မေးခွန်းသေတ္တာ
● အသင်းတော်စာအုပ်ကြီးသင်တန်း တက်သည့်အခါ ခရစ်ယာန်အကျင့်ကောင်းများကို မည်သို့တင်ပြနိုင်မည်နည်း။
အများအားဖြင့် ကျွန်ုပ်တို့ကို အိမ်နီးနားချင်းတို့ ဂရုစိုက်လေ့ရှိပြီး ကျွန်ုပ်တို့ပြုမူပုံကို ပြောဆိုကြရုံမက ယင်းကိုထောက်၍ တုံ့ပြန်ကြပေမည်။ (၁ ကော၊ ၄:၉ နှင့်နှိုင်းယှဉ်ပါ။) ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့အပြုအမူအကျင့်အကြံများကို အကောင်းဆိုပြီး ကောင်းရာကောင်းကျိုးဖြစ်လိုကြသည်။ (၁ ပေ၊ ၂:၁၂) ယင်းက အသင်းတော်စာအုပ်ကြီးသင်တန်း၌ ကျွန်ုပ်တို့အပြုအမူများအပေါ် များစွာသက်ဆိုင်သည်။ ယင်းကို အများအားဖြင့် လူနေအိမ်တို့တွင် ကျင်းပလေ့ရှိရာ ကျွန်ုပ်တို့ပြုမူလေသမျှသည် ကောင်းရာကောင်းကျိုးဖြစ်စေရန် အထူးဂရုစိုက်သင့်သည်။
တွေ့ဆုံစည်းဝေးကြသည့်အခါတိုင်း ကျွန်ုပ်တို့ပျော်ရွှင်ကြရာ စည်းဝေးမတိုင်မီနှင့် အပြီးတွင် အားတက်သရောစကားပြောဆိုလေ့ရှိကြသည်။ (မိ၊ ၂:၁၂) သိမ်မွေ့သူများ၊ စာနာတတ်သူများပီသစွာ ကျွန်ုပ်တို့စကားပြောဆိုသံသည် ဣန္ဒြေရှိရှိဖြစ်သင့်သည်။ (မ၊ ၇:၁၂။ ဂလ၊ ၆:၁၀) ခရစ်ယာန်မေတ္တာရှိ၍လည်း ကျွန်ုပ်တို့သားသမီးများကို ပြင်ဘက်တွင် ပြေးလွှားကစားခြင်းမှ တားဆီးမည်။ သူတစ်ပါးပိုင်ဆိုင်ရာကို ထိခိုက်ပျက်စီးမှုမရှိစေရန် ကြီးကြပ်ပေးမည်။ (သု၊ ၂၉:၁၅။ ၁ ကော၊ ၁၃:၄၊ ၅) ဤတွင် စာအုပ်ကြီးသင်တန်းကျင်းပသော အိမ်တွင်း၌ ရိုရိုသေသေကျင့်ကြံနေထိုင်ခြင်းလည်း ပါဝင်မည်။ မတော်လျော်သော အကျင့်အကြံကို ဂရုပြုမိလျှင် အိမ်နီးချင်းများ အပြစ်ဆိုစရာ၊ သင်အံမှုအတွက် မိမိအိမ်ကို အသုံးပြုရန် ကမ်းလှမ်းသည့် အိမ်ရှင်အတွက် အခက်အခဲများ၊ သို့မဟုတ် စာအုပ်ကြီးသင်တန်းတစ်ခုကို တက်သူများအတွက် အဆင်မပြေမှုများဖြစ်စေမည့် ပြဿနာများမတက်မီ အကြီးအကဲများသည် မေတ္တာရှိရှိအခိုင်အမာဆုံးမပေးရန် မဖင့်နွှဲသင့်ပေ။