ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၉၀ စာ. ၃-၄
  • ပညာရှိလော့—သင်အံလေသမျှကို ကျင့်သုံးလေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပညာရှိလော့—သင်အံလေသမျှကို ကျင့်သုံးလေ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်တဲ့ ဉာဏ်ပညာ ဟစ်အော်နေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ‘နွမ်းလျခြင်း မရှိပါနဲ့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • သင် စစ်မှန်တဲ့ ပျော်ရွှင်မှု ရရှိနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ယေဟောဝါကိုဝတ်ပြုရာ၌ စစ်မှန်သောပျော်ရွှင်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နဓ ၅/၉၀ စာ. ၃-၄

ပညာရှိလော့​—သင်အံလေသမျှကို ကျင့်သုံးလေ

၁ ပျော်ရွှင်သာယာသော ဘဝအသက်တာရရှိရန် လူအများ ပန်းတိုင်ထားကြသည်။ ပျော်ရွှင်သာယာရေးနှင့်ဆိုင်သည့် အောင်မြင်သောအိမ်ထောင်ရေး၊ သားသမီးမွေးမြူရေး၊ စီးပွားရေးအောင်မြင်ရန်၊ ကျန်းမာရေးညီညွတ်စေရန် အစရှိသည့် အကြောင်းအမျိုးမျိုးနှင့်ပတ်သက်သည့် အကြံပေးချက်များပါ စာအုပ်စာတမ်းများစွာ ထုတ်ဝေထားသည်။ လောကီစာပေများတွင် လက်တွေ့ကျ အကြံဉာဏ်ကောင်းများ ပါရှိဦးတော့ လောကီသားအများစုသည် ပျော်ရွှင်သာယာသည်ကို မတွေ့ရှိရ။ အဘယ်ကြောင့်နည်း။

၂ သုတ္တံ ၁:၇ က ဤသို့ဖြေဆိုပါသည်။ “ယေဟောဝါကို ကြောက်ရွံ့သောသဘောသည် ပညာ၏ အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။” အသိဉာဏ်ပညာ၏ဇာစ်မြစ် ယေဟောဝါဘုရားသခင်ကို အသိအမှတ်မပြု၊ မလေးစားလျှင် သာယာပျော်ရွှင်မှု ရရှိရန် မမျှော်လင့်နိုင်ပါ။

၃ ဤလောကသည် ဝိညာဉ်ရေးဘက် ငတ်ပြတ်နေသည်။ အမှန်ဆိုလျှင် ဤဝမ်းနည်းစရာအခြေအနေသည် ကိုယ်တိုင်ဖန်တီးမှုကြောင့်ဖြစ်သည်။ အကြောင်းမူကား ကမ္ဘာတစ်ဝှန်း၊ လူသားအပေါင်းအတွက် ဝိညာဉ်အစာအလျှံပယ်ရှိရုံမက အခမဲ့လည်းဖြစ်ပေသည်။ (သု၊ ၁:၂၀၊ ၂၁။ ဗျာ၊ ၂၂:၁၇) လောကီသားတို့သည် ယေဟောဝါထံတော်မှ ဉာဏ်ပညာကို ငြင်းပယ်ကြသောကြောင့် ဝိညာဏမှောင်ထုတွင် သူတို့ဆက်ခလုတ်တိုက် လဲနေကြသည်။ (သု၊ ၁:၂၂-၃၂) တစ်ဘက်က ကြည့်ပြန်လျှင် ကိုယ်တော်၏ ပညတ်တော်များကို လေးစားပြီး အမိန့်တော်များကို လိုက်လျှောက်သော ယေဟောဝါ၏လူမျိုးအနေနှင့် ကျွန်ုပ်တို့သည် ဝိညာဉ်အစာဝဝစားရ၍ ပျော်ရွှင်နေကြပါသည်။ (ဟေရှာ၊ ၆၅:၁၃၊ ၁၄) ထို့ပြင် ဘုရားသခင်၏အဖွဲ့အစည်းတွင်ရှိသော ချစ်ခြင်းမေတ္တာက ကျွန်ုပ်တို့အား ခရစ်တော်၏တပည့်စစ်များအဖြစ် ထင်ရှားစေသည်။ (ယော၊ ၁၃:၃၅) ကျမ်းစာဥပဒေသများကို လိုက်နာခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်ကြောင်း ယေဟောဝါသက်သေများ၏ ကမ္ဘာတစ်ဝှန်းရှိ ညီအစ်ကိုများအသင်းအပင်းက သက်သေထူပါသည်။

၄ သို့နှင့်ပင် ယေဟောဝါအဖွဲ့အစည်းနှင့် ပေါင်းသင်းနေသူအချို့ သူတို့ခံစားနိုင်သည့် ပျော်ရွှင်မှု မခံစားရဘဲဖြစ်နေပေမည်။ သူတို့အပြောအဆို အပြုအမူအားဖြင့် ညီအစ်ကိုများ၏ ပျော်ရွှင်မှုကို လျော့နည်းစေနေမည်။ မည်သို့ဖြစ်နိုင်မည်နည်း။ သူတို့ဘဝအသက်တာတွင် ဘုရားသခင်၏ ဉာဏ်ပညာတော်ကို မကျင့်သုံးကြသောကြောင့် ဖြစ်သည်။ အသင်းတော်စည်းဝေးများ၊ တိုက်နယ်စည်းဝေးများ၊ ခရိုင်စည်းဝေးပွဲများ သူတို့တက်ရောက်ကြပေမည်။ အသင်းမစာပေများအားလုံးကို ဖတ်ရှုလေ့လာနေကြပေမည်။ သို့သော် သူတို့၏ဘဝပုံစံနှင့် ခရစ်ယာန်ချင်းတို့ပါအပါအဝင် အခြားသူများနှင့် ဆက်ဆံပုံက သူတို့သင်အံထားသည့် သမ္မာတရားကို ကျင့်သုံးနေပုံမတင်ပြပါ။ ဘာလုပ်သင့်သနည်း။ ဤကဲ့သို့သောသူများသည် “ဝိညာဉ်ပကတိ၌မျိုးစေ့ကြဲ” နေရန် အာရုံပြုဖို့လိုအပ်နေသည်။ သို့မှသာ မိမိတို့ဘဝအသက်တာတွင် စစ်မှန်သောပျော်ရွှင်မှုရှိမည်သာမက မိမိတို့ဝန်းကျင်ရှိသူများအားလည်း ပျော်ရွှင်မှုပေးနိုင်ပါလိမ့်မည်။​—ဂလ၊ ၆:၇၊ ၈။

ဘာကိုကျင့်သုံးရ

၅ ကျွန်ုပ်တို့တစ်ဦးစီ လျော့ပေါ့မည်၊ သတိမထားဘဲနေမည်၊ စာတန်၊ ဤလောက နှင့် မိမိ၏ မစုံလင်သော အသွေးအသားကို အလျှော့ပေးမည်ဆိုလျှင် ယေဟောဝါနှင့်ရင်းနှီးမှုဆိုင်ရာ ပျော်ရွှင်မှု ပျောက်လွင့်သွားပါလိမ့်မည်။ အသင်းတော် စည်းဝေးများ၊ စည်းဝေးပွဲကြီးများ နှင့် အဖွဲ့အစည်းမှလာသည့် ပြင်ဆင်မှုများမှ သင်ယူထားသမျှကို ကျင့်သုံးရန် ယခင်ကထက် ယခုပိုလိုအပ်နေပါသည်။ ဤလောကသည် အသွင်အမြဲပြောင်းလဲနေသည့် အန္တရာယ်ထူပြောသောနေရာ ဖြစ်ပါသည်။ “သစ္စာသတိပညာရှိကျွန်” မှတစ်ဆင့် မေတ္တာပါပါ ယေဟောဝါပေးသော ဆုံးမသြဝါဒကို အခန့်သင့်အစာအဖြစ် အသိအမှတ်ပြုကာ ကျင့်သုံးနေရန် နိုးကြားနေသင့်သည်။​—မ၊ ၂၄:၄၅-၄၇။

၆ ကျွန်ုပ်တို့၏ အထူးစည်းဝေးနေ့အတွက် နောက်ဆုံးအစီအစဉ်တွင် သိုးအုပ်တစ်အုပ်အနေနှင့် မည်သို့မြဲမြံစွာရပ်တည်နိုင်ကြောင်း များစွာညွှန်ကြားထားသည်။ စိတ်ဓာတ်ကျစရာ အခြေအနေများ၊ ကိုယ်ထင်ရာစိုင်း လောကီသဘော၊ အချိန်ဖြုန်းတီးစေသည့် ဆွဲဆောင်မှုများ အစရှိသည့် အားနည်းစေသော ဩဇာများကို မည်သို့တိုက်ခံနိုင်မည်အကြောင်း လက်တွေ့ကျ အကြံဉာဏ်များ ပေးခဲ့သည်။ ယေဟောဝါကိုလုံးလုံးအားကိုးရန်၊ သီအိုကရက်တစ်သြဇာကို အသိအမှတ်ပြုပြီး နာခံရန်၊ နှိမ့်ချမှုနှင့် ကျိုးနွံစိတ်ရှိရန်၊ သီအိုကရက်တစ်လုပ်ရပ်များအတွက် အခွင့်အခါကောင်းများ ရှာယူနေရန် အကြံဉာဏ်ကောင်းကို လက်တွေ့ကျင့်သုံးနေပါသလော။ (မိ၊ ၆:၈။ ဧ၊ ၅:၁၅၊ ၁၆။ ဟေ၊ ၆:၁၀။ ၁၃:၁၇) ခရစ်ယာန်ဘဝပုံစံအတိုင်း အသက်ရှင်ရန် မိသားစုရှိသူများ အချင်းချင်းကို ကူညီပေးနေပါသလော။ ကျွန်ုပ်တို့ အပန်းဖြေမှုရွေးချယ်ခြင်း၊ အကျင့်အကြံနှင့် နေ့စဉ်သွားလာလုပ်ကိုင်မှုများသည် ကျမ်းစာမှရရှိသော ဩဝါဒအတိုင်းဖြစ်သင့်သည်။ သင်အံထားသမျှကို ဝီရိယစိုက်ထုတ် မကျင့်သုံးလျှင် ဝိညာဉ်ရေးဘက်တိုးတက်မှု နည်းရုံမက မရှိသလောက်ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့၏ စိတ်ငြိမ်သက်မှုနှင့် ပျော်ရွှင်မှုလည်း အလွန်နည်းမည်။​—ဖိ၊ ၄:၇-၉။ ယာ၊ ၁:၂၂-၂၅။

၇ ကိုယ်ပိုင်နှင့် မိသားစုလေ့လာမှုကို ကြိုးစားအားထုတ်ပြုလုပ်ရန်လည်း လိုအပ်ပါသည်။ အင်္ဂလိပ်စာတတ်သူများအနေနှင့် Watch Tower Publications Index အားဖြင့် ကျမ်းစာကျင့်စဉ်များ ကျင့်သုံးခြင်းအကြောင်း အသေးစိတ်အချက်အလက်များကို သိရှိနိုင်မည်။ မျက်မှောက်ခေတ် ရှုပ်ထွေးနေသော စာတန့်လောကတွင် မိမိကိုယ်ကိုထိန်းတတ်ရန် သားသမီးများကို မိဘများကူညီပေးရာတွင် Young People Ask စာအုပ်သည် အလွန်ကောင်းသော အထောက်အကူဖြစ်သည်။ ဤကဲ့သို့သော အကြောင်းများကို ကိုးကားခြင်းအားဖြင့် ကိစ္စအသီးသီးကို ယေဟောဝါမည်သို့ယူမှတ်ကြောင်း သိရှိလာပြီး ဖြောင့်မတ်သော ကျင့်စဉ်များအားဖြင့် လမ်းပြမှုရရှိပေမည်။ ဤသို့မပြုပါက ရောဂါကိုသက်သာစေမည်ဟု သိထားလျက်နှင့် ရှိထားသော ဆေးကိုအသုံးမပြုခြင်းနှင့်တူမည်။ ကိုယ်ပိုင်နှင့် မိသားစုလေ့လာမှုကို မှန်မှန်ပြုလုပ်ခြင်းအားဖြင့် ယုံကြည်ခြင်းတိုးပွားပြီး ခံနိုင်ရည်ရှိရန် ခွန်အားပေးပေမည်။ ထိုအခါ စုံစမ်းခံရချိန်တွင် ကျွန်ုပ်တို့လဲသွားရန် ယုံကြည်ခြင်း ညှိုးနွမ်းလိမ့်မည်မဟုတ်။​—မ၊ ၁၃:၆။ လု၊ ၈:၁၃။ ဟေ၊ ၂:၁။

၈ မိမိတို့အိမ်ထောင်ကို ဦးစီးရာတွင် အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် ပုံသက်သေကောင်း တင်ပြရမည်။ ဤတွင် သူတို့သားမယားတို့ ဝိညာဉ်ရေးဘက်သန်မာရန် ဘုရားသခင့်နှုတ်ကပတ်တော် နှင့် အဖွဲ့အစည်းမှ သင်ယူသမျှကို ကျင့်သုံးရန် ကူညီပေးခြင်း ပါဝင်သည်။ ဤနည်းဖြင့် ခရစ်ယာန်လမ်းစဉ်အတိုင်း နေထိုင်ပုံတွင် မိသားစုလိုက် ပုံသက်သေကောင်းဖြစ်ပြီး အသင်းတော် အတွင်းအပြင်ရှိသူအပေါင်းအတွက် အားပေးမှုဖြစ်ပေမည်။​—ဧ၊ ၆:၄။ ၁ တိ၊ ၃:၄၊ ၁၂၊ ၁၃။

မည်သူကို ကူညီရန်

၉ နှစ်စဉ် သတိရအောက်မေ့ပွဲတက်သူများတွင် သင်အံသမျှကို ကျင့်သုံး၍ အဖွဲ့အစည်းနှင့် ပေါင်းသင်းရန် အားပေးမှုလိုသူများစွာပါဝင်သည်။ ဘဝအသက်တာတွင် ကျမ်းစာကျင့်စဉ်များကို မည်သို့ကျင့်သုံးပြီး ဘုရားသခင်၏ဖြောင့်မတ်သော အမိန့်တော်များကို မည်သို့လိုက်လျှောက်ရန် သွန်သင်ပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ ကျမ်းစာသင်သားများကို စာနာမှုပြနိုင်ပါသည်။ ယုံကြည်ခြင်း၌ ညီအစ်ကို၊ ညီအစ်မများဖြစ်လာရန် တိုးတက်နေကြသူများအတွက် စိုးရိမ်စိတ်တင်ပြသင့်သည်။

၁၀ မမှန်တော့သူ၊ မလှုပ်ရှားတော့သူ မည်သူမဆို အဖွဲ့အစည်းနှင့် တွဲ၍ မှန်မှန်လှုပ်ရှားဖို့လိုကြောင်း ကူညီပေးသင့်သည်။ ယေဟောဝါအမှုတော်ကို အပြည့်အဝထမ်းဆောင်ခဲ့စဉ်က သူတို့ခံစားခဲ့ရသော သာယာမှုကို သူတို့ပြန်ရရှိရန် လိုအပ်သည်။ (ယော၊ ၁၃:၁၇) သမ္မာတရားကို တန်ဘိုးထားစိတ်ပြန်ရှိလာပြီး “ဘုရားသခင်ထံ ချီးမွမ်းခြင်းယဇ်ပူဇော်” ရန် ကြင်နာစွာဖြင့် သူတို့ကိုကူညီပေးခြင်းအားဖြင့် သင်အံလေသမျှကို သူတို့ကျင့်သုံးကာ အသက်လမ်းပေါ် ဆက်သွားလာနေနိုင်ပေမည်။​—ဟေ၊ ၁၃:၁၅။

၁၁ ဘုရားသခင့်လူများအားလုံး ယေဟောဝါ၏ လျင်မြန်စွာချီတက်နေသော အဖွဲ့အစည်းနှင့် ရင်ပေါင်တန်းနေရန် လိုအပ်ပါသည်။ အေးတိအေးစက်ဖြစ်ခြင်းသို့ ကိုယ်ကိုယ်ကို သွေးဆောင်ခံခွင့် မပေးနိုင်ပါ။ ဝိညာဉ်ရေးစိတ်ထား အမြဲရှင်သန်နေစေရမည်။ ဘုရားသခင်၏ အဖွဲ့အစည်းမှလာသော နောက်ဆုံးသိသင့်သိအပ်ရာများကို သိထား၍ လိုအပ်သလို ကျင့်သုံးရမည်။ ယင်းသို့ပြုရန် ဝီရိယစိုက်ထုတ်မှုလိုအပ်သည်။ တစ်ခါတစ်ရံ ကိုယ်ကျိုးစွန့်ဖို့ပင် လိုအပ်မည်။ သို့သော် ကျွန်ုပ်တို့မတတ်နိုင်သည့်အရာကို ကျွန်ုပ်တို့ထံမှ ယေဟောဝါမတောင်းဆိုပါ။ ကိုယ်တော် ကျွန်ုပ်တို့ကိုဖန်ဆင်းထားရာ ကျွန်ုပ်တို့အတွက် အကောင်းဆုံးအရာကို သိတော်မူသည်။ ထိုကြောင့် ယေဟောဝါသွန်သင်မှုကို ဆက်ခံယူ၍ သင်ယူသမျှကို ကျင့်သုံးခြင်းအားဖြင့် ပညာရှိကြောင်း တင်ပြကြစို့။ ဤသို့ပြုပါက ကိုယ်တော်၏ဘုန်းတော်ထင်ရှားပြီး ကျွန်ုပ်တို့အတွက် ထာဝရအကျိုးကျေးဇူးဖြစ်စေပါမည်။​—ဟေရှာ၊ ၄၈:၁၇။ ၅၄:၁၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ