ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၉ အမှတ် ၁ စာ. ၁၅
  • ဘုရားသခင်ကို သိကျွမ်းခြင်းက သင့်အတွက် ဘာအဓိပ္ပာယ် ရှိသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်ကို သိကျွမ်းခြင်းက သင့်အတွက် ဘာအဓိပ္ပာယ် ရှိသလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါနဲ့ အမြဲရင်းနှီးအောင် ကြိုးစားပါ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဘုရားနဲ့ ဘယ်လို ရင်းနှီးနိုင်မလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဘုရားသခင်သည် သင်ရရှိနိုင်သမျှမိတ်ဆွေတွင် အကောင်းဆုံးဖြစ်
    သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
  • ဒီထက်ကောင်းတဲ့ အသက်တာမျိုး ရှိတော့မှာမဟုတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
ကလ၁၉ အမှတ် ၁ စာ. ၁၅
လူတွေ ပရဒိသုမှာ ပျော်မွေ့နေကြစဉ်

ဘုရားသခင်ကို သိကျွမ်းခြင်းက သင့်အတွက် ဘာအဓိပ္ပာယ် ရှိသလဲ

ဘုရားသခင် ဘယ်သူလဲ ဆိုတဲ့မေးခွန်း အဖြေကို ရှာတွေ့ဖို့ အဆင့်ဆင့် ဆွေးနွေးခဲ့ကြပြီ။ ဘုရားသခင်ဟာ ယေဟောဝါ ဖြစ်ကြောင်း၊ ချစ်ခြင်းမေတ္တာဟာ ဘုရားရဲ့ အဓိကအရည်အသွေး ဖြစ်ကြောင်းကို ကျမ်းစာကနေ သိလာရပြီ။ လူသားတွေအကျိုးအတွက် ဘုရား လုပ်ဆောင်ခဲ့ပြီးတာတွေ၊ လုပ်ဆောင်ပေးဦးမယ့်အရာတွေအကြောင်းလည်း သုံးသပ်ခဲ့ကြတယ်။ ဘုရားသခင်အကြောင်း သိစရာတွေ အများကြီး ရှိနေသေးပေမဲ့ ဘုရားသခင်ကို သိကျွမ်းလို့ကော ကိုယ့်အတွက် ဘာအဓိပ္ပာယ် ရှိမလဲလို့ စဉ်းစားမိမယ်။

“ဘုရားကို ရှာဖွေမယ်ဆိုရင် အတွေ့ခံမယ်” လို့ ယေဟောဝါ ကတိပေးထားတယ်။ (၁ ရာဇဝင်ချုပ် ၂၈:၉) ဘုရားသခင်ကို ရှာဖွေကာ သိကျွမ်းလာတာနဲ့အမျှ “ဘုရားနဲ့ ခင်မင်ရင်းနှီးခွင့်” ဆိုတဲ့ အဖိုးတန်ဆုကျေးဇူး ခံစားရမယ်။ (ဆာလံ ၂၅:၁၄) အဲသလို ခင်မင်ရင်းနှီးရလို့ ဘာအကျိုးခံစားရမလဲ။

စစ်မှန်တဲ့ပျော်ရွှင်မှု။ ယေဟောဝါကို “ပျော်ရွှင်တဲ့ဘုရားသခင်” လို့ ဆိုထားတယ်။ (၁ တိမောသေ ၁:၁၁) ဘုရားနဲ့ ရင်းနှီးမယ်၊ နည်းလမ်းတော်တွေကို တုပမယ်ဆိုရင် စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစားရမယ်။ စိတ်ပိုင်း၊ ကာယပိုင်း အကျိုးခံစားရမယ်။ (ဆာလံ ၃၃:၁၂) ထိခိုက်စေတဲ့ဘဝပုံစံတွေ ရှောင်စေမယ်၊ ကျန်းမာစေတဲ့အကျင့်တွေ ပျိုးထောင်စေမယ်၊ တခြားသူတွေနဲ့ ဆက်ဆံရေး ကောင်းမယ်။ ဒီနည်းနဲ့ ပျော်ရွှင်တဲ့အသက်တာ ရရှိလာနိုင်တယ်။ “ကျွန်တော့်အတွက်တော့ ဘုရားသခင့် အနီးအပါးမှာ နေရတာ အကျိုးရှိပါတယ်” ဆိုတဲ့ ဆာလံဆရာရဲ့ စကားကို သဘောတူပါလိမ့်မယ်။—ဆာလံ ၇၃:၂၈။

ဂရုစိုက်မှုနဲ့ အာရုံစိုက်မှု။ ယေဟောဝါက မိမိကျေးကျွန်တွေကို “မပြတ်ကြည့်ရှုပြီး အကြံဉာဏ်ပေးမယ်” လို့ ကတိပေးထားတယ်။ (ဆာလံ ၃၂:၈) တစ်ယောက်ချင်းစီကို ဂရုစိုက်ပြီး လိုအပ်သလို ကြည့်ရှုစောင့်ရှောက်မယ်ဆိုတဲ့ သဘောပဲ။ (ဆာလံ ၁၃၉:၁၊ ၂) ယေဟောဝါနဲ့ ဆက်ဆံရေး ကောင်းမွန်လာတာနဲ့အမျှ သင့်အတွက် အမြဲ အဆင်သင့်ရှိနေကြောင်း သိလာပါလိမ့်မယ်။

ထူးမြတ်တဲ့အနာဂတ်။ အခုချိန်မှာ ယေဟောဝါဘုရားက ကျေနပ်ပျော်ရွှင်တဲ့ အသက်တာ ပေးထားရုံမက ထူးမြတ်တဲ့အနာဂတ်အတွက်လည်း လမ်းဖွင့်ပေးထားတယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) “ထာဝရအသက် ရနိုင်ဖို့ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင် အဖကိုရော အဖ စေလွှတ်လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်းကြရမယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယောဟန် ၁၇:၃) ကသောင်းကနင်းနိုင်တဲ့ ဒီကာလမှာ ဘုရားပေး မျှော်လင့်ချက်က ကျောက်ဆူးလိုပဲ ကျွန်တော်တို့ကို “ခိုင်ခံ့မြဲမြံ” စေတယ်။—ဟီဘရူး ၆:၁၉။

ဒါတွေဟာ ဘုရားသခင်ကို သိကျွမ်းဖို့၊ ဘုရားနဲ့ ခင်မင်ရင်းနှီးဖို့ လိုအပ်တဲ့ အရေးကြီးအကြောင်းရင်းများစွာထဲက တချို့ပဲ ရှိသေးတယ်။ ထပ်သိချင်ရင် ယေဟောဝါသက်သေတစ်ယောက်ယောက်နဲ့ ဆွေးနွေးကြည့်ပါ၊ ဒါမှမဟုတ် jw.org/my မှာ ဝင်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ