရှိတယ်။ ဟီဘရူးကျမ်းစောင်တွေမှာ “မနက်၊” “နေ့လယ်၊” “မွန်းတည့်ချိန်၊” “ညဦးပိုင်း” ဆိုပြီး ဖော်ပြတယ်။ (က. ၈:၁၁။ ၁၉:၂၇။ ၄၃:၁၆။ တရား. ၂၈:၂၉။ ၁ ဘု. ၁၈:၂၆) ဒီထက် တိတိကျကျ ဖော်ပြတဲ့အခါတွေလည်း ရှိတယ်။

ကျမ်းစာခေတ်မှာ ကင်းစောင့်တွေ ထားလေ့ရှိတယ်။ အထူးသဖြင့် ညပိုင်းမှာ ဖြစ်တယ်။ ယေရှု မမွေးခင် ရာစုနှစ်တွေတုန်းက အစ္စရေးတွေဟာ ညကို သုံးပိုင်း ခွဲထားတယ်။ (ဆာ. ၆၃:၆) တရားသူကြီး ၇:၁၉ မှာ “သန်းခေါင်ယံ” အကြောင်း ပြောထားတယ်။ ယေရှုခေတ်ရောက်တော့ ဂျူးတွေဟာ ဂရိနဲ့ ရောမတို့ရဲ့ အချိန်တွက်နည်းကို ယူပြီး ညကို လေးပိုင်းခွဲကြတယ်။

ခရစ်ဝင်ကျမ်းရေးသူတွေဟာ ညယံတွေအကြောင်း အကြိမ်များစွာ ဖော်ပြတယ်။ ဥပမာ၊ ယေရှု ရေပေါ် လမ်းလျှောက်ပြီး တပည့်တွေဆီ လာတဲ့အချိန်ဟာ “မိုးသောက်ယံ” အချိန် ဖြစ်တယ်။—မ. ၁၄:၂၅။

ယေရှုက တပည့်တွေကို ညယံလေးခုအကြောင်း ပြောတယ်– “အိမ်ရှင် ဘယ်အချိန်မှာ ပြန်လာမလဲ၊ ညဦးပိုင်းလား၊ သန်းခေါင်ယံလား၊ အရုဏ်တက်ခါနီးအချိန်လား၊ မိုးလင်းချိန်လားဆိုတာ ခင်ဗျားတို့ မသိတဲ့အတွက် သတိနဲ့စောင့်နေကြပါ။” (မာ. ၁၃:၃၅) ပထမညယံဖြစ်တဲ့ “ညဦးပိုင်း” ဟာ နေဝင်ချိန်ကနေ ညကိုးနာရီအထိ ဖြစ်တယ်။ ဒုတိယညယံဖြစ်တဲ့ “သန်းခေါင်ယံ” ဟာ ညကိုးနာရီကနေ သန်းခေါင်အချိန်ထိ ဖြစ်တယ်။ တတိယညယံဖြစ်တဲ့ “အရုဏ်တက်ခါနီးအချိန်” ဒါမှမဟုတ် ကြက်တွန်ချိန်ဟာ ညသန်းခေါင်ကနေ မနက်သုံးနာရီအထိ ဖြစ်တယ်။ ဒီတတိယညယံ ကြက်တွန်ချိန်မှာပဲ ယေရှု အဖမ်းခံခဲ့ရတာ ဖြစ်နိုင်တယ်။ (မာ. ၁၄:၇၂) စတုတ္ထညယံဖြစ်တဲ့ “မိုးလင်းချိန်” ဟာ မနက်သုံးနာရီကနေ နေထွက်ချိန်အထိဖြစ်တယ်။

ကျမ်းစာခေတ်တုန်းက အခုခေတ်လိုမျိုး အချိန်အတိအကျ သတ်မှတ်ချက်တွေ မရှိသေးပေမဲ့ ကိုယ်ပိုင် အချိန်စနစ်တွေတော့ ရှိတယ်။

ကျမ်းစာခေတ်တုန်းက ဂျူးတွေရဲ့ ညယံလေးခု
    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ