သီအိုကရက်တစ်သတင်
◆ အောက်တိုဘာလတွင် လွန်ခဲ့သောနှစ်၏ထပ်တူလထက် ၅.၃ ရာခိုင်နှုန်းဖြစ်သည့် အများဆုံးကြေညာသူအရေအတွက် ၅၁၁၅၂ ယောက်မှတ်တမ်းသွင်းခဲ့ရာ ဩစ္စတြေးလျားကအလွန်ဝမ်းမြောက်ပါသည်။ နှစ်စဉ်ကြေးပေါင်း ၅၄၂၂ ခုရရှိခဲ့ရာ လွန်ခဲ့သောနှစ် အောက်တိုဘာလထက် ၂၉၈၁ ခုပိုများပါသည်။
◆ အောက်တိုဘာလအတွက် ဟောင်ကောင်က ကြေညာသူ ၂၀၃၂ ယောက်တင်ပြခဲ့သည်။ နှစ်စဉ်ကြေး ဖိဝေငှသည့်လများတွင် ယင်းလအတွင်းရရှိခဲ့သော နှစ်စဉ်ကြေး ၄၅၁၁ ခုသည် အကောင်းဆုံးဖြစ်သည်။ တစ်လအတွင်း ယခင်ကရခဲ့ဖူးသော နှစ်စဉ်ကြေးများထက် နှစ်ဆပိုများပါသည်။
◆ အောက်တိုဘာလတွင် နိုင်ဂျီရီယာ၏မှတ်တမ်းက ကြေညာသူ ၁၃၉၁၅၀ ယောက်တင်ပြသည်။ ယင်းက လုပ်ငန်းတော်နှစ်သစ်အတွက် ဒုတိယအများဆုံး နှုန်းသစ်ဖြစ်သည်။ နှုန်းသစ်များဖြစ်သည့် မှန်မှန်ရှေ့ဆောင် ၉၂၄၄ ယောက်နှင့် အိမ်တွင်းကျမ်းစာသင်အံမှု ၁၈၃၇၀၁ ခုကိုလည်း စာရင်းသွင်းခဲ့သည်။
◆ စော်လမန်ကျွန်းများတွင် ကျင်းပခဲ့သော ခရိုင်စည်းဝေးများကို တက်ရောက်သူ ၂၃၃၉ ယောက်ရှိ၍ ၃၇ ဦးနှစ်ခြင်းယူခဲ့သည်။ အများဆုံးကြေညာသူနှုန်းသစ်မှာ ၇၇၇ ယောက်ဖြစ်သည်။
◆ အောက်တိုဘာလတွင် ထိုင်ဝမ်၏မှတ်တမ်းက လုပ်ငန်းတော်၌ ၁၅၉၄ ယောက်ပါဝင်ခဲ့ကြောင်း တင်ပြသည်။ ယင်းအရေအတွက်တွင် မှန်မှန်နှင့် အရံရှေ့ဆောင် နှုန်းသစ်များပါဝင်သည်။ နာရီ၊ ပြန်လည်ပတ်မှု၊ နှစ်စဉ်ကြေး၊ မဂ္ဂဇင်းများတွင်လည်း နှုန်းသစ်များရရှိခဲ့သည်။ အသင်းတော်ကြေညာသူများသည် နှုန်းသစ်ဖြစ်သည့် ၁၂.၂ နာရီ ပျမ်းမျှသွင်းခဲ့သည်။