ကြေညာချက်များ
• မှန်မှန်ရှေ့ဆောင်အားလုံး၏ လုပ်ငန်းကို အတွင်းရေးမှူးနှင့် လုပ်ငန်းတော်ကြီးကြပ်မှူး စစ်ဆေးသင့်သည်။ နာရီပြည့်မှီရန် တစ်ဦးတယောက် အခက်အခဲကြုံနေပါက အကူအညီပေးရန် အကြီးအကဲများ စီစဉ်ပေးသင့်သည်။
• သတိရအောက်မေ့ရာပွဲတော်ကို ၁၉၉၀ ဧပြီလ ၁၀ ရက်၊ အင်္ဂါနေ့တွင် ကျင်းပပါမည်။ ဟောပြောချက်ကို စောစောစနိုင်သော်လည်း သတိရအောက်မေ့ရာ မုန့်နှင့်စပျစ်ရည်ကိုမူကား နေဝင်ပြီးအချိန်မှ စရမည်အကြောင်းကို ကျေးဇူးပြု၍ သတိရပါ။ သင့်ဒေသတွင် အဘယ်အချိန်၌ နေဝင်မည်ကို သိရှိသူများနှင့် စစ်ဆေးပါ။ ထိုနေ့ရက်တွင် အခြားအဘယ်အစည်းအဝေးမျှ ကျင်းပမည်မဟုတ်။ သင့်အသင်းတော်က အင်္ဂါနေ့တွင် ခါတိုင်းအစည်းအဝေးရှိပါက ယင်းအပတ်အတွင်း အခြားနေ့ရက်သို့ ထိုအစည်းအဝေးကို ရွှေ့ပြောင်းလိုပေမည်။
• သတိရအောက်မေ့ပွဲအတွက် ကျမ်းစာဖတ်ခြင်း အစီအစဉ်
• ကြာသပတေးနေ့၊ ဧပြီ ၅၊ နိသန် ၉။ ယောဟန် ၁၂:၁၂-၁၉။ မာကု ၁၁:၁-၁၁။
• သောကြာနေ့၊ ဧပြီ ၆၊ နိသန် ၁၀။ ယောဟန် ၁၂:၂၀-၅၀။
• စနေနေ့၊ ဧပြီ ၇၊ နိသန် ၁၁။ လုကာ ၂၁:၁-၃၆။
• တနင်္ဂနွေနေ့၊ ဧပြီ ၈၊ နိသန် ၁၂။ မာကု ၁၄:၁-၁၁။
• တနင်္လလာနေ့၊ ဧပြီ ၉၊ နိသန် ၁၃။ မဿဲ ၂၆:၁၇-၁၉။ မာကု ၁၄:၁၂-၁၆။ လုကာ ၂၂:၇-၁၃။
• အင်္ဂါနေ့၊ ဧပြီ ၁၀၊ နိသန် ၁၄။ ယောဟန် ၁၉:၁-၄၂။
• အထူးဟောပြောပွဲကို ၁၉၉၀၊ မတ်လ ၂၅ ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပမည်။ ခေါင်းစဉ်မှာ “မှန်သောအသက်ကို စွဲကိုင်လော့” ဖြစ်သည်။